Atorvastatin ဆေး
ဆရာခင်ဗျာ Aspirin ကနှလုံးသွေးကြောမပိတ်အောင် ပုံမှန်သောက်ရင် 33% ကာကွယ်တယ်လို့ဆရာရေးတာဖတ်ပြီးသိရှိရပါတယ်ခင်ဗျာ Atovastatin 20mgကို ပုံမှန်သောက်လျှင် သွေးတွင်း မကောင်တဲ့အဆီကို ဘယ်လောက်ရာခိုင်နှုန်းကာကွယ်နိုင်လဲဆိုတာသိပါရစေခင်ဗျာ ကျေးဇူးတင်ပါတယ် ဘေးထွက်ဆိုးကျိုးကိုလဲသိပါရစေခင်ဗျာ
ကိုလက်စထောအတွက်ဖြစ်တယ်။ ကိုလက်စထောဆိုတာ HDL အကောင်း နဲ့ LDL အဆိုးလို့ရှိတယ်။ ကိုလက်စထောအတွက် ဆေးသာမက အစားအသောက်ကိုပါနေ့စဉ်နေ့တိုင်း သတိထားစားသောက်ရမယ်။
ဆေးက အသည်းကနေထုတ်ပေးနေတဲ့ ကိုလက်စထောကို နည်းစေမယ်။ cholesterol and triglycerides မကောင်းတာကိုနည်းစေ၊ good cholesterol ကောင်းတာကိုများစေရင် strokes and heart attacks နှလုံးရောဂါတွေဖြစ်မှာကို ကာကွယ်ရာကျတယ်။
သင့်မှန်တဲ့အစားအစာ proper diet (low-cholesterol/low-fat diet) အဆီနည်း၊ ကိုလက်စထောပါတာနည်း + lifestyle changes လူနေမှုပုံစံမှန်စေရတယ်။ ကိုလက်လှုပ်ရှားမှု နေ့စဉ်ရှိနေရမယ်။ ကိုယ်အလေးချိန် လျော့ရ ထိန်းရမယ်။
Atorvastatin ဆေးကို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ရမယ်။ ထမင်းမစားခင် ၁ နာရီ သို့မဟုတ် စားပြီး ၄ နာရီမှာ ဆေးသောက်ပါ။ နေ့စဉ်အချိန်မှန်တာကောင်းတယ်။ ဆေးစသောက်ပြီး ၄ ပတ်လောက်နေမှ ဆေးအစွမ်းသိသာမယ်။
Side Effects ဘေးထွက်သက်ရောက်မှုများ
တချို့မှာတော့ မှတ်ဉာဏ်ကို ထိခိုက်စေတယ်။ စိတ်ရှုတ်ထွေးစေတယ်။ တချို့မှာ ဆီးချိုတက်တာ များစေတယ်။ ဆေးအကျိုးနဲ့ ဘေးထွက်သက်ရောက်မှု ချိန်ဆရတယ်။
စတယ်တင်ဆေးများ(statins)နဲ့မတည့်တာသပြက်သီးမဟုတ် ဂရိပ်ဖရု grapefruit (ပုံ)ကိုပြောတာပါ၊ အနောက်နိုင်ငံတွေမှာတချို့မနက်စာစားတဲ့အခါပါတတ်လို့။ ကျွဲကောသီး(အညာအခေါ်ရှောက်ပန်းသီး)နဲ့လိမ္မော်မျိုးစပ်ထားတဲ့အသီး ချဥ်လို့သကြားထည့်စားကြတယ်၊ ကောင်းပေါင်။
ဗမာပြည်မှာကျွဲကောသီးနဲ့အလားတူပြဿနာရှိနိုင်တယ်။ သူကဆေးကိုချေဖျက်တဲ့ခန္ဓာကိုယ်တွင်းကသဘာဝအင်ဇိုင်း enzyme ကို ပိတ်ဆို့တားဆီးမှုကြောင့် ဆေးပမာဏက အချိန်တန်လျော့မသွားပဲဆေးလွန်သွားမှာကြောင့်ပါ။ ကျွန်တော်တော့ရန်ကုန်ရောက်တာနဲ့ရှောက်ပန်းသီးတည်ရင်တမြွှာတစိတ်တော့မစားပဲမနေနိုင်၊ ငယ်တုန်းက သူ့ရာသီဆို ကျောင်းက အချဥ်သည်ဆီက ဝယ်စားတာပဲ ငပိလေးငရုပ်သီးမှုန့်လေးနဲ့။ ဒီတော့စားထားရင်ညကျဒီဆေးကိုမသောက်တော့ဘူး။ အမျိုးသ္မီးက လီပီတော် lipitor (အတော်ဗာစတယ်တင် atorvastatin) ကို နေပြည်တော်လို့ နာမည်ပေးထားတယ်။ (DMZ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment