Questions

ဆရာရှင့် သမီးရဲ့ဂျိုင်း အဆက်နားက ထိလိုက်ရင်နာနေတယ် စမ်းကြည့်တော့လည်း အကြိတ်(အကျိတ်)လိုတော့ မစမ်းမိဘူး အဲ့တာ ဘာဖြစ်လို့နာနေတာ ဖြစ်နိုင်လဲရှင့် ခိုက်မိတိုက်မိတာလည်းမဖြစ်မိဘူးရှင့်
ဖြစ်တဲ့သူ ကလေး-လူကြီး-အသက်-ကျား-မ မသိပါ။ ဖြစ်နေတာ ဘယ်လောက်ကြာ မသိပါ။ 
ဖြစ်တဲ့သူက အရွယ်ရောက်အမျိုးသမီးဆိုရင် လစဉ်ရာသီ၊ အိမ်ထောင်ရေးနဲ့ ကိုယ်ဝန် စတာတွေလည်း သိမှသာ အဖြေမှန်လိမ့်မယ်။ မေးနည်းကို နေ့တိုင်းနေ့တိုင်း ပြန်တင်နေတာ အကြိမ် တထောင် (တစ်ထောင် မဟုတ်) ရှိပြီ။ အချိန် ၂ ဆ ကုန်စေတယ်။ 
တချို့က မေးနည်းပို့လိုက်လည်း အချက်အလက်က မစုံတော့ ၃-၄ ဆ ကုန်တယ်။
ရှင့်လို့ရေးပေမဲ့ တချို့က မေးသူက အမျိုးသမီး၊ ဖြစ်သူက အမျိုးသားလည်း လာတတ်တယ်။
တချို့က အရင်ကမေးဘူးတာက တယောက်၊ နောက်ဖြစ်တာက တယောက်။ ကျား-မ တူချင်မှ တူကြတယ်။
သမီး၊ သားလို့ရေးတာတွေကလည်း ခက်တယ်။ မေးခွန်းမေးသူရဲ့ သမီးလား ပြန်မေးရတတ်သေးတာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ