Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး

ပြည့်ဝဆီဆိုတာ နို့နဲ့နို့ထွက်အစားအသောက်တွေ၊ အသားတွေ၊ တချို့စားသုံးဆီတွေကနေရတယ်။ ဆီတွေထဲမှာ စားအုန်းဆီ၊ အုန်းဆီတွေကဆိုးတယ်။ တချို့ပြည့်ဝဆီတွေကတော့ ကျန်းမာရေးအတွက်ကောင်းတယ်။ တချို့က များလေမကောင်းလေ။ နာတာရှည်ရောဂါတွေ ရလာစေနိုင်တယ်။

(၁) Heart Disease Risks နှလုံးရောဂါတွေ

ပြည့်ဝဆီများသွားရင် ဆိုးတဲ့ (ကိုလက်စထော) တက်လာစေတယ်။ တဆက်တည်းမှာ နှလုံးရောဂါရလာစေမယ်။ သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ ထိပ်ပိုင်းစားရင်းဝင်ဖြစ်တယ်။ အမေရိကန်နှလုံးအသင်းကနေ အကြံပြုထားတာက တနေ့မှာ ကယ်လိုရီ ၂ဝဝဝ ရသင့်သူတယောက်ဟာ ရသမျှကယ်လိုရီထဲမှာ ပြည့်ဝဆီကနေရတာဟာ ၇% ထက်မများစေနဲ့။ တနည်းးအားဖြင့် ပြည့်ဝဆီ ၁၆ ဂရမ်။ တကယ်လို့ (ကိုလက်စထော) များနေပြီးဖြစ်သူဆိုရင် ၅-၆% နဲ့ ၁၁-၁၃ ဂရမ်။

(၂) High in Calories ကယ်လိုရီများခြင်း

အစားအစာတွေထဲက ကာဗွန်ဟိုက်ဒရိတ် (ကစီဓါတ်) ၁ ဂရမ်ကနေ ၄ ကယ်လိုရီရတယ်။ ပရိုတင်း ၁ ဂရမ်ကနေ ၄ ကယ်လိုရီရတယ်။ အဆီ ၁ ဂရမ်ကနေ ၉ ကယ်လိုရီရတယ်။ ဒါကြောင့် အဆီစားများလေလေ ကယ်လိုရီများများ ရလေဖြစ်တယ်။ လူဝလာတယ်။ လေးလာမယ်။ တနေ့မှာ ၂၅ဝ ကယ်လိုရီပိုတာနဲ့ ကိုယ်အလေးချိန် တပတ်မှာ ပေါင်တဝက်တက်မယ်။ တလမှာ ၄-၅ ပေါင်တိုးမယ်။

(၃) Healthier Saturated Fats ကောင်းတဲ့ပြည့်ဝဆီ

အသီအနှံတွေကနေရတဲ့ဆီက တိရစ္ဆာန်တွေကတွေကရတဲ့ဆီတွေထက် နည်းနည်းပိုကောင်းတယ်။ အဆီများတဲ့ အသားတွေ၊ အဆီပါတာများတဲ့ နို့နဲ့ နို့ထွက်အစားအသောက်တွေ မကောင်းပါ။

(၄) Reduce Saturated Fat အဆီဘယ်လိုလျှော့မလည်း

လူနေမှုပုံစံပြင်လုက်ပါ။ ကြိုက်တယ် မကြိုက်ဖူးဆိုတာ ကိုယ့်စိတ်ဆုံးဖြတ်ချက်ဖြစ်တယ်။ အဆီနည်းတာပြောင်းစားပါ။ များတာကိုရှောင်ပါ။ ဝက်သား၊ ဆိတ်သား၊ အရေခွံပါကြက်သား၊ ဘဲသား၊ ကြက်ဆင်သား၊ ကြက်ဥအဝါနှစ်၊ နို့အစစ်၊ ခရင်မ်၊ အိုက်စခရင်မ်၊ ထောပတ်၊ ဒိန်ခဲ၊ ဝက်အူတောင့်၊ ဝက်ပေါင်ခြောက် မသင့်ပါ။ ငါးတွေကကောင်းတယ်။ ပင်လယ်စာ၊ တို့ဖူး၊ ကြက်ဥအဖြူ သင့်တယ်။ စားသုံးဆီတွေထဲမှာ သံလွင်ဆီ၊ ကင်နိုလာဆီ၊ နှမ်းကြတ်၊ ပန်းနှမ်း၊ နေကြာဆီ၊ သစ်ကြားသီး၊ ပဲပုပ်ဆီသန့်သန့်ကကောင်းပါတယ်။ ဟိုက်ဒရိုဂျင်ပေါင်းထည့်ပေးထားတဲ့ပဲပုပ်ဆီ မကောင်းပါ။

• Cholesterol ကိုလက်စထော https://dr-tint-swe.blogspot.com/2020/12/cholesterol.html

High Cholesterol diet ကိုလက်စထောများလို့ မစားသင့်တဲ့အစားအစာတွေ https://dr-tint-swe.blogspot.com/2021/01/high-cholesterol-diet.html

Healthy Cooking Oils ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ https://dr-tint-swe.blogspot.com/2020/12/healthy-cooking-oils.html

Palm oil and Coconut oil စားအုန်းဆီနဲ့ အုန်းဆီ https://dr-tint-swe.blogspot.com/2021/10/palm-oil-and-coconut-oil.html

Triglycerides ထရိုင်ဂလစ်စရိုက် အဆီများခြင်း https://dr-tint-swe.blogspot.com/2021/01/triglycerides.html

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ