Signs and Symptoms ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများ (Signs)
ရောဂါလက္ခဏာများကို ခန္ဓာကိုယ်၌ မျက်မြင်ကိုယ်တွေ့ မြင်နိုင်ခြင်း၊ ဆေးဘက်ဆိုင်ရာ ကရိယာများဖြင့် တိုင်းတာနိုင်ခြင်း သို့မဟုတ် ဆေးစစ်ချက်များမှတဆင့် အတည်ပြုနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
- ဥပမာများ: ဖျားခြင်း၊ သွေးတိုးခြင်း သို့မဟုတ် သွေးကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အရေပြားပေါ်တွင် အနီစက်များ ထွက်ခြင်း၊ ဖောရောင်ခြင်းနှင့် ပုံမှန်မဟုတ်သော ဓါတ်ခွဲခန်းအဖြေများ ထွက်ခြင်း (ဥပမာ - ဓါတ်မှန်၊ အမ်အာရ်အိုင် သို့မဟုတ် သွေးစစ်ချက်)။
ရောဂါဝေဒနာများ (Symptoms)
ရောဂါဝေဒနာများကို လူနာတယောက်ချင်းစီကသာ အပြည့်အဝ ခံစားရခြင်းဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန်များအနေဖြင့် တိုက်ရိုက် မြင်တွေ့နိုင်ခြင်း သို့မဟုတ် အတိုင်းအတာ ပမာဏဖြင့် တိုင်းထွာနိုင်ခြင်း မရှိပါ။
- ဥပမာများ: နာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ချင်ခြင်း၊ မူးဝေခြင်း၊ သောကရောက်ခြင်းနှင့် ယားယံခြင်း။
ရောဂါဝေဒနာ (Symptom) ဆိုသည်မှာ မိမိကိုယ်တိုင် ခံစားရသော်လည်း အခြားသူများအနေဖြင့် အမြဲတစေ မမြင်နိုင်၊ မတိုင်းတာနိုင်သည့် အရာများ ဖြစ်ပါသည်။
"ဝေဒနာဆိုတာ ခံစားရသူရဲ့ ကိုယ်တွေ့အတွေ့အကြုံကို ရည်ညွှန်းတာပါ"
"ဒီအရာတွေဟာ အခြားသူတွေ မမြင်နိုင်ရင်တောင် တကယ်ရှိနေတဲ့ အမှန်တရားတွေ ဖြစ်ပါတယ်။ ဝေဒနာတခုတည်းနဲ့တော့ ရောဂါကို အတည်မပြုနိုင်ပေမဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေအနေနဲ့ နောက်ထပ် ဆေးစစ်တာ ဒါမှမဟုတ် ကုသမှုတွေ လုပ်ဖို့အတွက် ရှေ့ဆက်ရမယ့် အဆင့်တွေကို ဆုံးဖြတ်ပေးနိုင်ပါတယ်"
ရောဂါဝေဒနာများသည် စိတ်ခံစားမှုအပေါ်တွင်လည်း အခြေခံသဖြင့် လူတယောက်နှင့် တယောက် မတူညီဘဲ ကွဲပြားနိုင်ပါသည်။
"လူနှစ်ယောက်ဟာ ရောဂါတခုတည်း ဖြစ်နေရင်တောင် ခံစားရတဲ့ ဝေဒနာချင်း မတူတာမျိုး ရှိနိုင်ပါတယ်"
"တယောက်က ခါးနာတယ်လို့ ပြောချိန်မှာ အခြားတယောက်ကတော့ မောပန်းနွမ်းနယ်တယ်လို့ ပြောနိုင်ပါတယ်"
နာကျင်ခြင်းသည် အဖြစ်များသော ဝေဒနာတခု ဖြစ်ပါသည်။
"ဒါပေမဲ့ အဲဒီနာကျင်မှုကို ဓါတ်ပုံရိုက်လို့မရသလို ဆေးစစ်ချက်နဲ့လည်း ရှာမတွေ့နိုင်ပါဘူး"
" ဓါတ်မှန် (X-ray) ရိုက်ကောင်း ရိုက်နိုင်ပေမဲ့ ဓါတ်မှန်အဖြေက အရိုးကျိုးတာမျိုးလို နာကျင်ရတဲ့ အကြောင်းရင်းကိုသာ ပြသနိုင်တာဖြစ်ပြီး နာကျင်မှု ခံစားရတာကိုတော့ တိုက်ရိုက်မပြနိုင်ပါဘူး"
ဝေဒနာများသည် စိတ်အနှောင့်အယှက်ဖြစ်ရုံမျှမှသည် လူ့ဘဝတခုလုံးကို ပြောင်းလဲပစ်နိုင်သည်အထိ ဖြစ်နိုင်သဖြင့် ပုံမှန်အားဖြင့် ကျွန်ုပ်တို့သည် ဝေဒနာများ မခံစားချင်ကြပါ။ သို့သော် ဝေဒနာမရှိခြင်းသည် ပြီးပြည့်စုံသော ကျန်းမာရေး ရှိနေခြင်းကို အမြဲတစေ မဆိုလိုပါ။
"ရောဂါအများစုဟာ ရောဂါပုန်း (Asymptomatic) တွေဖြစ်ကြပြီး ဘာဝေဒနာမှ မပြတတ်ပါဘူး"
သွေးတိုးရောဂါသည် အင်္ဂါအစိတ်အပိုင်း အများအပြားကို ပြင်းထန်စွာ မပျက်စီးစေမီအထိ နှစ်ပေါင်းများစွာ ဘာဝေဒနာမှ မပြဘဲ နေတတ်သည့် ရောဂါပုန်း အမျိုးအစားအတွက် ထင်ရှားသော ဥပမာတခု ဖြစ်သည်။ ခဏတဖြုတ်အတွင်း မည်သည့် ဝေဒနာမျှ မခံစားရသော်လည်း ပြင်းထန်နိုင်ပါသည်။
"လူအများစုဟာ ဆရာဝန်နဲ့ ရက်ချိန်းပြသပြီး သွေးပေါင်ချိန် တိုင်းကြည့်တဲ့အခါကျမှ မိမိတို့မှာ သွေးတိုးရောဂါ ရှိနေမှန်း သိကြရတာပါ"
ရောဂါဝေဒနာများ၏ ဥပမာများ
- မူးဝေခြင်း
- မောပန်းခြင်း / အသက်ရှူရခက်ခဲခြင်း (Dyspnea)
- နုန်းခွေခြင်း / မောပန်းနွမ်းနယ်ခြင်း (Fatigue)
- နေထိုင်မကောင်းသလို ခံစားရခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်တက်ခြင်း
- ပျို့အန်ချင်ခြင်း
- ခန္ဓာကိုယ် တနေရာရာ၌ (ဥပမာ - ခါး၊ ရင်ဘတ်၊ လက်မောင်း သို့မဟုတ် ခြေထောက်များတွင်) နာကျင်ခြင်း သို့မဟုတ် ထုံကျင်ခြင်း
- နားအူခြင်း (Tinnitus)
ရောဂါဝေဒနာများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည် -
- အပြင်းစား သို့မဟုတ် ချက်ချင်းဖြစ်သော ဝေဒနာ (Acute): ဤဝေဒနာများသည် လျင်မြန်စွာ ပေါ်လာတတ်ပြီး ပြင်းထန်လေ့ရှိသည်။ "အပြင်းစားဝေဒနာဆိုတာ လတ်တလောနဲ့ ရုတ်တရက် စတင်ဖြစ်ပွားတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ သာမန်အအေးမိတာ ဒါမှမဟုတ် တုပ်ကွေးလို ဗိုင်းရပ်စ်တွေက အပြင်းစားဝေဒနာတွေကို ဖြစ်စေပါတယ်" ဟု ဒေါက်တာဒေါ်က ထပ်လောင်းပြောသည်။
- နာတာရှည် ဝေဒနာ (Chronic): နာတာရှည်ဝေဒနာ ဖြစ်ပါက ကြာရှည်စွာ ခံစားရတတ်ပြီး ပုံမှန်အားဖြင့် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတတ်သည်။
"ရာသီအလိုက် ဖြစ်တတ်တဲ့ ဓာတ်မတည့်မှုတွေကြောင့် ရက်သတ္တပတ်၊ လအတော်ကြာ ဒါမှမဟုတ် ဒီထက်မက ကြာရှည်နိုင်တဲ့ နာတာရှည် နှာခေါင်းအမြှေးရောင် ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်"
- ပြန်ဖြစ်သော ဝေဒနာ (Relapsing): ဝေဒနာများ လုံးဝသက်သာသွားပြီးမှ နောက်ပိုင်းတွင် ပြန်လည်ပေါ်လာခြင်း ဖြစ်သည်။ "ပြန်ဖြစ်တယ်ဆိုတာ ခေတ္တသက်သာသွားပြီးတဲ့နောက် ဝေဒနာတွေ ပြန်လည်ပေါ်ပေါက်လာတာကို ဆိုလိုတာပါ။ ဒါကို ရောဂါပြန်ထကြွတယ်လို့လည်း ခေါ်နိုင်ပါတယ်" ဟု သူမက ရှင်းပြသည်။
- သက်သာလိုက် ပြန်ဖြစ်လိုက်သော ဝေဒနာ (Remitting): ဤဝေဒနာများသည် ပြန်မဖြစ်မီ အချိန်ကာလတခုအထိ အတိုင်းအတာတခုအထိ သက်သာနေတတ်ပါသည်။
ရောဂါလက္ခဏာ (Sign) ဆိုသည်မှာ ကျန်းမာရေးပြဿနာ ရှိနိုင်ခြေကို ညွှန်ပြနိုင်ပြီး အခြားသူများ မြင်နိုင်၊ တွေ့နိုင်သည့် အရာများ ဖြစ်သည်။
"သွေးစစ်ချက်မှာ ပရော့စတိတ် သီးခြား အန်တီဂျင် (PSA) ပမာဏ မြင့်မားနေတာဟာ ပရော့စတိတ် (ဆီးကျိတ်) ပြဿနာရှိတဲ့ လက္ခဏာတခု ဖြစ်ပါတယ်" ဟု ဒေါက်တာဒေါ်က မိန့်ဆိုသည်။ "အရေပြားပေါ်မှာ အကြေးခွံလို အဖတ်တွေ ကွာကျနေတာဟာ ဆိုရီယေးစစ် (Psoriasis) အရေပြားရောဂါရဲ့ လက္ခဏာတခု ဖြစ်နိုင်ပါတယ်"
အချို့သော လက္ခဏာများသည် အနာဂတ်တွင် ဖြစ်လာနိုင်မည့် ကျန်းမာရေး အခြေအနေကို ကြိုတင်ခန့်မှန်းနိုင်သည် သို့မဟုတ် အတိတ်က ခံစားခဲ့ရဖူးသည့် အခြေအနေအတွက် အချက်အလက်များ ပေးနိုင်ပါသည်။
"သွေးစစ်ချက်မှာ ထရိုင်ဂလစ်စရိုက် (Triglycerides) အဆီဓာတ် မြင့်မားနေတာဟာ ဆီးချို၊ လေဖြတ်တာ ဒါမှမဟုတ် နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများနေတဲ့ လက္ခဏာတခု ဖြစ်ပါတယ်" ဟု သူမက မှတ်ချက်ပြုသည်။ "ဆေးခန်းမှာ ရိုက်တဲ့ နှလုံးလျှပ်စစ်လှိုင်း (EKG) ကနေ လွန်ခဲ့တဲ့ လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာက သင်ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖြစ်သွားခဲ့ဖူးတဲ့ နှလုံးရုတ်တရက် ရပ်သွားမှု (Silent Heart Attack) ရဲ့ လက္ခဏာတွေကို ပြသနိုင်ပါတယ်"
ရောဂါဝေဒနာများနှင့် မတူသည်မှာ ရောဂါလက္ခဏာများကို သင်ကိုယ်တိုင် အမြဲတစေ မခံစားရခြင်းပင် ဖြစ်သည်။ အမှန်စင်စစ် အခြေအနေအများစုတွင် ကျန်းမာရေးစောင့်ရှောက်သူ ဆရာဝန်ကသာ ထိုလက္ခဏာများကို ပထမဆုံး စတင်တွေ့ရှိလေ့ရှိသည်။
"ခန္ဓာကိုယ် ကျန်းမာနေတယ်လို့ ခံစားရရင်တောင် ရောဂါလက္ခဏာတွေ ရှိနေနိုင်ပါသေးတယ်"
"ဒါကြောင့်ပဲ ကျန်းမာရေး ပုံမှန်စစ်ဆေးမှုတွေ လုပ်တဲ့အခါ အရေးကြီးတဲ့ ရောဂါလက္ခဏာတွေကို မကြာခဏ ရှာဖွေတွေ့ရှိရတာ ဖြစ်ပါတယ်"
ဥပမာအားဖြင့်၊ သင့်အရေပြားပေါ်တွင် သင်ကိုယ်တိုင် ဘယ်တုန်းကမှ သတိမထားမိခဲ့သော ပုံမှန်မဟုတ်သည့် အစက်အပြောက်တခု ရှိနေနိုင်ပါသည်။ သင့်ကို ဆရာဝန်က ခန္ဓာကိုယ်အနှံ့ အရေပြားကင်ဆာ စစ်ဆေးပေးရာမှ တွေ့ရှိသွားပြီး ဆေးစစ်ချက် အဖြေများအရ အရေပြားကင်ဆာ ဖြစ်နေသည်ကို သိရခြင်းမျိုး ဖြစ်သည်။ ထို့အတူ ရင်သားဓါတ်မှန် (Mammogram) ရိုက်ရာတွင် ပုံမှန်မဟုတ်မှုတခု တွေ့ရှိရခြင်းသည်လည်း ရင်သားကင်ဆာ သို့မဟုတ် ကင်ဆာမဟုတ်သော ရင်သားရောဂါ၏ လက္ခဏာတခု ဖြစ်နိုင်ပါသည်။
အချို့သော ရောဂါတွေကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေကနေ ရတဲ့ လက္ခဏာတွေကတဆင့်သာ ရှာဖွေတွေ့ရှိနိုင်တာပါ။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နေကောင်းတယ်လို့ ခံစားရရင်တောင် ဆရာဝန်နဲ့ ပုံမှန်ပြသဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ သာမန်အားဖြင့် မျက်စိနဲ့ မမြင်နိုင်တဲ့ ဒါမှမဟုတ် အလွယ်တကူ မသိသာတဲ့ လက္ခဏာတွေကို ရှာဖွေစစ်ဆေးပေးတာ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ၏ ဥပမာများ
ရောဂါလက္ခဏာများ၏ ဥပမာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
- သွေးဆဲလ်အပြည့်အစုံ စစ်ဆေးချက် (CBC) တွင် ဟီမိုဂလိုဘင် နည်းနေခြင်း သို့မဟုတ် သွေးနီဥများ မြင့်မားနေခြင်းကဲ့သို့ ပုံမှန်မဟုတ်သော ရလဒ်များ တွေ့ရခြင်း
- နားထောင်ကရိယာ (Stethoscope) ဖြင့် နားထောင်သည့်အခါ အဆုတ်မှ တရွှတ်ရွှတ် သို့မဟုတ် တရွှီရွှီ မြည်သံများ ကြားရခြင်း
- စိတ်ဝေဝါးခြင်း သို့မဟုတ် အမူအကျင့်များ ပြောင်းလဲလာခြင်း
- မျက်နှာ သို့မဟုတ် ခန္ဓာကိုယ် တဖက်ခြမ်း ရွဲကျခြင်း / လေဖြတ်သလို ဖြစ်ခြင်း
- ပုံမှန်ကျန်းမာရေး စစ်ဆေးစဉ် ဆရာဝန်က စမ်းသပ်မိသော အသည်းကြီးနေခြင်း
- ရင်သားဓါတ်မှန်၊ အမ်အာရ်အိုင် (MRI) သို့မဟုတ် ဗလင်းဓါတ်မှန် (X-ray) ကဲ့သို့ ပုံရိပ်ဖော် စစ်ဆေးချက်များတွင် ပုံမှန်မဟုတ်မှုများ တွေ့ရခြင်း
- သွေးပေါင်ချိန် တက်ခြင်း သို့မဟုတ် ကျခြင်း
- နှလုံးခုန်နှုန်း မြန်ခြင်း၊ နှေးခြင်း သို့မဟုတ် စည်းချက်မမှန်ခြင်း
- အရေပြားပေါ်တွင် အနီစက်များ ထွက်ခြင်း သို့မဟုတ် အရေပြားအရောင် ပြောင်းလဲခြင်း
ဒေါက်တာတင့်ဆွေ
Comments
Post a Comment