Palliative care အထူးပြုစုစောင့်ရှောက်ရေး

ဆောရီး။ ဆရာဝန်ကို မေးတာတော့ မဟုတ်။ ဖြေပါမည်။
၁။ နေ့ရက်တိုင်းကို လက်ချိုးရေရင်း ရှင်သန့်ရတာ အရမ်းပင်ပမ်း(ပင်ပန်း)တယ် နေလဲ နေချင်သေးတယ် မပြည့်မစုံ မကုနိုင် မစားနိုင်တဲ့ ဘဝမှာ ကိုယ့်အတွက်တော့ နေရတာထက် လောကကြီးထဲက ထွက်သွား ရတာကမှ ပိုပီး(ပြီး)ကောင်းမယ်ထင်ပါတယ် နေ့ရက်တိုင်း ညရောက်တိုင်း မျက်စိမှိတ်လို့ အိပ်ပီး(ပြီး)တာနဲ့ မျက်လုံးပြန်ပွင့်လာနိုင်သေးလို့ ပျော်မိတာနဲ့ ခံစားရတဲ့ဝေဒနါကြောင့် ငါဝဠ်(ဝဋ်)မကျွတ်သေးပါလားဆိုတဲ့ နာကျင်မှုက အမြဲဒွန်တွဲနေတယ် ဝေဒနါမခံစားရဘဲ သက်တောင့်သက်သာလေး ထွက်သွားချင်မိတယ်
၂။ အသည်းနဲ့ခါးရိုးကင်ဆာဖြစ်ရင် အသက်ဆုံးသွားသည်အထိ မနာမကျင် မခံစားရအောင် ဆေးတွေနဲ့လုပ်ပေးလို့ရလား 
ဖေဖေအတွက် ဝေဒနါ မခံစားရဘဲ ညင်ညင်သာသာလေးဖြစ်စေချင်တဲ့ ဆန္ဒပါ သ်ိတာရှိရင် ပြောပေးကြပါရှင်
၃။ အသဲကင်ဆာစဖြစ်တာသိချိန်အဆင့်၃ပါ ၅လကျော်အတွင်း ဆေးသောက်လည်း အကျိတ်ကပိုကြီးလာတာမို့ ဆေးဖြန်းတာလည်း လုပ်မရတော့ဘူး သောက်ဆေးလည်းဆရာဝန်ကပြောလို့မတိုက်ရတော့ပါဘူး နာကျင်တာ သက်သာအောင် ဆေးထိုး ဆေးသောက်လုပ်နေရတာပါ သိချင်တာက အဲလိုလူနာတွေကို ဘယ်လိုပြုစုနေထိုင်မှာနဲ့ အစားအသောက်တွေက လူနာအတွက်အဆင်ပြေသက်တောင့်သက်သာပိုဖြစ်စေမလဲ
အကြံပြုပေးပါရှင်
၄။ ကျမဖေဖေက ကင်ဆာဝေဒနါကို ခံစားနေရတာပါ။ ကင်ဆာရယ်လို့ စသိတာ ၁လပိုင်းလောက်မှာစသိတာပါ။ သူတို့ပြောတဲ့အတိုင်လည်း ဆေးစစ်ချက်တွေ လုပ်သောက်ခိုင်းတာတွေလည်း သောက်ပါတယ်။ ဖေဖေက အသက်ကကြီးတော့ ဆေးသွင်းလို့မရတော့ သောက်ဆေးနဲ့ စကုခဲ့ပါတယ်။ ဓာတ်ရောင်ခြည်ပြဖို့ကျ အပြင်မှာ အရမ်းကုန်မှာမို့ ဆေးရုံကြီးမှာပြဖို့စီစဥ်ခဲ့ပါတယ်။ အဲ့လိုနဲ့ တဖြေးဖြေး အစားတွေနည်း အရိုးတွေနာလာပြီး ခုဆိုမတ်တပ်တောင်မရပ်နိုင်တော့ပါဘူး။ တကိုယ်လုံးလည်း နာကျင်နေတာပါ။ ဖေဖေက အဆုတ်ကင်ဆာပါ။ အစားတောင် ကျန်တာစားလို့ အဆင်မပြေတော့ ဆန်ပြုတ်ကို အားရှိအောင် မျိုးစုံလုပ်ပြီးကျွေးပါတယ်။ ဆီးဝမ်းတောင် မလုပ်နိုင်တော့ပါဘူး။ အခုနောက်ဆုံး Bonescan ရိုက်တော့အရိုးတွေအထိ ပျံ့နေပြီတဲ့အဆင့် (4) တဲ့ မရတော့ဘူးပေါ့။ ဘာဆက်လုပ်ရမလဲရှင်။ အဲ့လိုကြီး ထိုင်မကြည့်ချင်ပါဘူး။ ဘယ်လိုတွေဆက်ကုရမလဲ။ အဲ့အဆင့်ထိရောက်မှ ပျောက်ကင်းတဲ့လူကောရှိပါ့မလား ဖြေပေးပါရှင့်
၅။ ကင်ဆာရောဂါသည်တစ်ယောက် (တယောက်) အတွက် နောက်ဆုံးချိန်တွေကို အကောင်းဆုံး ဖြတ်ကျော်နိုင်အောင် ဘယ်လိုနည်းလမ်းတွေ လုပ်ပေးရင် အဆင်ပြေနိုင်လဲဆိုတာ သိချင်ပါတယ် ဆေးရုံ စောစောတင်ပေးထားရင် လူနာအတွက် ပိုပြီး အဆင်ပြေနိုင်မလား အတွေ့အကြုံရှိဖူးတဲ့သူများ ပြောပေးသွားပါအုံး
၆။ ကင်ဆာဝေဒနာက စိုး(ဆိုး) တယ်ဗျာ နာတာကိုက်တာတအားပဲ တစ်ခါတစ်နေ (တခါတလေ) ပါးစပ်ကပါ အသံထွက်တဲ့အထိအော်ငြီးရတာ အကိုက်ခဲပြောက်ဆေး(ပျောက်ဆေး) သောက်လည်း မထူးပါဘူး သေမယ်မှန်းသိပေမဲ့ဝေဒနာကိုတော့ မခံစားချင်းဘူး ဘာဆေးတွေသောက်ရမှာလဲဗျာ စိတ်တော်တော်ညစ်နေပြီ
၇။ ကင်ဆာဖြစ်တဲ့သူတွေကိုက်ခဲရင်ဘာဆေးတွေသောက်ရလဲရှင့်။
1.    Cancer Pain Medicines ကင်ဆာကြောင့်နာတာကိုသက်သာစေတဲ့ ဆေးအပြင်းစားများ https://dr-tint-swe.blogspot.com/2022/02/cancer-pain-medicines.html
2.    CBD Oil ဆေးဝါးသုံး ဆေးခြောက်အဆီ https://dr-tint-swe.blogspot.com/2022/10/cbd-oil.html
3.    Fentanyl (Transdermal Route) ဆေးကပ်ခွါ https://dr-tint-swe.blogspot.com/2021/12/fentanyl-transdermal-route.html
4.    Fentanyl pain patch ဆေးကပ်ခွါ https://dr-tint-swe.blogspot.com/2022/03/fentanyl-pain-patch.html
5.    Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ https://dr-tint-swe.blogspot.com/2021/05/narcotic-pain-medications.html
6.    Painkillers (1) အနာသက်သာဆေးများ (၁) https://dr-tint-swe.blogspot.com/2021/05/painkillers-1.html
7.    Painkillers (2) အနာသက်သာဆေးများ (၂) https://dr-tint-swe.blogspot.com/2021/05/painkillers-2.html
8.    Palliative care အထူးပြုစုစောင့်ရှောက်ရေး https://dr-tint-swe.blogspot.com/2022/01/palliative-care.html
9.    Tramadol အနာသက်သာဆေးတမျိုး https://dr-tint-swe.blogspot.com/2021/05/tramadol.html
မြန်မာပြည်တွင်းအခြေအနေကို နည်းနည်းသာသိပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ ဆေးရုံကြီးတိုင်းမှာ Palliative care ခေါ် ဌာနရှိတယ်။ အလွန်ဆိုးတဲ့ရောဂါနဲ့ အခြေအနေတွေကို ပြုစုကုသပေးတယ်။ ဥပမာ ကင်ဆာနဲ့ နှလုံးရောဂါ။ တာဝန်ရှိတဲ့ ဆရာဝန်တွေ သူနာပြုတွေကလည်း အဲလိုပြုစုကုသမှုအတွက် သင်ယူလေ့ကျင့်ထားသူတွေဖြစ်တယ်။ လူနာကို ကိုယ် + စိတ်သက်သာရာရစေတယ်။ မြန်မာပြည်မှာလည်း ရှိမှာပါ။
Palliative care အထူးပြုစုစောင့်ရှောက်ရေး 
- ဆေးရုံကြီးတချို့မှာ ထားတယ်။ ကင်ဆာ၊ နှလုံးရောဂါ၊ ပြန်မကောင်းနိုင်တော့သူတွေအတွက် ဖြစ်တယ်။ 
- တာဝန်ကျဆရာဝန် သူနာပြုတွေက အထူးလေ့လာသင်ကြားထားသူတွေ။ 
- လူနာကို နောက်ဆုံးရက်တွေမှာ အတတ်နိုင်ဆုံးညင်သာစေအောင်လည်း လုပ်ဆောင်ပေးကြတယ်။
- မိသားစုဝင်တွေ လာနိုင် လုပ်နိုင်တဲ့ စည်းကမ်းကလည်း ဆေးရုံက ရိုးရိုးကုသဆောင်တွေနဲ့ မတူပါ။
- ဘုန်းကြီးပင့်လို့ရတယ်။ ပရိတ်ရွတ်လို့ရတယ်။
- ဥပမာ နှလုံးဖြစ်စေ အသက်ရှူတာဖြစ်စေ ရပ်တဲ့အချိန်မှာ CPR နည်း လုပ်တာကို သဘောတူပါသလားကို - လူနာကိုရော မိသားစုကို မေးပြီး သဘောတားပေးချက်နဲ့အညီ ဆောင်ရွက်တယ်။ 
မြန်မာပြည်က အခြေအနေကို ပြောင်းလဲနေပြီလို့ ထင်ချင်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ