Alffalfa ကို ဘယ်လိုခေါ်သလဲ
တခြားတိုင်းပြည်တခုမှာနေတဲ့ သူငယ်ချင်းဆရာဝန်တယောက်က ဆေးနည်းပေးပါတယ်။ ကိုတင့်ဆွေ Alfalfa sprouts နေ့စဉ် blender နဲ့ချေ သောက်ကြည့်ပါ။ ကြာကြာမဟုတ်၊ တလလောက်သောက်ကြည့်ပါ။ ပြန်နပျိုလာစေရပါမည်။ (Billy H. Mackenzie) ကျေးဇူး။ ဖတ်ဖတ်ချင်းတော့ သောက်စာလုံးအရင်မြင်တာနဲ့ စိတ်မဝင်စားသေးဘူး။ ဒုတိယအကြိမ်မှာ သေချာဖတ်တယ်။ ကောင်းမယ်ထင်တယ်။ ပို့စ်တင်တော့ မြန်မာပြည်မှာ ရှိသလားလို့ မေးပါတယ်။ မသိပါလို့ဖြေလိုက်တယ်။ မြန်မာလိုအခေါ်လည်း မသိသေးလို့ အဘိဓာန်လှန်တယ်။ တိရစ္ဆာန်အစာအဖြစ် အသုံးဝင်သော အပင်တမျိုး။ လူဆန်ပဲပင်။ တိရစ္ဆာန်လည်းပါ လူလည်းပါသတဲ့။ လူလည်း စားလို့ရပါမယ်။ Alfalfa Sprouts Seed ဒေါက်တာတင့်ဆွေ