Posts

Low birth weight baby care လမစေ့ကလေးပြုစုနည်း

Image
၁။ ဆရာ တူလေးက ၃၄ ပတ်နဲ့ ၆ ရက်နဲ့မွေးတာပါ။ အခုအထူးကြတ်မတ်ဆောင်မှာ မအေနဲ့ခွဲထားပါတယ်။ မွေးပြီး နောက်ရက်မှာ မအေနဲ့ ၃ နာရီလောက်ပေးတွေ့ပေမယ့် နောက်နှစ်ရက်ဆက်တိုက် မအေနဲ့ပေးမတွေ့ပေးပါဘူး။ GTPD နဲ့ တခြားသွေးဆီးစစ်တာတော့ကောင်းတယ်ပြောတယ်ဆရာ စိုးရမ်ရလားဆရာ။ လမစေ့မွေးတဲ့ကလေးတွေရဲ့ TREATMENT တွေနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေသိပါရစေဆရာ။ ကလေးအခြေအနေကို မသိပါ။ ၃၇ ပတ်ထက်စောရင် ဖွံ့ဖြိုးမှု မစုံသေးပါ။ အထူးသဖြင့် အဆုပ်အားမကောင်းသေးပါ။ G6PD လို့ ရေးရတယ်။ ၂။ ဆရာ ကျမ မိတ်ဆွေ အသက် ၂၈ ရှိပါပြီ။ ယခု အပတ်ထဲမှာ ကလေးမွေးဖွားပါတယ်။ မွေးလာတဲ့ကလေးက ပေါင်မပြည့်ဘဲ (၂) ပေါင်တည်း မွေးလာတယ်ဆရာ။ နောက်ပြီး တင်ပါးဆုံကဖွားတယ်။ OG နဲ့လည်းသေချာပြခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်က တ ခါလဲကျဖူးပါတယ်။ ဘာကြောင့်ပေါင်မပြည့်ရတာပါလဲ။ ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိပါသလဲ။ ဘာကြောင့်တင်ပါးဆုံကမွေးတာလဲ။ ကျေးဇူးပြု၍ ဆရာဖြေပေးစေချင်ပါတယ်။ ၃။ မင်္ဂလာပါဆရာရှင် ဆရာတင်ထားတဲ့ ကလေးပြာပြီး CPR နဲ့ အသက်ကယ်နိုင်ခြင်းကို ဖတ်လိုက်ရပါတယ်ဆရာ။ အဲ့ဒီပိုစ့်က ကျမတူမလေးဖြစ်နေပုံနဲ့တိုက်ဆိုင်နေလို့ comment ဝင်မေးထားပါတယ်ဆရာ။ ပြန်လည်ဖြေကြားပေးဖို့ ဆရာ့အတွက...

After Stroke လေဖြတ်ပြီးနောက်

Image
ဆရာခင်ဗျား အဖေ ၆၃နှစ်၊ လေတခါဖြတ်ဖူးပြီး သွေးတိုး၊ ဆီးချိုရှိ အရက်တနေ့ကိုနှစ်ပတ်(နှစ်ပက်) ပုံမှန်သောက်၊ အစားကို သကြားဓာတ်ပါတာတွေရှောင်၊ လမ်းတော့မနက်တိုင်းပုံမှန်လျှောက်၊ ကိုယ်လက်လှုပ်ရှားမှုအားကောင်းပေမယ့် ဒီလပိုင်းထဲမှာကို ရုတ်တရက် toilet လဲသတိလစ် မေ့လဲတာ နှစ်ခါလောက်ဖြစ်နေလို့ပါ ၃မိနစ်လောက် သတိလစ်ပြီး ဖြည်းဖြည်းချင်း(ဖြည်းဖြည်းခြင်း) သတိပြန်ရပါတယ် အဲ့ဒါ ဘာဖြစ်တာပါလဲဆရာ ဘာတွေ သတိထားခိုင်းရပါမလဲခင်ဗျ အပြင်မှာ သတိလစ်မေ့လဲရင်တော့ တော်တော်အန္တာရာယ်(အန္တရာယ်) များလှပါတယ် တခါ၊ တနေ့ကို ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။ Seasonal variation in types of stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်းနှင့် ရာသီဥတု https://dr-tint-swe.blogspot.com/2022/03/seasonal-variation-in-types-of-stroke.html Stroke ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း https://dr-tint-swe.blogspot.com/2021/01/stroke.html Stroke Risks လေဖြတ်တာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ https://dr-tint-swe.blogspot.com/2022/09/stroke-risks.html Stroke လေဖြတ်တဲ့လူနာကို ဘယ်လိုကုသမလဲ https://dr-tint-swe.blogspot.com/2022/05/stroke.html After Stroke လေဖြတ်ပြီးန...

Culture and sensitivity testing ပိုးမွေးတယ်ဆိုတာ

Image
မင်္ဂလာပါဆရာရှင့် ဓာတ်ခွဲခန်းမှာ သွေးကနေ ပိုးမွေးတယ်ဆိုတာ ဘာကြောင့်လဲဆရာ ဘာဖြစ်လို့လဲဆရာရှင့် ဆေးပညာမှာ အရပ်သုံးစကားတွေကအတိအကျ နားလည်ရခက်တယ်။ နေမကောင်းသူ အသက်-ကျား-မ၊ ဘာရောဂါဖြစ်နေ၊ ဆေးစစ်ချက်စာ (ပုံ မဟုတ်) ဖတ်ရမှာသာ ပြောလို့ရနိုင်။ အသက် - ၃၃ (ကျား ) တံတွေးဂလင်းကင်ဆာပါ ဆရာ Cisplatin နှင့် 5 Fulce ဒုတိယ Cycle လေးရက် သွင်းပြီး ၁၀ ရက်မြောက်မှာ သွေးဖြူဥတွေကျ အဖျားဝင် ပိုးဝင်သွားပါတယ်ဆရာရှင့် ဓာတ်ခွဲခန်းမှာ သွေးကနေ ပိုးမွေးရမယ်ပြောလို့ဆရာရှင့် သွေးအကြောင်းတွေ မသိ နားမလည်လို့ပါဆရာရှင့် ဖြစ်နိုင်တာကတော့ ပိုးဆေးက ပိုးကိုနိုင်မနိုင် စစ်တာဖြစ်နိုင်။ ပိုးရှိတဲ့ သွေး၊ ဆီး၊ တံတွေးထဲမှာ ပိုးအရေအတွက်ကနည်းလို့ ဓါတ်ခွဲခန်းမှာ ပိုးမွေးယူရတယ်။ ပိုးအနီးမှာ ပိုးသေဆေးအမျိုးမျိုါ်ထားပြီး စောင့်စစ်တော့ ဆေးကနိုင်ရင် အဲဒီအနားကပိုးတွေ သေတာတွေ့မယ်။ ဆေးကိုပိုကယဉ်ပါးရင် ပိုးတွေက နဂိုအတိုင်းသာတွေ့ရမယ်။ ဟုတ်ကဲ့ ဆရာရှင့် Culture and sensitivity testing is done to help diagnose an infection. It may also help your health care provider decide which medicines to use in treating your infection. This test involves taking a ...

What to Expect with Chemotherapy ခီမိုသာရာပီ သွင်းခြင်း

Image
မေမေက ရင်သားကင်ဆာ အဆင့် ၁ ပါ ခွဲစိတ်ဖြတ်ထုတ်ပြီးပါပြီ အခုဆေးသွင်းနေပါတယ် သိချင်တာလေး တစ်ခု(တခု) ရှိပါတယ်ကျေးဇူးပြုပြီး senior များဖြေကြားပေးပါခင်ဗျာ ကင်ဆာဆေးသွင်းရင် drop ချတာက အချိမ်(အချိန်) ဘလောက်(ဘယ်လောက်) ကြာပါသလဲခင်ဗျာ ဆေးသွင်းတာ ၃ကြိမ်ရှိပါပြီ ပထမတစ်ခါက(တခါက) ၄ နာရိလောက်ကြာပါတယ် ဒုတိယတစ်ခါကတစ်ခါက ၃ နာရိလောက်ကြာပါတယ် တတိယတစ်ခါကတစ်ခါက ၁နာရီ ခွဲလောက်ပဲကြာပါတယ် အဲလို ဖြစ်သလိုသွင်းလို့အဆင်ပြေလားခင်ဗျာ ဆေးပမာဏပေါ်မူတည်ပြိး အချိန်သတ်မှတ်ချက်ရှိပါသလားခင်ဗျာ ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဆရာဝန်ကလိုက်ရှာပြီး ဖြေပါတယ်။ ယေဘုယျအားဖြင့် ခီမိုသာရာပီ သွင်းခြင်းအတွက် နာရီနဲ့အမျှကြာမယ်။ မသွင်းမီ စစ်ဆေးတာတွေလုပ်မယ်။ ဆေးဖော်မယ်။ ခီမိုသာရာပီ တခါသွင်းချိန် မတူတတ်ပါ။  ကင်ဆာအမျိုးအစား လူနာရဲ့ ခံနိုင်ရည် ဆေးအမျိုးအစား စသည်အရ ကြာ မကြာမတူနိုင်။ IV ခေါ် သွေးပြန်ကြောထဲ တန်းထိုတာဆိုရင် မိနစ်အနည်းငယ်သာကြာမယ်။ IV infusion ခေါ် ဆေးအစက်ချသွင်းနည်းအတွက် မိနစ် ၃၀ ကနေ နာရီများစွာထိ ကြာနိုင်တယ်။ တချို့ဆို ၁ ရက်ကနေ ၃ ရက်ထိကြာနိုင်တယ်။ ကင်ဆာဆေးကို ပဌမဆုံးအကြိမ်သွင်းရင် ပိုကြာနိုင်တယ်။ ဆေးကုန်ပြီးနောက် စောင့်ခိုင်းမယ်။ ဖ...

ART ဆေးနှင့် အခြားဆေးများ

Image
ART ဆေးသောက်ပြီး အချိန်ဘယ်လောက်အကြာ အခြားဆေးသောက်နိုင်ပါသလဲ။ ကျေးဇူးပါ။ HIV ဆေးတွေကို Non-nucleoside reverse transcriptase inhibitors (NNRTIs) ဆေးတွေလို့ ခေါ်တယ်။ NNRTIs ဆေးများ  1. delavirdine (DLV),  2. doravirine (DOR),  3. efavirenz (EFV),  4. etravirine (ETR),  5. nevirapine (NVP),  6. rilpivirine (RPV)  NNRTIs ဆေးနဲ့ တွဲမသောက်သင့်သောဆေးများ 1. azole antifungals (ketoconazole, itraconazole) ဖန်းဂတ်စ်ဆေး 2. rifamycins (eg, rifabutin, rifampin) တီဘီဆေး 3. benzodiazepines (eg, midazolam, triazolam) စိတ်ငြိမ်ဆေး  4. HMG-CoA reductase inhibitors (eg, lovastatin, simvastatin) ကိုလက်စထောဆေးများ 5. Methadone မက်သဒုန်းဆေး။ အခြားဆေးများ Opioids ဘိန်း Alcohol အရက် Antihistamines အလာဂျီဆေး  general anesthetics မေ့ဆေး တွေနဲ့လည်း တွဲမသောက်သင့်။ HIV medications ဆေးတွေဟာ အများအားဖြင့် ကိုယ်ခန္ဓာထဲမှာ ၂ နာရီထိနေပြီးမှ သွေးထဲ စုပ်ဝင်သွားကြတယ်။ အဲဒါကြောင့် မသင့်တဲ့ဆေးနဲ့ ၂ နာရီခြာသင့်တယ်။ ဒေါက်တာတင့်ဆွေ

သံလွင်ဆီ

Image
၁။ ဆရာရေ ကျမက အသားရေကောင်းအောင် သံလွင်ဆီ နဲ့ နနွင်း သောက်မလို့ပါ အဲ့တာ နေ့တိုင်း သောက်လို့ရမလားရှင့် ခေတ်မီဆေးတွေမပေါ်ခင်က သစ်ပင်အမျိုးမျိုးရဲ့ အသီး၊ အရွက်၊ အပွင့်၊ အမြစ် စတာတွေကို ဆေးအဖြစ်သုံးခဲ့တယ်။ ဆေးနည်းတွေက အတော်ကို မတူပါ။ တရုပ်၊ အိန္ဒိယနဲ့ မြန်မာပြည်တို့က ထိစပ်နေလို့ ဆေးနည်းတွေ ရောတာတချို့ရှိတယ်။ အခုထိ (အခုစာရေးနေချိန်အထိ) အမေရိကနဲ့ ဥရောပါကဆေးတွေ ရှိပေမဲ့ တချို့က ဟာဘယ်ဆေးနည်း သုံးကြတယ်။ ဆရာဝန်သုံးနည်းမဟုတ်တာတွေမှာ သုတေသန မရှိသလောက်နည်းတယ်။ အကောင်း၊ အဆိုနဲ့ ဘေးထွက်သက်ရောက်မှုတွေကို မပြောနိုင်ပါ။ ယေဘုယျအားဖြင့် ဟာဘယ်ဆေးနဲ့ အာယုဗေဒဆေးတွေမှ  ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ပြောကြပေမဲ့ ရှိတဲ့ဟာတွေ ရှိတယ်။ မနေ့ကဘဲ စင်္ကာပူကိုဆေးလာကုသူတွေကို ဆေးရုံတွေက မြန်မာဆေးတွေသုံးခဲ့သလားလို့ မေးကြောင်း တင်ပြထားတယ်။ လွန်ခဲ့တဲ့ ၄-၅ နှစ်ကတည်းက အသည်းကိုထိခိုက်စေနိုင်တဲ့ အရပ်ဆေးတွေအကြောင်း တင်ပြထားတယ်။ ဆရာဝန်ဆိုတာ သုတေသနအရသာ ကောင်းတယ်။ မကောင်းဘူးပြောရတယ်။ ၂။ မုန်းညင်းဆီနဲ့နှံဆီက အပူစာလား အအေးစာလားရှင့် လက်နဲ့စမ်းကြည့်လို့ ပူရင် အပူ။ အေးရင် အအေး။ တိတိကျကျဆိုရင် သာမိုမီတာနဲ့ တိုင်းရမယ်။ Best Cooking Oils...

Ultrasound report ဆေးစစ်ချက်ကိုသာ ဘာသာပြန်ခိုင်းတာမျိုး မဖြေပါ

Image
Ultrasound မှာရေးထားတာကိုနားမလည်လို့ပါရှင့် ခဏခဏ (ခဏခဏ) တင်ပြထားတယ်။  ၁။ ဆေးစစ်ချက်ကိုသာ ဘာသာပြန်ခိုင်းတာမျိုး မဖြေပါ။ လူနာ အသက်-ကျား-မ-ဘာဖြစ်နေ-ဘယ်လောက်ကြာ စသည် မေးနည်းစည်းကမ်းအရမေးရင် ဖြေတယ်။ မေးနည်ကို အကြိမ် ၃-၄၀၀ လောက်တင်ထားတယ်။ ၂။ ဖေ့စ်ဘွတ် ပေ့ချ် မက်ဆေ့ကနေ ဆေးစစ်ချက်ပုံတွေပို့ရင် ဖတ်မရကြောင်း အကြိမ် ၅၀ လောက် တင်ပြထားတယ်။ သေးလို့ ချဲ့မရ။ ကူးယူပြီးတခြားနေရာသွားချဲ့လည်း မရ။  ဖေ့စ်ဘွတ် ပေ့ချ် မက်ဆေ့ အတော်ညံ့တယ်။ ၃။ ဆေးစစ်ချက်မှာ လက်ရေးနဲ့ဆိုရင် တခါတခါ မရှင်းပါ။ ရမ်းဖြေရင် မှားကောင်း မှားနိုင်တယ်။ ၁% မှားလည်း များတယ်။ ၄။ ဆေးစစ်ခိုင်းတဲ့ဆရာဝန်က လိုတာကို ပြောပါမယ်။ ၅။ ဆေးစစ်တာကို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က ညွှန်တာကိုသာ စစ်သင့်တယ်။ ကိုယ့်ဖါသာ ထင်တာ မစစ်သင့်။ ၆။ ဆေးစစ်တာနဲ့ ကုသတာ မတူပါ။ ၇။ ဆေးစစ်ချက်ကို မေးလိုရင်၊ ပို့စ်အဖြစ်တင်လိုရင် အမည်၊ အသက် စတဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ဖုံးကွယ်ထားသင့်။ ၈။ ကျွန်တော့ဆီ မေးရင် ပုံတွေ မလို။ အောက်ဆုံးက မှတ်ချက်စာကိုသာ ဖတ်လိုတယ်။ ဒေါက်တာတင့်ဆွေ