Duzela 30 MG Capsule ဆေးဆိုတာ

ဒီဆေးတွေက ဘာအတွက်သောက်ရတာလည်း သိရင် ပြောပေးကြပါအုံဗျ

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ကင်ဆာဆိုရင် ဆရာဝန်ကို မမေး။ ကိုဗစ်လည်း ဆရာဝန်ကို မမေး။ ဆေးအကြောင်းလည်း ဖေ့စ်ဘွတ်သာ မေးကြတယ်။

Duzela 30 MG ဆေးဆိုတာ antidepressant medicine စိတ်မကျဆေးဖြစ်တယ်။

ဘေးထွက်သက်ရောက်မှုများ - အိပ်ချင်၊ ခေါင်းမူး၊ ပျို့၊ အာခေါင်ခြောက်၊ ရင်ပူ၊ ချွေးထွက်။

ဆေးကို အစာရှိရှိ မရှိရှိ သောက်နိုင်တယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်ရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ