Albendazole သန်ချဆေး

လူကြီးများအတွက် Albendazole ဆေးပမာဏ သတ်မှတ်ချက်

ကူးစက်ပိုးအမျိုးအစား (Infection) ဆေးပမာဏ (Dosage) ဆေးသောက်ရမည့် သက်တမ်း (Duration)

တုတ်ကောင် (Pinworms) ၄၀၀ မီလီဂရမ် တကြိမ်တည်းသောက်ရန် (သီတင်းပတ် ၂ ပတ်အကြာတွင် ထပ်မံသောက်သုံးရန်)

သံလုံးကောင်၊ သန်ချိတ်ကောင်၊ ကြာပွတ်သံကောင်

(Roundworms, Hookworms, Whipworms) ၄၀၀ မီလီဂရမ် တကြိမ်တည်းသောက်ရန်

သန်ပြားကောင် (Tapeworms) နေ့စဉ် ၄၀၀ မီလီဂရမ် ၃ ရက်

ဦးနှောက်အတွင်း သန်ဥအိတ်တည်ခြင်း

(Neurocysticercosis) တနေ့လျှင် ၂ ကြိမ်၊ ၄၀၀ မီလီဂရမ်စီ ၈ ရက်မှ ရက် ၃၀ အထိ

ရေအိတ်သန်ကောင်ရောဂါ (Hydatid disease) တနေ့လျှင် ၂ ကြိမ်၊ ၄၀၀ မီလီဂရမ်စီ ၂၈ ရက် 

ကြိုတင်ကာကွယ်ဆေးပေးခြင်း

- albendazole (400 mg) သို့မဟုတ် mebendazole (500 mg) သန်ချဆေးတခုခုကို ၆ လ တခါ သို့မဟုတ် တနှစ် တခါ။

- albendazole (400 mg) နဲ့ mebendazole (500 mg) ကို အသက် ၁၂ လကနေ ၂၃ လအရွယ် ကလေးတွေအတွက် ပေးနိုင်တယ်။

- ကျောင်းမထားမီတဲ့အရွယ် ၂ နှစ်ကနေ ၄ နှစ်ကလေးတွေကိုလည်း ပေးနိုင်တယ်။

- ကျောင်းနေအရွယ် ၅ နှစ်ကနေ ၁၂ နှစ်ကလေးတွေလည်း ပေးနိုင်တယ်။

- တချို့နေရာဒေသတွေမှာ အသက် ၁၄ နှစ်ကိုပါ ပေးနိုင်တယ်။

- ကလေးအသက် ၂ နှစ် (၂၄ လ) အောက်ကို ဒို့စ် တဝက် albendazole 200 mg သာပေးရမယ်။

ဒါပေမဲ့ အခြေခံအကျဆုံးက တကိုယ်ရေသန့်ရှင်းရေး စနစ်ကျစေရမယ်။ လက်ဆေးခြင်းနဲ့ သန့်ရှင်းတဲ့ ရေနဲ့ အစားအသောက် လိုတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ