ဆေးကုနည်းပေါင်းစုံ


ဆရာမင်္ဂလာပါ ပွေးဆေးလမ်းညွှန်ပေးပါအုံးဆရာ လိမ်းဆေးဆိုရင်အဆင်ပြေပါတယ်

ပုံ ၂ ခုပို့လိုက်တယ်။

မေးတဲ့သူ ဘယ်တိုင်းပြည်မှာ နေထိုင်သလဲ မသိ။ ပုံတွေကတော့ ရှာလို့လွယ်တဲ့ ယူအက်စ်အေက။

ပွေး အမျိုးမျိုးကုသပေးခဲ့ရပါတယ်။ လိမ်းဆေးနဲ့ပျောက်သူ။ လိမ်းဆေး + စားဆေးနဲ့မှသာပျောက်သူ။ စာဆေးအဆင်ဆင့်တိုးပေးရသူ။ ရက်တိုနဲ့ပျောက်သူ။ ၆ လမက ကြာမြင့်သူ။

ဆရာဝန်လုပ်သက်ကာလအတွင်းမှာ လူနာတွေ မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဆရာ ဆေးထိုးပေးပါ။

ဆရာ သောက်ဆေးလိုချင်တယ်။

ဆရာ လိမ်းလေး။

ဆရာ ခွဲပေးပါ။

ရေးရုံတွေမှာမလုပ် ဆးခန်းမဖွင့်တော့ဘဲ မေးတာတွေကို ဖြေတော့လည်း မေးခွန်းမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အသက်-ကျား-မ မပြောသူ။

အသက်-ကျား-မ မပြောသူ။

အသက်-ကျား-မ မပြောသူ။

တခွန်းတည်းမေးသူ။

ဝတ္ထုတပုဒ်စာရှည်သူ။

အသက်-ကျား-မ မပြောသူ။

ပြည့်ပြည့်စုံစုံသိချင်ပါတယ်။

အဖြေကရှည်တော့ ဘယ်ဆေးရွေးရမလဲ မသိ။

ဘန်ကောက်သွားပြီး ဆေးစစ်ပြီးပြီ မပျောက်သေးဘူး။ ကုတာနဲ့ စစ်တာ ခွဲမသိသူ။

ဆရာဝန်ကောင်းဆိုတာ သူ့လူနာ ကိုယ် + စိတ် သကင်သာရာရရေးလုပ်ပေးနိုင်စွမ်းရှိသူတည်း။

ထိုးဆေးနာတာကြိုက်သူ - အနာဂျက်ဆင်။

လက်သာတဲ့ဆရာဝန်ကိုရွေးသူ - ဘီတွဲလ်။

ခွဲပေးတာကြိုက်သူ - ခွဲစရာမလိုလည်းခွဲ။

လိမ်းဆေးသာလိုချင်သူ - ပရုပ်ဆီ။

အသက်-ကျား-မ မပြောသူ လျက်ဆား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ