Breast Cancer "ဆောလျှင် စစ်ဆေးကုသပါ ရင်သားကင်ဆာ"
အရင်က တကြိမ်ထောက်ပြထားပါတယ်။ ပြင်တာ မတွေ့သေးပါ။ ဆရာဝန်ကမှားတာမဟုတ်ဘဲ စာရေးသူမှားတာ ဖြစ်နိုင်ပါတယ်။
"စ" နဲ့ "ဆ" မှားနေသူတွေ အတော်ကိုများပါသည်။
"ဆောလျှင်" သို့မဟုတ် "ဆောလျှင်စွာ" လို့ ရေးသင့်ပါသည်။
စောလျှင်ဆိုတာ အသိစောတာ၊ အဆင့်စော (နိမ့်၊ နည်း) တာ ဖြစ်ပါသည်။
နံနက်စောစောလည်း ဖြစ်နိုင်သည်။
"စောလျှင် စစ်ဆေးကုသပါ" ဆိုရင်တော့ အဆင့် ၁ အထက်တွေကို စစ်ဆေးကုသရန် မလိုတော့သလို ထင်မှတ်စေပါမည်။
ဘယ်ကင်ဆာမဆို သိစအဆင့်၊ အလယ်အလတ်အဆင့်နဲ့ နောက်ဆုံးအဆင့်တွေလည်း "အချိန်မရွေး" လာရောက်ကုသကြပါသည်။ ပြန်ဖြစ်သူတွေလည်း လာကြသည်။
လူနာတိုင်း အဆင့်တိုင်းကို ဆေးကုသလျှင် ဆေးမကုသသူတွေထက် အသက်ပိုရှည်ကြမည်။
ကင်ဆာလို့ ရောဂါအမည်မတပ်ရသူတွေကလည်း သံသယရှိသူတွေနဲ့ မိသားစုကင်ဆာရာဇဝင်ရှိသူတွေပါ ဆေးစစ်နေကြရပါမည်။ Secrrening လို့ခေါ်ပါတယ်။ တိတိကျကျသတ်မှတ်ချက်တွေကို တင်ပြထားပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment