Chicken eggs ကြက်ဥနဲ့ ကိုလက်စထော

၁။ ဟုတ်ကဲ့ပါဆရာ ဆေးစစ်ခတွေကို မတတ်နိုင်သေးလို့ ဖြစ်နိုင်ချေ ဆရာ့ကို မေးကြည့်တာပါရှင် ကျမက ခြေလေးချောင်းသား မစားပါဘူး အဆီအစိမ့် (အဆိမ့်)အတော်လေးရှောင်ပါတယ် ကြက်ဥတော့ ကြိုက်လို့ကို အတော်များများ စားဖြစ်ပါတယ် တပတ် ဆယ်လုံးလောက်တော့ ရှိပါမယ်။ ကြက်ဥ အစားများရင် ကိုလက်စထရော များနိုင်လား သိပါရစေရှင့် ကျမ
မေးခွန်း အမှားအတွက် တောင်းပန်ပါတယ်ဆရာ ဒီနေ့ ဆရာဝန်ကို သေချာမေးခွင့်ရလို့ သိခဲ့ရပါပြီ။
၂။ ကိုလက်စထရောများတဲ့သူ တပါတ် ကြက်ဥ (၁ဝ) လုံးထက်ပို မစားသင့်ဘူးလားဆရာ။
ကြက်ဥထဲမှာ ကိုလက်စထောများတယ်။ ဒါပေမဲ့ Egg yolks အဝါရောင်ကို တပါတ်မှာ ၄ လုံးထက်မပိုရင် နှလုံးရောဂါအတွက် မစိုးရိမ်ရပါ။
စားတာထဲမှာ ကိုလက်စထော ဘယ်လောက်များမှ ကျန်းမာရေးအတွက် သတိထားရမလဲဆိုတာ တယောက်နဲ့တယောက် မတူပါ။ ကြက်ဥတွေအများကြီးစားရင် သွေးထဲမှာ ကိုလက်စထော တက်မယ်။ 
ကျန်းမာနေသူ (ကိုလက်စထော မများသူ၊ နှလုံးသွေးကြောကျဉ်းတာမရှိသူ) ဆိုရင် ကိုလက်စထော တနေ့မှာ 300 mg ထက်မများရင်စားပါ။ နှလုံး-သွေးကြောရောဂါခံရှိသူ၊ ဆီးချိုရှိသူ၊ မကောင်းတဲ့ LDL ကိုလက်စထော များနေသူဆိုရင် ကိုလက်စထော 200 mg ထက်မများစေပါနဲ့။ ကြက်ဥတလုံးမှာ ကိုလက်စထော 186 mg ပါတယ်။ yolk အဝါရောင်ထဲမှာများတယ်။ နောက်ပြီး ကြက်ဥကနေရတဲ့ ကိုလက်စထော ကိုသာမက တခြားစားသောက်တာတွေထဲက ရတာကိုပါ ထည့်တွက်ပါ။
Egg 1 large (50 g) - 186-187-215 mg Cholesterol
Cholesterol ကိုလက်စထော https://dr-tint-swe.blogspot.com/2020/12/cholesterol.html
Cholesterol and food ကိုလက်စထောနဲ့ အစားအစာ https://dr-tint-swe.blogspot.com/2021/06/good-food.html
Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/10/saturated-fatty-acids-and-health-risks.html
Triglycerides ထရိုင်ဂလစ်စရိုက် အဆီများခြင်း https://dr-tint-swe.blogspot.com/2021/01/triglycerides.html
Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ https://dr-tint-swe.blogspot.com/2021/10/ischemic-heart-disease.html
How Nutritious is Egg?
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ