Nutrition Facts For Fish paste ငပိ
ဤငပိများကို ဟင်းလျာအဓိကအဖြစ် စားသုံးခြင်းမျိုး မဟုတ်ဘဲ အနံ့အရသာ ပိုမိုကောင်းမွန်စေရန်အတွက် အမွှေးအကြိုင်အဖြစ်လည်းကောင်း၊ တို့စရာအမြည်း (Condiments) အဖြစ်လည်းကောင်း အာရုံစိုက်သုံးစွဲကြသဖြင့် ပုံမှန်အားဖြင့် တကြိမ်စားလျှင် ပမာဏအနည်းငယ် (ဥပမာ - ၅ ဂရမ်မှ ၁၅ ဂရမ်ခန့်) သာ စားသုံးကြသည်။ သို့သော်လည်း ၎င်းတို့တွင် ဆားပါဝင်မှုနှုန်း အလွန်မြင့်မားခြင်းကြောင့် မိမိတို့၏ ဆားစားသုံးမှုကို ထိန်းညှိစောင့်ကြည့်နေရသူများအတွက်မူ အထူးသတိပြုရမည့် အဓိကအစားအစာတခု ဖြစ်ပါသည်။
ငပိ၏ အာဟာရဓာတ် တန်ဖိုးများ (Nutrition Facts)
- ပရိုတင်း (Protein): ၄.၆၁ ဂရမ်
- အဆီ (Fat): ၀.၁၉ ဂရမ်
- ဗဟုအပြည့်မပြတ် အဆီအက်စစ် (Polyunsaturated fatty acids): ၀.၀၄ ဂရမ်
- ဧကအပြည့်မပြတ် အဆီအက်စစ် (Monounsaturated fatty acids): ၀.၀၃ ဂရမ်
- အပြည့်ဖြစ် အဆီအက်စစ် (Saturated fatty acids): ၀.၀၅ ဂရမ်
- ကိုလက်စထရော (Cholesterol): ၉ မီလီဂရမ်
- ရေဓာတ် (Water): ၂၀ ဂရမ်
- ဆား (Salt): ၁၆၁ မီလီဂရမ်
- ကယ်လ်စီယမ် (Calcium): ၉ မီလီဂရမ်
- ခရိုမီယမ် (Chromium): ၁.၇၀ မိုက်ခရိုဂရမ် (ug)
- ကြေးနီဓာတ် (Copper): ၀.၀၁ မီလီဂရမ်
- ဖလိုရိုက် (Fluoride): ၀.၀၂ မီလီဂရမ်
- အိုင်အိုဒင်း (Iodine): ၃.၃၅ မိုက်ခရိုဂရမ် (ug)
- သံဓာတ် (Iron): ၀.၁၉ မီလီဂရမ်
- မဂ္ဂနီစီယမ် (Magnesium): ၆ မီလီဂရမ်
- မဂ္ဂနိစ် (Manganese): ၀.၀၀ မီလီဂရမ်
- မိုလစ်ဒီနမ် (Molybdenum): ၀.၀၀ မီလီဂရမ်
- ဖော့စဖရပ် (Phosphorus): ၁၆ မီလီဂရမ်
- ပိုတက်စီယမ် (Potassium): ၅၅ မီလီဂရမ်
- ဆီလီနီယမ် (Selenium): ၁၄ မိုက်ခရိုဂရမ် (ug)
- ဆိုဒီယမ် (Sodium): ၆၃ မီလီဂရမ်
- ဇင့်/သွပ်ဓာတ် (Zinc): ၀.၁၆ မီလီဂရမ်
- ဗီတာမင် အေ - RAE (Vitamin A - RAE): ၄.၁၂ မိုက်ခရိုဂရမ် (ug)
- ဗီတာမင် အေ - ရက်တီနော (Vitamin A - Retinol): ၃.၁၀ မိုက်ခရိုဂရမ် (ug)
- ဗီတာမင် ဒီ (Vitamin D): ၀.၇၂ မိုက်ခရိုဂရမ် (ug)
- ဗီတာမင် အီး (Vitamin E): ၀.၀၆ မီလီဂရမ်
- ဗီတာမင် ကေ (Vitamin K): ၀.၇၀ မိုက်ခရိုဂရမ် (ug)
- ဗီတာမင် ဘီ၁ (Vitamin B1): ၀.၀၁ မီလီဂရမ်
- ဗီတာမင် ဘီ၂ (Vitamin B2): ၀.၀၃ မီလီဂရမ်
- ဗီတာမင် ဘီ၃ - နိုင်အာစင် ညီမျှပမာဏ (Vitamin B3 - Niacin equivalents): ၃.၅၂ မီလီဂရမ်
- ဗီတာမင် ဘီ၆ (Vitamin B6): ၀.၀၇ မီလီဂရမ်
- ဗီတာမင် ဘီ၉ - ဖောလိတ် (Vitamin B9 - Folate): ၂.၄၄ မိုက်ခရိုဂရမ် (ug)
- ဗီတာမင် ဘီ၁၂ (Vitamin B12): ၀.၇၅ မိုက်ခရိုဂရမ် (ug)
- ဗီတာမင် စီ (Vitamin C): ၀.၃၆ မီလီဂရမ်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment