Ultrasound report ဆေးစစ်ချက်ကိုသာ ဘာသာပြန်ခိုင်းတာမျိုး မဖြေပါ

Ultrasound မှာရေးထားတာကိုနားမလည်လို့ပါရှင့်

ခဏခဏ (ခဏခဏ) တင်ပြထားတယ်။ 

၁။ ဆေးစစ်ချက်ကိုသာ ဘာသာပြန်ခိုင်းတာမျိုး မဖြေပါ။ လူနာ အသက်-ကျား-မ-ဘာဖြစ်နေ-ဘယ်လောက်ကြာ စသည် မေးနည်းစည်းကမ်းအရမေးရင် ဖြေတယ်။ မေးနည်ကို အကြိမ် ၃-၄၀၀ လောက်တင်ထားတယ်။

၂။ ဖေ့စ်ဘွတ် ပေ့ချ် မက်ဆေ့ကနေ ဆေးစစ်ချက်ပုံတွေပို့ရင် ဖတ်မရကြောင်း အကြိမ် ၅၀ လောက် တင်ပြထားတယ်။ သေးလို့ ချဲ့မရ။ ကူးယူပြီးတခြားနေရာသွားချဲ့လည်း မရ။  ဖေ့စ်ဘွတ် ပေ့ချ် မက်ဆေ့ အတော်ညံ့တယ်။

၃။ ဆေးစစ်ချက်မှာ လက်ရေးနဲ့ဆိုရင် တခါတခါ မရှင်းပါ။ ရမ်းဖြေရင် မှားကောင်း မှားနိုင်တယ်။ ၁% မှားလည်း များတယ်။

၄။ ဆေးစစ်ခိုင်းတဲ့ဆရာဝန်က လိုတာကို ပြောပါမယ်။

၅။ ဆေးစစ်တာကို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က ညွှန်တာကိုသာ စစ်သင့်တယ်။ ကိုယ့်ဖါသာ ထင်တာ မစစ်သင့်။

၆။ ဆေးစစ်တာနဲ့ ကုသတာ မတူပါ။

၇။ ဆေးစစ်ချက်ကို မေးလိုရင်၊ ပို့စ်အဖြစ်တင်လိုရင် အမည်၊ အသက် စတဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ဖုံးကွယ်ထားသင့်။

၈။ ကျွန်တော့ဆီ မေးရင် ပုံတွေ မလို။ အောက်ဆုံးက မှတ်ချက်စာကိုသာ ဖတ်လိုတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ