ဆေးအကြောင်း အခြေခံမှတ်ရန်
ပိုးသေဆေး၊ အကိုက်အခဲပျောက်ဆေး၊ အားဆေး၊ ဖြည့်စွက်စာဆေး စတာတွေဟာ ကြိုက်လို့သောက်ရတာ မဟုတ်ပါ။ ကြိုက်တိုင်း သောက်ရတာတွေ မဟုတ်ပါ။
တယောက်အတွက် အဆင်ပြေပြီး ကျန်တယောက်မှာ ပြေကောင်းမှသာ ပြေမယ်။
ငါ့တော့ကောင်းတယ်၊ သူ့တော့မကောင်းဘူးဆိုတဲ့ မှတ်ချက်တွေဟာ လေ့လာမှုအရပြောကြတာ မဟုတ်။ မှန်ကောင်းမှသာ မှန်တယ်။
ဆီးချိုအတွက်ဆေး၊ သွေးတိုးအတွက်ဆေး၊ ကိုလက်စထောအတွက်ဆေး စတာတွေကတော့ မကြိုက်လည်း သောက်ရတယ်။
ဆေးတိုင်းဟာ လူတိုင်းအတွက်လို့ မှတ်ယူလို့မရပါ။
တချို့ဆေးတွေကို အလွယ်ဝယ်လို့ရပြီး၊ တချို့ဆေးတွေက ဆရာဝန်လက်မှတ်နဲ့့သာ ဝယ်လို့ရတယ်။
ဘယ်တိုင်းပြည်မှာမဆို ဆေးဖြစ်စေ၊ အဝတ်အစား အသုံးအဆောင်ဖြစ်စေ၊ အစားအသောက်၊ အရက်၊ ဆေးလိပ် စတာတွေကို ကြော်ငြာပြီး ရောင်းချတယ်။ ကြော်ငြာအားကောင်းလေ ရောင်းရလေ။
ကြော်ငြာအားကောင်းတိုင်း ရောင်းတဲ့အရာတွေက ကောင်းချင်မှ ကောင်းမယ်။
ရောင်းကောင်းတိုင်းလည်း ရောင်းတဲ့အရာတွေက ကောင်းချင်မှ ကောင်းမယ်။
ဆေးကြော်ငြာမှာ USA လို့ပါပါ၊ NY လို့ပါပါ၊ ဒေါက်တာလို့ပါပါ၊ ဆရာဝန်မကြီးလို့ပြောပြော ရမ်းမယုံပါနဲ့။
အလားတူ တင်ပြဦးမယ်
ကျွန်တော်က ဆရာဝန်လည်းဖြစ်၊ ဆေးပညာမဟုတ်တဲ့အကြောင်းအရာလေးတွေလည်း ရေးတယ်။
မြန်မာစာသတ်ပုံကို
ကျွန်တော်ကတော့ ဒီလိုရေးတာကြိုက်တယ် စသဖြင့် ဆေးရွေးသောက်သလို
သမီးကတော့ ဒီသတ်ပုံကို သဘောကျတယ် စသဖြင့် မုန့်ရွေးစားသလို ပြောနေကြတယ်။
မမှန်ပါ။ သတ်ပုံက ရောင်းကုန် မဟုတ်။
မြန်မာနိုင်ငံဟာ အစစအရာရာ ကျဆင်း ဆုတ်ယုတ် ပျက်စီးလာနေတယ်။
စဉ်းစာဆင်းခြင်မှု ကျလာတာ အရာရာအတွက် မကောင်းပါ။
ရမ်းပြောသူတွေ များလာတယ်။
ရမ်းထောက်ခံ၊ ရန်းဆဲရေးသူတေံ များလာတယ်။
လိမ်တဲ့သူတွေ များလာတယ်။
ငွေရှာနည်းသစ်တွေ ပေါ်လာတယ်။
အလွဲအမှားဘက်ကနေ ရှေ့နေလိုက်ပေးသူ၊ စစ်ကူပေးသူတွေရှိတယ်။
အခုလိုကာလဆိုးမှာ ဘာကိုမဆို သတိကြီးကြရပါလိမ့်မယ်။
သိလိုတာကို ဘယ်လိုလူမျိုး၊ ဘယ်လိုနေရာ၊ ဘယ်စာထဲကနေ ရယူရမလဲဆိုတာ ခေတ်သစ်ပညာရပ်ကြီး ဖြစ်လာပါတယ်။
မလိမ်ကြနဲ့။
အလိမ်မခံကြနဲ့။
အလိမ်ခံနေရာတာကို သိပါ။ မသာယာကြနဲ့။
အသိမှန်၊ ပညာမှန်ကို ကြိုးစားရှာပါလေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment