Oxygen အောက်စီဂျင် မေးခွန်း

မေးတာတွေ များတယ်။ နောက်ဆုံးလာ နမူနာသာထည့်မယ်။

၁။ ဆရာရှင်အပေါ်ပုံပါ O2 concentrator ကအောက်ဆီဂျင်ကျရင်အမှန်တကယ်အသုံးဝင်ပါသလားသိချင်မိပါတယ်။ အသက် ၇၀ကျော်နှလုံးသမားတယောက်နဲ့ဆီချိုသမားတယောက် စုစုပေါင်း ၂ယောက်အတွက် ဝယ်ပြီဆောင်ထားသင့်လားရှင်။ အမှန်တကယ် အရေးပေါ်လိုအပ်သူများကိုလဲ ကူညီပေးချင်မိပါတယ်ရှင်။နားလည်မတပ်ကျွမ်း ရောင်းဝယ်မှာမဖြစ်အောင် ရှင်းပြပေးပါဆရာရှင်။

၂။ ဆရာ အခုအောက်စီဂျင်စက်တွေဝယ်ကြတယ် 5/10 လီတာထွက်တဲ့စက်တွေ ဝယ်ကြတယ် တရုပ်/ထိုင်းမိတ်တွေဝယ်ကြတယ်ပေါ့ဆရာ တကယ်ဘဲဝယ်သင့်သလား ဆယ်သိန်းမှ သိန်းနှစ်အကြားအလုအယက်ဝယ်နေကြတယ် တကယ်ဘဲအသုံးဝင်သလားဆိုတာ ကျွန်တော်တို့မသိပါအောက်စီဂျင်ရှားပါနေလို့ဝယ်ကြတယ်ပေါ့ ကျေးဇူးပြု၍ကူညီပါ။

အောက်စီဂျင်အကြောင်း ခဏခဏတင်တယ်။ VOA သိပ္ပံနဲ့ နည်းပညာကဏ္ဍကနေ လွှင့်မယ်။

အောက်စီဂျင် တကယ်လိုသလား။ ဘယ်နေရာ ဘယ်တော့ လိုသလဲ။

အောက်စီဂျင် ဆလင်ဒါတွေ စိတ်ချရသလား။ ဘာတွေ သတိထားရမလဲ။

အောက်စီဂျင် အဆိပ်သင့်ခြင်း အကြောင်း။

အောက်စီဂျင်ထက် ဘာတွေ အရေးကြီးသေးလဲ။

အောက်စီဂျင်နည်းရင် ဘာလုပ်ရမလဲ။

ကိုဗစ်ကူးစက်ခံရသူတချို့ (၂၀%) အောက်စီဂျင် ကျတယ်။ ပိုးက အသက်ရှူလမ်းကို ပျက်စီးစေလို့ဖြစ်တယ်။ အောက်စီဂျင်လယ်ဘယ်ကျသူတွေ ဆေးရုံပြရတယ်။ လိုသူတွေ ဆေးရုံတက်ရတယ်။ ဆေးရုံမှာ လိုသူတွေကို အောက်စီဂျင်ပေးတယ်။ 

အဆင့်ရှိဆေးရုံတွေမှာ အောက်စီဂျင်ပိုက်ကနေ လာတယ်။ တချို့ဆေးရုံတွေမှာ ဆလင်ဒါကနေသုံးတယ်။ နယူးဒေလီမှာလည်း သုံးရတယ်။ 

COPD ခေါ် နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါရှိသူတွေက ကိုယ်ပိုင်ဆောင်ထားပြီး သွားလေရာ အောက်စီဂျင်ဆလင်ဒါ ဗူး အသေးလေးတွေ သုံးကြရတယ်။ ကိုဗစ်နဲ့ မဆိုင်။

အရေးပါတဲ့တချက်က ကိုဗစ်ပိုးကနေ အဆုတ်ကို ပျက်စီးစေတာဖြစ်လို့ အိတ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်သင့်။ အဆုပ်တစ်ရှူးလေးတွေကို ခုခံအားက ကုစားမယ်။ လက်နဲ့ ဖါထေးလို့မရ။ ဆေးဆိုတာ ရောဂါခံစားရတာတွေ သက်သောစေအောင်နဲ့ လိုတာလုပ်ရတယ်။ ဗိုင်းရပ်စ်သေဆေးတမျိုးမျိုး သုံးတယ်။ ဒက်ဆာမီသဇုန်း သုံးတယ်။ အဲလိုဆေးတွေကို အပြင်လူနာတွေ သီးခြားခွဲထားလူနာတွေကို မသုံးရပါ။

နောက်တချက်က Oxygen toxicity အောက်စီဂျင်အဆိပ်သင့်ခြင်း ဖြစ်တတ်တယ်။ သေဆုံးတဲ့အထိ ဆိုးတယ်။ တခြားတိုင်းပြည်တွေမှာလည်း ဖြစ်တယ်။ Scuba diving အောက်စီဂျင်ဗူးနဲ့ ရေငုပ်သူတွေ ဖြစ်လေ့ရှိတယ်။ အောက်စီဂျင် လိုတာထက်များရင် ဖြစ်တယ်။ Hyperbaric Oxygen ဟိုက်ပါဘဲရစ်အောက်စီဂျင် ပေးရင် ဖြစ်တယ်။

နောက်တချက်က အောက်စီဂျင်ဆလင်ဒါ။ အငြ်မျက်နှာပြင်မှာ ကိုဗစ်ပိုး ကင်းစေရမယ်။

ကိုဗစ်ပိုးဟာ -

• လေထဲမှာ ၃ နာရီကြာ။

• ကြေးဝါမျက်နှာပြင်ပေါ်မှာ ၄ နာရီ။

• အရည်စိမ့်နိုင်တဲ့ မျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီ။

• သံမဏိနဲ့ ပလပ်စတစ်ပေါ်မှာ ၇၂ နာရီ။

• သတ္တု၊ ဖန်နဲ့ ပလပ်စတစ်မျက်နှာပြင်တွေပေါ်မှာ ၉ ရက်အထိ ရှင်နေနိုင်တယ်။

အဲတာကြောင့် အပြင်ပိုင်းကို Lyzol spray နဲ့ သန့်ရှင်းပေးရတယ်။

နောက်တချက်။ မြန်မာပြည်မှာ ရေသန့်ဆိုတိုင်း မသန့်တာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေသန့်ဗူးအမျိုးအစားတချို့ကို FDA က တားမြစ်လိုက်တယ်။ ရေကိုမျက်စိနဲ့ကြည့်ရင် အမှုန်အမွှားမြင်နိုင်တယ်။ အောက်စီဂျင်ဆလင်ဒါက ကြည့်မရ။ ကုမ္ပဏီရွေးတတ်ရမယ်။ ဘယ်ကကောင်းသလဲ ကျွန်တော်ကတော့ မသိပါ။

အချုပ်အားဖြင့် လိုအပ်တာကူညီနေသူတွေကို ကျေးဇူးတင်ရမယ်။ မလိုတာတွေတော့ မသင့်ပါ။ ကာကွယ်ရေး စည်းကမ်းတွေနဲ့ သီးခြားခွဲနေခြင်းစည်းကမ်းတွေ အတိအကျ လိုက်နာရမယ်။ အပိုတွေ မလို။ လိုတာမှန်သမျှ မလျှော့ရ။ ကံတရားနဲ့ မှန်ကန်တဲ့ကျန်းမာရေးအသိ လိုအပ်တယ်။

အောက်စီဂျင်ပေးသင့် မသင့် သေချာအောင် သွေးလွှတ်ကြောထဲကသွေးစစ်နိုင်တယ်။ ပုံမှန် 75 and 100 mmHg ရှိတယ်။ 60 mmHg ထက်နည်းသူ အောက်စီဂျင်လိုမယ်။ 110 mmHg ထက်မပိုစေရ။

အောက်စီဂျင် လိုအပ်သူကို ပေးရတဲ့နှုန်း

The oxygen flow rate is the number that we dial up on the oxygen flow metre, usually between 1-15L/min. FiO2 (the fraction of inspired oxygen) is defined as the percentage or concentration of oxygen that a person inhales.

Oxygen အောက်စီဂျင် https://dr-tint-swe.blogspot.com/2021/07/oxygen.html

Oxygen Therapy အောက်စီဂျင်ပေးခြင်း https://dr-tint-swe.blogspot.com/2021/06/oxygen-therapy.html

Oxygen အောက်စီဂျင် မေးခွန်း https://dr-tint-swe.blogspot.com/2021/07/oxygen_15.html

COVID-19 Medical Oxygen အောက်စီဂျင် အောက်စီဂျင် 


ဆရာ ခုတလော အောက်ဆီဂျင်စက်တွေ ဆောက်ဖို့ အလှူတွေခံနေကြတာမြို့တိုင်းဖြစ်နေပါတယ် အခြားမြို့တွေတော့မသိပါ ကျနော်တို့ကြို့ပင်ကောက်မြို့မှာတော့ ဆောက်မယ့်အောက်ဆီဂျင်က စက်မှုသုံးလို့ဆိုပါတယ် သိန်း ၁၀၀၀ ကုန်မယ်လို့ဆိုပါတယ်ဆရာ ဆေးသုံးမဟုတ်တဲ့ စက်မှုသုံးအောက်ဆီဂျင်ကိုသုံးရင် ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကို ပြည်သူတွေသိအောင် ရှင်းပြစေချင်ပါတယ်ဆရာ လေးစားစွာဖြင့် မေးမိခြင်းပါဆရာ။


အောက်စီဂျင်ကို စက်ရုံတွေကသာ ထုတ်လုပ်ပါတယ်။


Oxygen အောက်စီဂျင် https://dr-tint-swe.blogspot.com/2021/07/oxygen.html

Oxygen Therapy အောက်စီဂျင်ပေးခြင်း https://dr-tint-swe.blogspot.com/2021/06/oxygen-therapy.html

COVID-19 Medical Oxygen Tank အောက်စီဂျင် နည်းပေးသူတို့ အမှားများ https://dr-tint-swe.blogspot.com/2021/07/covid-19-medical-oxygen-tank.html


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ