Cancer death rate declines worldwide ကင်ဆာကြောင့်သေနှုန်းကျဆင်းလာ

(လွန်ခဲ့တဲ့ ၉ နှစ်ကရေးထာတာ)
တကမာ္ဘလုံးမှာ ကင်ဆာရောဂါနဲ့သေဆုံးရတဲ့နှုန်းကျဆင်းလာတယ်လို့ ၃ဝ-၄-၂ဝ၁၅ နေ့ထွက် ဆေးသုတေသန သတင်းက ဆိုပါတယ်။ ၂ဝဝဝ ကနေ ၂ဝ၁ဝ အတွင်း နိုင်ငံပေါင်း ၆ဝ က သေဆုံးမှုစာရင်းဇယားတွေကိုလေ့လာခဲ့တာပါ။ လူဦးရေများလာလို့ ကင်ဆာနဲ့သေကြရတဲ့အတွက်ကတော့ များခဲ့တယ်။ လူတွေကအရင်ကထက် အသက်လည်း ပိုရှည်ခဲ့ကြပါသေးတယ်။
ကင်ဆာနဲ့သေတဲ့နှုန်းကိုတွက်တော့ ၁% နည်းခဲ့ပါတယ်။ အစာအိမ်ကင်ဆာနဲ့ သေဆုံးသူအရေအတွက်လည်း နည်းခဲ့တယ်။ ယောက်ျားတွေမှာ အဆုပ်ကင်ဆာနဲ့ သေတာလည်း နည်းခဲ့တယ်။ ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာကြောင့် သေရတာလည်း နည်းတယ်။
ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ ဆေးလိပ်သောက်တာနည်းလာတဲ့အချက်လည်းပါမယ်။ ရောဂါရှာဖွေရေးကို စောစော လုပ်လာနိုင်တာလည်းပါမယ်လို့ဆိုပါတယ်။ ဒါပေမယ့် တိုင်ပြည်အားလုံးမှာ အမျိုးသမီးတွေ အဆုပ်ကင်ဆာကြောင့် သေဆုံးရတာက များလာတယ်။ အဲတာက အမျိုးသမီးတွေ ဆေးလိပ်ပိုသောက်ကြလို့ဖြစ်ပါမယ်။ ရင်သားကင်ဆာနဲ့ သေဆုံးတာ မဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ ပိုခဲ့တယ်။
ကောက်ချက်ချလိုက်ရင် ကင်ဆာတွေကြောင့်သေရတာက ချမ်းသာတဲ့တိုင်းပြည်တွေမှာ နည်းလာပေမယ့် မဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာတော့ များလာတယ်။ အဲလိုနိုင်ငံတွေမှာ ကာကွယ်ရေးနဲ့ စောစာစီးစီး ရောဂါရှာဖွေရေး လုပ်လာနိုင်ရင် ကင်ဆာသေနှုန်းကို လျော့ချနိုင်ပါလိမ့်မယ်။ အခုလေ့လာမှုကို စာရင်းဇယားစိတ်ချရတဲ့ တိုင်းပြည်တွေကသာ ယူထားတာဖြစ်တယ်။ အာဖရိကတိုက်က ၁ နိုင်ငံပဲရတယ်။ တရုပ်နဲ့ အိန္ဒိယမပါ။ မြန်မာပြည်မှာ မသိ။
ဒေါက်တာတင့်ဆွေ
၁-၅-၂၀၁၅

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ