Rotten fruits သတ်ပုံမှားဆုတောင်းစာတွေ လာပြန်ပြီ
မှားနေတဲ့ပုံ မတင်လိုပါ။ မြင်သူ့အပေါင်းမှာ အောက်မြစ် မလို။ ကြွေးမြေခသိမ်း မဟုတ်။ ကြွေးမြေခပ်သိမ်းလို့ ရေးရတယ်။ နေ့ဆင်နေတိုင်းရေးတာလည်း မှားတယ်။ နေ့စဉ်နေ့တိုင်းလို့ ရေးရတယ်။ တ စသတ်တာတော့ မပြောတော့ပါဘူး။ နောက်အမှားစာတွေ လာဦးမယ်။ ပိုးဖေါက်နေမှန်းမသိတဲ့ သစ်သီး လက်ဆောင်ပေးသလိုပဲ။ အမှား မပို့သင့်။ အမှား မရေးသင့်။ အမှား မလုပ်သင့်။ ဒေါက်တာတင့်ဆွေ ၃၀-၁၂-၂၀၁၉ ၃၀-၁၂-၂၀၂၀