FDA approves treatment for adults with Alzheimer’s disease Get link Facebook X Pinterest Email Other Apps - July 02, 2024 အယ်လ်ဇိုင်းမားရောဂါကုသရန် ဆေးသစ် အတည်ပြုချက်ရရှိ။Kisunla (donanemab-azbt) injection ဆေးကို ၄ ပတ်တခါ သွေးကြောထဲ သွင်းပေးရပါတယ်။ဒေါက်တာတင့်ဆွေ Get link Facebook X Pinterest Email Other Apps Comments
Herpes labialis နှုတ်ခမ်းရေယုံ - December 07, 2020 ၁။ ဆရာ မဂ်လာပါရှင့် နှုတ်ခမ်းမှာပေါက်တဲ့ ရေယုံက ဒီအချိန်တိုင်း ပေါက်ပါတယ် ဒီအချိန်ရောက်တိုင်း နောက်နှစ်တွေလည်း ပေါက်မှာဘဲလားရှင့် နောက်မဖြစ်အောင် နေလို့ ရပါလား စားဆေး လိမ်းဆေး ညွှန်ပေးလို့ရင် ညွန်ပေးပါအုံး ဆရာ ၃ နှစ်ရှိပြီ ဒီအချိန်ရောက်တိုင်းပေါက်ပါတယ် ကျေးဇူးပါဆရာ မေးတာ အမှားပါရင်ခွင့်လွှတ်ပါ ၂။ အသက် ၃၆ မ အိမ်ထောင်ရှိ သမီး (၁)ဦး ၂နှစ်၆လ နှုတ်ခမ်းရေယုန်နာဖြစ်နေပါတယ်ရှင့်။ နှစ်ကြိမ်မြောက်ပါရှင့်။ ရောဂါအကြောင်းနှင့်ဆောင်ရန်ရှောင်ရန်သိချင်ပါတယ်ရှင့်။ ကာကွယ်ဆေးထိုးသင့်/မသင့်လည်းသိချင်ပါတယ်ရှင့်။ ၃။ မင်္ဂလာပါဆရာ သမီးအသက် ၃၈နှစ်ပါ။ ဆောင်းရာသီရောက်ရင် ပေါ်နုတ်ခမ်းအပေါ်မှာ ရေယုန်လိုအနာလေတွေ ပေါက်ပေါက်နေလို့ပါရှင့်။ ဘယ်ဆေးတွေသောက်လိမ်းရပါသလဲရှင့်။ ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ၄။ ဆရာ သမီးဘယ်ဘက်လက်ပြင်မှာ ရေယုံတလုံးပေါက်လာပါတယ်။ အိပ်ရေးပျက်တာများသွားလို့ ထင်ပါတယ်။ ခုဟိုဘက်ဒီဘက်လှည့်လို့မကောင်းပါဘူး။ အကြောတင်းကိုက်ပြီး နာလာပါတယ်။ အရင်က အဲဒီနေရာမှာ ပေါက်ဖူးပါတယ်။ ကင်းမုံရွက်နဲ့မန်းပြီး တပတ်လောက်ကြာမှ ပျောက်ပါတယ်။ ဆံပင်နဲ့ထိလို့ ပိုပွားသွားလို့ပါ။ ဆေးသောက်ရင် ပျောက်တယ်ပြောလို့ သမီးကိုညွှန်ကြားပေးပါဦးဆရ... Read more
Daflon 500 mg လိပ်ခေါင်းဆေး - July 25, 2021 (ကန်တော့) ၁။ ဆရာရှင့် သမီးကအသက် ၂၂နှစ်ပါရှင့် သမီးမှာလည်းလိပ်ခေါင်းဖြစ်နေပါတယ်ရှင့် ခွဲစိပ်မှုမလုပ်ရင်သက်သာလာနိုင်မှာလားရှင့် သမီးအရမ်းကိုစိုးရိမ်နေမိလို့ပါရှင့် သမီးကိုပြန်ဖြေပေးဖို့မေတ္တာရပ်ခံပါတယ်ရှင့် ၂။ ဆရာ တခုကူညီပါ လိပ်ခေါင်းရောဂါက ရပ်ကွက်ထဲက ဆရာဝန်နဲ့ပြတာ ရလားဆရာ လိပ်ခေါင်း ဆရာဝန်က သီးသန့်ရှိတာလားဆရာ။ တခုရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ၃။ ကျွန်မအသက် ၃၅ ပါဆရာ။ လိပ်ခေါင်းဖြစ်လို့ သားရေကွင်းတခါပစ်ဖူးပါတယ်။ နောက်ပိုင်း တခါထပ်ဖြစ်လို့ ခွဲလည်းခွဲစိတ်ဖူးပါတယ်ဆရာ။ အခုလည်း ထပ်ဖြစ်လို့ daflon ဆေးသောက်နေတာ ၄ ရက်ရှိပါပီ(ပါပြီ)ရှင့်။ ဝမ်းသွားပီး(သွားပြီး)ရင် ခဏနေရင် အဖုပြန်ဝင်သွားပါတယ်။ ဒါပေမဲ့ အထဲမှာ အောင့်ပီး(အောင့်ပြီး)နာနေတာ ၄ ရက်ရှိပီ(ရှိပြီ)ဖြစ်လို့ ထပ်ခွဲစိတ်ရမှာစိုးရိမ်လို့ပါရှင့်။ ကျွန်မ ကလေး ၃ ယောက်မိခင်ပါ။ အမျိုးသားက အဝေးမှာဖြစ်လို့ ကိုယ်ခွဲမရှိလို့ ခွဲစိတ်ရမှာ အဆင်မပြေဖြစ်မှာစိုးနေလို့ပါ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ တခါရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ၄။ မင်္ဂလာပါဆရာ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာကြာပြီခင်ဗျ ဝမ်းသွားလျှင်သွေးပန်းထွက်နေလို့ပါဆရာ deflon 500mg စ... Read more
Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ - May 11, 2021 (ကန်တော့) ဆရာ အသက်က ၂၈ နှစ်ပါ လိပ်ခေါင်းရောဂါက ခွဲစိတ်မှု ပြုလုပ်မှ ပျောက်မှာလားဆရာ ဘယ်လို လုပ်ရင်ပျောက်နိူင်ပါလဲ ဆရာ ဘာဆေးသောက်ရင် ပျောက်နိူင်ပါလဲ ဆေးလေး ညွှန်းကြားပေးပါဦးရှင့် လိပ်ခေါင်းရောဂါကနေ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်းသွေးကြောပိတ်နေတာကိုခွဲရမယ်။ စိုးရိမ်စရာမလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။ ထွက်နေတဲ့လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို ဆားခါးမှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။ ဝမ်းသွားတဲ့အခါ နာတာ။ ဝမ်းပျော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးပတီးသီး၊ မုံလာ ဖြူ-နီ-စ... Read more
Comments
Post a Comment