Women's Protein Needs အမျိုးသမီးများ ပရိုတင်းဓါတ် မည်မျှလိုအပ်ကြသနည်း

ကြွက်သားတွေ၊ အရိုးတွေ သန်မာနေစေဘို့ အမျိုးသမီးတွေ ပရိုတင်းဓါတ် လိုအပ်တယ်။ စွမ်းအင်အတွက်လည်း လိုတယ်။

နောက်ဆုံးလေ့လာမှုတွေအရ နေ့စဉ်စားသောက်လို့ရတဲ့ ကယ်လိုရီရဲ့ ၁၀% ကနေ ၃၅% ဟာ ပရိုတင်းဖြစ်သင့်တယ်။

အမျိုးသမီးတွေဟာ ပရိုတင်း အနည်းဆုံး 46 grams လိုအပ်တယ်။

ကိုယ်ဝန်ဆောင်ချိန်၊ အလုပ်ပင်ပင်ပန်းပန်းလုပ်ရချိန်၊ လူကလည်းဝရင်၊ အသက်လည်းရလာရင် ပိုလိုအပ်တယ်။ ထိခိုက်ဒဏ်ရာရတာအတွက်လည်း ပိုလိုတယ်။

တွက်ချက်နည်း

ကိုယ်အလေးချိန် ၁ ကီလို - ဝ့၈ ဂရမ်။

တနည်း ၁ ပေါင် - ဝ့၃၆ ပေါင်။

ဥပမာ ကိုယ်အလေးချိန် ပေါင် ၂၀၀ အတွက် တနေ့မှာ ပရိုတင်း ၇၂ ဂရမ်လိုအပ်တယ်။

ပရိုတင်းစားရင် အဆီ နည်းစေနိုင်တယ်။

အသက် ၄၀ ကနေ ၈၀ ရှိသူတွေမှာ ကြွက်သားထုထည် ၃၀% ကနေ ၅၀% လျော့နည်းသွားကြတယ်။ အရိုးပါအားနည်းသွာတယ်။

အငက် ၆၅ နှစ်အထက် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လေးတိုင်း ပရိုတင်း ၁ ဂရမ်လိုအပ်တယ်။

များလွန်းပြန်ရင်လည်း မသင့်ပါ။

ပရိုတင်း ဘယ်အစားအစာတွေကနေ ပရိုတင်း ရသလဲ

Lean, skinless poultry အဆီနည်းအသားများ

Fish and seafood ငါးနဲ့ ပင်လယ်စာများ

Tofu တိုဖူး

Beans ပဲသီးအမျိုးမျိုး

Legumes such as peas, chickpeas, and lentils ပဲအမျိုးမျိုး

Grains like quinoa and buckwheat ဂျုံ

Greek yogurt ယောဂတ်

Low-fat milk and cheese အဆီနည်းနွားနို့ (အသင့်အတင့်သာ)

Eggs ဥအမျိုးမျိုး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ