Palmistry လက္ခဏာ

ဆေးစစ်ချက်တွေကို ပုံရိုက်ပြီး တင်ကြတယ်။ ကိုယ်ရေးအချက်အလက်တွေကို ဖုံးထားရပါမယ်။ တပါးသူတွေကို မသိစေရပါ။

ဆေးပုလင်းပုံတွေ တင်ကြတယ်။ တိုးတက်တဲ့တိုင်းပြည်တွေကရောင်းချတဲ့ ဆေးပုလင်းတွေမှာ လူနာအမည် စတဲ့အချက်အလက်တွေပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို တပါးသူတွေကို မသိစေရပါ။

ပစ္စည်းဖြစ်ဖြစ် ဆေးဖြစ်ဖြစ် လက်နဲ့ကိုင်ပြီး ပုံရိုက်ပြကြတယ်။ သတိထားရပါမယ်။ လက်ဝါးအရေးအကြောင်းကို ဖတ်ခြင်းဟာ လက္ခဏာပညာ။ သိတဲ့သူတွေက သိတယ်။ ကျွန်တော်လည်း ငယ်ငယ်ကတော့ ကိုင်ရိုစာအုပ်တွေ ဖတ်ဘူးတယ်။

ဆိုရှယ်မီဒီယာမှာ ခန္ဓာကိုယ်ကို ရောင်းချချင်လို့ဖြစ်စေ အခမဲ့ဖြစ်စေ ဆွဲဆောင်စေတဲ့ ပုံတွေတင်တာနဲ့ ဆေးတွေ၊ ဆေးစာတွေတင်တာ မတူသင့်ပါ။ စည်းကမ်းရှိရပါမယ်။

ဆိုရှယ်မီဒီယာမှာ လူတွေက မျိုးစုံ။ စည်းမထားသူတွေက များတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ