Probiotics ပရိုဘိုင်အောတစ်

ဆရာမင်္ဂလာပါရှင်။ ပထမဆုံးအကြိမ်ဖြစ်လို့ အမှားပါရင် ခွင့်လွှတ်ပေးပါဆရာ။ သမီးကတောင်ငူမြို့မှာနေပါတယ်ဆရာ။ သားနှစ်ယောက်ရှိပါတယ် ၆ နှစ်နဲ့ ၃ နှစ်ပါရှင့်။ အခုသိချင်တာက probiotic အကြောင်းပါဆရာ။ ကလေးငယ်တွေကို တိုက်လို့ရပါသလားဆရာ။ ကိုယ်ခံအားကောင်းတယ်လို့ကြားလို့ပါ။ သားကြီး ဝမ်းကိုက်တုန်းကတော့ တခါတိုက်ဖူးပါတယ် ဆရာ။ ဆေးရဲ့အကျိုးအာနိသင်ကိုသိပါရစေရှင့်။

Probiotics (ပရိုဘိုင်အောတစ်) ဆိုတာ Probiotic bacteria (ပရိုဘိုင်အောတစ် ဗက်တီးရီးယား) အစာလမ်းကြောင်းမှာ ရှိနေကြတဲ့ ဗက်တီးရီးယားအကောင်းတွေနဲ့ Probiotic yeasts (ပရိုဘိုင်အောတစ် ယိစ်) တွေကိုခေါ်တယ်။ ကျန်းမာရေးအတွက် ကောင်းစေတယ်။ အထူးသဖြင့် အစာခြေရာမှာအသုံးကျတယ်။

(ပရိုဘိုင်အောတစ်) က ကိုယ်ထဲမှာလည်းရှိနေတယ်။ အစားအသောက်တွေထဲမှာလည်းပါနေတယ်။ အစားအသောက် တွေကနေ ဆေးအဖြစ်ထုတ်တယ်။ ဒါ့အပြင် အစာတွေကနေ ကင်ဆာဖြစ်စေမှာကိုလဲ တားနိုင်တယ်လို့ ဆိုပါတယ်။ ဇီဝ-ဓါတုဗေဒလိုပြောရရင် b-glucuronidase နဲ့ Nitro-reductase ခေါ်တဲ့ (အင်ဇိုင်းမ်) တွေကနေ ကင်ဆာဖြစ်စေမှာမျိုး ပြောင်းလဲ မသွားစေဘို့ရာ လုပ်ပေးနိုင်တယ်။ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်တခုထဲကနေ ဒီတာဝန်ယူနေရတာကို ဒါတွေကနေ အကူညီပေးတယ်။

ရောဂါအတွက် Antibiotics (အင်တီဘိုင်အောတစ်) ခေါ် ပဋိဇီဝဆေးသောက်ရရင် ကိုယ်မှာရှိနေတဲ့ ဗက်တီးရီးယား အကောင်းတွေကိုပါသေစေတယ်။ အဲလိုအချိန်မှာ (ပရိုဘိုင်အောတစ်) ကနေအစားထိုးလုပ်ပေးမယ်။ (ပရိုဘိုင်အောတစ်) ကနေ ဆိုးတဲ့ဗက်တီးရီးယားတွေကိုနည်းစေနိုင်တယ်။ အဲတာကြောင့် အဆိုး-အကောင်း မျှနေမှသာကျန်းမာမယ်။

အမျိုးအစား (၂) မျိုးရှိတယ်။

(၁) Lactobacillus (လက်တိုဗက်ဆဲလပ်စ်) အမျိုးကအများဆုံးတွေ့ရတယ်။ Yogurt ရောဂတ်နဲ့ Fermented foods ဖါမင့်ဖြစ်အောင်လုပ်ထားတဲ့အစားအစာတွေမှာပါတယ်။ ဝမ်းလျှေတာကိုသက်သာစေတယ်။ နို့ထဲမှာပါတဲ့ lactose လက်တို့စ်သကြားဓါတ်ကိုမခံနိုင်သူတွေအတွက်လည်းကောင်းတယ်။

(၂) Bifidobacterium ဘိုင်ဖစ်ဒိုဗက်တီးရီးယမ်ဆိုတာက တချို့နို့ထွက်အစားအသောက်တွေထဲမှာပါတယ်။

အသုံးတည့်တဲ့ရောဂါတွေကတော့ Irritable bowel syndrome အူမငြိမ်ရောဂါ Inflammatory bowel disease (IBD) အူရောင်ရောဂါ၊ Infectious diarrhea ပိုးတွေကြောင့်ဖြစ်တဲ့ ဝမ်လျှောရောဂါနဲ့ Antibiotic-related diarrhea ပိုးသေဆေးကြောင့်ဖြစ်တဲ့ ဝမ်းလျှောရောဂါတွေဖြစ်တယ်။

တချို့သုတေသနတွေအရ အစာလမ်းကြောင်းနဲ့မဆိုင်တဲ့ရောဂါတွေအတွက်လည်း ကောင်းစေတယ်လို့သိရတယ်။ Eczema နှင်းကူနာ၊ Urinary and vaginal health ဆီးလမ်းနဲ့ အမျိုးသမီးလိင်အင်္ဂါလမ်း၊ Allergies and colds အလာဂျီနဲ့ အအေးမိခြင်း၊ Oral health ခံတွင်းကျန်းမာရေး။

အမျိုးသမီးတွေရဲ့ ဗဂျိုင်းနားထဲမှာ ပုံမှန်အားဖြင့် ဗက်တီးရီယားတွေရှိတယ်။ ပဋိဇီဝဆေးသောက်ရရင်ဖြစ်ဖြစ်၊ ပိုးသေဆေးပါ သန့်ရှင်းရေးဆေးရည်တွေ မလိုအပ်ပဲသုံးတာကြောင့်ဖြစ်ဖြစ် ပုံမှန်ဗက်တီးရီးယားတွေကိုပါ သေစေမယ်။ အဲဒီအချိန်မှာ ဖန်းဂတ်စ်ခေါ် မှိုပိုးဝင်လာတတ်တယ်။ အဖြူဆင်းတာဖြစ်မယ်။

တချို့မှာ (ပရိုဘိုင်အောတစ်) သောက်ရင် ဗိုက်ကယ်၊ လေပွနေတယ်။ သောက်ကာစမှာအဲလိုဖြစ်ပြီး မဖြစ်တာလည်း ရှိတယ်။ တချို့မှာ အလာဂျီရတယ်။ အဲတာဆိုဘယ်တော့မှ မသောက်ပါနဲ့။

FDA စည်းကမ်းအရ Probiotics ကို ဖြည့်စွက်အစားအသောက်စာရင်းထဲမှာ ထည့်ထားတယ်။ ဆေးဝါးမဟုတ်ပါ။ ဆေးတွေလို FDA အသိအမှတ်ပြုရယူစရာမလိုပါ။ အဲတာကြောင့် စိတ်ချရမှုအတိုင်းအတာက အကန့်သတ်သာရှိလို့ ကြော်ငြာကောင်းတိုင်း စိတ်ချရတယ်လို့မထင်သင့်ပါ။ တွတြင်တဲ့ပုံကိုသာကြ ည့်ရင် အမျိုးသမီးတွေအတွက် နှလုံးသားရေးအတွက်ကောင်းသလိုလိုထင်စေမယ်။ မဟုတ်ပါ။ 

သဘာဧ ပရိုဘိုင်အော်တစ်များ

Yogurt ယောဂတ် (ဒိန်ချဉ်)

Apple cider vinegar ပန်းသီးဗနီဂါ

Kimchi ကင်ချီ

Pickles လက်လုပ်ချဉ်

Kefir ကီဖါ

Fermented cheeses ဒိန်ခဲ

Green peas ပဲသီးစိမ်း

Buttermilk ထာပတနွားနို့

Apples ပန်းသီး

Raw milk ရိုးရိုးနွားနို့

Cottage cheese ဒိန်ခဲ

Bananas ငှက်ပျောသီး

Oats အုတ်စပါး

Asparagus ကညွတ်

Garlic ချင်း (ဂျင်း)

Soybeans ပဲပုပ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ