အလင်းပြဆိုတာ မှောင်မည်းနေတဲ့အခါ မီးပြခိုင်းတာ
မင်္ဂလာပါရှင့် သမီးမေးပါရစေ ရာသီက နောက်ကျလာတယ် အဲလိုဆို နောက်လမှာ ကိုယ်ဝန်ရတတ်တယ် တချို့သူငယ်ချင်းတွေက ပြောပါတယ် ရာသီတခါမှမစောဘူးပါ အသက် ၃၅နှစ် အိမ်ထောင်သက်တမ်းက ၅နှစ်ပါ ကလေကလေးမရဘူးသေးပါ အရင်က ကျားရော မပါ စစ်ဆေးဖူးတယ် ဘာမှပြသနာမရှိဘူးလို့ပြောပါတယ်ရှင့် အလင်းပြပေးပါရှင့် ကျေးဇူးတင်တယ်ရှင့်
သားအိမ် အာထွာဆောင်းရိုက်ဖူးသလား မသိ။ အလင်းပြဆိုတာ မှောင်မည်းနေတဲ့အခါ မီးပြခိုင်းတာနဲ့ အရပ်ဆရာ မျက်လှည့်ပြသူတွေကိုသာ သုံးရတယ်။
အဲလိုဘဲ အလင်းပြပါ၊ အလင်းပြပါတွေ ခဏခဏလာတယ်။
ဆရာဝန်ကို EPC ကလူထင်နေကြသလား မပြောတတ်။
အရင်က အလင်းပြပါဆိုတာ မှော်ဆရာ၊ မျက်လှည့်ဆရာတွေအတွက် သုံးတယ်။
သိချင်ပါတယ်။ သိပါရစေ။ ဖြေပေးပါရန်ဆို သင့်မှန်တယ်။
ဖြေပေးပါနော် ကနွဲ့ကလျပြောတာ။
ရိုးရိုး၊ တည့်တည့်၊ မှန်မှန် အကောင်းဆုံးဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၇-၂၀၁၉

Comments
Post a Comment