Doctor-patient relationship (3) ဆရာ-လူနာ ဆက်ဆံရေး (၃)
ကွန်မင့်တခု = ခေါင်းလောင်းတီးစေချင်လို့ မဟုတ်ပါခင်ဗျာ၊ ကြီးထည့်ခေါ်တာက ရှေးယခင်ကတည်းက မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်စရိုက်လို့ ထင်ပါတယ်။ ကြီးဆိုတာက ယုံကြည်အားကိုးမှုတွေကို ကိုယ်စားပြုတဲ့သဘောပါ။ ကိုယ့်သား၊ သမီးလေးတွေကို ရောဂါပျောက်အောင်ကုပေးတဲ့ ဥုံဖွဆရာတွေကိုတောင်မှ ကျေးဇူးတင်လွန်းလို့ ဆရာကြီးလို့ ခေါ်ကြသေးတာ။
ဟုတ်။ ကျွန်တော့် အဓိကအချက်က ဆရာဝန်နဲ့ လူနာဆက်ဆံရေး ဖြစ်ပါတယ်။ ဥုံဖွဆရာနဲ့ရောထွေးမှာ စိုးရိမ်မှုလည်း ပါတယ်။ ဆရာ-လူနာ ဆက်ဆံရေး (၂) ပုဒ် ရေးပြီးပါပြီ။
အဘိဓါန်မှာ ဆရာ-လူနာဆက်ဆံရေးသည် ရောဂါအမည်တပ်ခြင်းနှင့် ဆေးကုသခြင်းတို့အတွက် အရည်အသွေး ကောင်းသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် အလွန်အရေးပါသည်လို့ ရေးပါတယ်။ ခေတ်မီဆေးပညာပဋိဉာဉ်မှာလဲ ပါနေပါတယ်။ အမှန်က ဆေးပညာကိုစသင်ကြရမဲ့အချိန် ဆေးရုံထဲခြေချရတဲ့ကာလကတည်းကနေ လိုက်နာ စောင့်ထိန်းစရာတွေကို သတိကြီးကြီးနဲ့ လိုက်နာကျင့်ကြံဘို့လိုတာပါ။
ဗြိတိန်မှာ (မိုက်ကယ် ဘဲလင့်) နဲ့ သူ့ဇနီးတို့ကနေလေ့လာပြီး (ဆရာဝန်၊ သူ့လူနာနဲ့ ဝေဒနာ) ကို ရေးသားခဲ့တယ်။
• ဆရာက ထိပ်ကအမြင် = ဆရာဝန်ကပညာရှင်မို့ သိသူဖြစ်လို့ အထက်ကနေ ဆက်ဆံတယ်။ လူနာက ဝေဒနာခံစားနေရချိန်မို့ အလိုလို အောက်ကရောက်တာ သဘာဝဖြစ်တယ်။ ဆရာအပေါ် မှီခိုချင်စိတ် ကဲနေမယ်။ ဆရာက ဒီအခြေအနေကို နားလည်ရမယ်။
• အကျိုးကိုပေးမလား၊ နှစ်သိမ့်မှုကိုဖြစ်စေမလား = ရွေးချယ်ရမဲ့ နှစ်ခွအမြင်ဖြစ်တတ်တယ်။ အဲလိုအခြေအနေမှာ ဆရာဝန်က ဗျူဟာသုံးရမယ်။
• လူနာကိုယ်တိုင်လား၊ လူနာရှင်လား = ဆရာဝန်တွေက လူနာကိုတိုက်ရိုက်မေးချင်တယ်။ တချို့လူနာရှင်တွေက ရှေ့ကချည်းနေတတ်တယ်။
• ဘေးလူတွေရှိနေတာ = ကောင်းကျိုးဖြစ်စေနိုင်သလို၊ သူများမသိစေချင်တာကို လူနာကပြောမထွက်တာရှိတယ်။ ဥပမာ လိင်ပိုင်းကိစ္စတွေ။
• လူနာကုတင်ဘေးမှာ = ဆရာ့အသံ အနိမ့်အမြင့်၊ ကိုယ်မျက်နှာအမူအယာ၊ ပွင့်ပွင့်လင်းရှိတာ၊ စတာတွေဟာ အလွန်မတန် အရေးပါတယ်။
• သမားရိုးကျလား၊ ထုံးစံအတိုင်းလား = နာမယ်ခေါ်တာကအစ အလွဲမခံတတ်ဘူး။ လေ့လာမှုတခုမှာ လူနာ ၂၂၃ ယောက်က နာမယ်အစလုံးခေါ်တာ ကြိုက်တယ်၊ ၁၇၅ ယောက်က ကိစ္စမရှိဘူးတဲ့၊ ၉၉ ယောက်က မကြိုက်ဘူး။
ကျွန်တော့်အမြင်က ဆက်ဆံရေးဆိုတာအသွားအပြန် နှစ်ဘက်လုံးနဲ့ဆိုင်တယ်။ အပြန်အလှန်လေးစားမှုလိုတယ်။ တန်ဘိုးထားမှုရှိသင့်တယ်။ ယုံကြည်မှုအထိ ရရင် ကောင်းတယ်။ ဝတ်ကျေတန်းကျေဆိုရင် ပညာပိုင်းဆုံးဖြတ်တာမှာ အားနည်းသွားပြီ။ မလုံလောက်ဘူး။ လိုတာထက်ပိုသွားရင် တနည်းအားဖြင့် (ဆင်ပသီ) နဲ့ (အင်ပသီ) ရောထွေးသွားရင် ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဘက်လိုက်မှုပါတော့မယ်။
ဝေါဟာရအငြင်းပွါးမှုအနေနဲ့ရေးတာလည်း မဟုတ်ပါခင်ဗျား။ ကျွန်တော့်အယူအဆက သည်လိုတော့ မခေါ်သင့်ပါလို့ ပြောထားသူကို သည်လိုပဲခေါ်တာကိုတော့ ကောင်းတယ်လို့မထင်ပါ။ ဆောရီး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment