ကိုယ်အလေးချိန် တိုးခြင်း နည်းခြင်းနဲ့ အစားအစာ
ပုံအတွက် ကျေးဇူး။ မုန်ညင်းချဉ်လို့ရေးရ။
ထမင်းက သင့်တာထက်များသွားရင် ကိုယ်အလေးချိန်တိုးစေနိုင်တယ်။
ဆီမပါဆိုတဲ့ အရေးအသားတွေကို နေ့တိုင်း တွေ့ရတယ် ကောင်းတော့ ကောင်းပါရဲ့ ဖက်ရှင်လုပ်သလိုဖြစ်နေတယ်။ ဖက်ရှင်အဝတ်အစားဆိုတာ ဖက်ရှင်ပြပွဲမှာသာ သင့်တယ်။ နေ့စဉ်နေ့တိုင်းတော့ လူအများဝတ်စားသလိုသာ သင့်တယ်။ လူတွေ ဆီ၊ အဆီအသင့်အတင့်လိုကြတယ်။ ဆီနဲ့ အဆီ ကောင်းတာကိုတော့ ရွေးရတယ်။
ဆီနည်းလွန်းရင် အသေားအရေခြောက်တယ်။ ဗီတာမင် အေ နဲ့ ဒီ အတွက် ဆီမရှိတာ မကောင်းပါ။
ကိုယ်အလေးချိန် တိုးခြင်း နည်းခြင်းနဲ့ အစားအစာအကြောင်းအချုပ်ကို တင်ပြပါမယ်။
(၁) အလေးချိန်လျော့ခြင်းနှင့် အစာအမျိုးအစား
ပဲမျိုးစုံ၊ မတ်ပဲ၊ ပဲအမျိုးမျိုး (Fibre ကောင်းသော အရင်းအမြစ်လည်း ဖြစ်၏)
ငါး၊ အဆီနည်း အသားနှင့် ငှက်သား။ ကြက်ဥ။
နို့၊ ချဉ်ဖတ်နို့၊ ချိစ်ကဲ့သို့ အဆီနည်း သို့မဟုတ် အဆီမပါ သောက်စရာနှင့် စားစရာ နို့ထွက်ကုန်များ။
(၂) အလေးချိန်တက်ရန် အကျိုးရှိသည့် အစာများ
ပရိုတင်း (Proteins) = အဆီနည်းအသား၊ ငှက်သား၊ ငါး (အဆီဓာတ်များသော ငါးများကို ထည့်သုံးသင့်)၊ ကြက်ဥ၊ နို့ထွက်ကုန်များ၊ နို့၊ အဆီပြည့်နို့၊ ချိစ်များနှင့် တိုဖူးကဲ့သို့ ပဲမှ ထုတ်လုပ်သည့် အစာများ။
ကျန်းမာသော အဆီများ (Healthy Fats) = ထောပတ်သီး၊ (chia, flax) အစေ့၊ သံပရာ နှင့် အဆီဓာတ်များသော ငါးများ။
သကြား (Complex Carbohydrates) = အဆန်ပြည့် ဂျုံ (ဆန်၊ အဆန်ပြည့်ပေါင်မုန့်၊ ပါစတာ)၊ အာလူး၊ ကန်စွန်းဥ၊၊ အခြား ဂျုံဓာတ်များသော အသီးအနှံများ။
အသီးများ (Fruits) = ငှက်ပျောသီးနှင့် အသီးခြောက်များသည် ကယ်လိုရီနှင့် အာဟာရ ရရှိမှု ကောင်း၏။
နို့နှင့် အခြားရွေးချယ်စရာများ (Dairy & Alternatives) = အဆီပြည့်နို့၊ ဒိန်ချဉ်၊ ထောပတ်၊ ချိစ်တို့သည် ကယ်လိုရီနှင့် အာဟာရများ ပေါင်းထည့်ပေးနိုင်၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment