Never Let Them See You sweat ချွေးထွက်တာ လူမမြင်စေနဲ့

နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းကြတယ်။ ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက် သုံးပါတယ်။ နိုင်ငံရေးမှာ ဆုတောင်းတာ သိပ်မတွေ့မိသလို ဆုပြန်ပေးစရာလဲ ရှားပါးလှတယ်။ 


စောစောက ရေဒီယိုတခုကနေ အင်တာဗျူးပါတယ်။ လက်ရှိအစိုးရအပေါ်မေးတာတွေ။ 


ငြိမ်းချမ်းရေး။ အစိုးရဆိုတာ ပွဲစားလိုပဲ။ လက်နက်ကိုင်ထားကြသူတွေက တိုက်ချင် တိုက်လိုက်ကြ။ ရပ်ချင် ရပ်လိုက်ကြ။ ငြိမ်းချမ်းရေးက သူတို့သေနတ်ပြောင်းဝက ထွက်တာ။ 


လူကိုကြည့်ပြီး မဲပေးသလား။ ပါတီကြည့်မဲပေးသလား တဲ့။ မဲပေးသူတွေက သမိုင်းကြည့်ပြီး မဲပေးကြပါတယ်။


တောင်ပြိုကမ်းပြို ဘာကြောင့်နိုင်သလဲ။ လက်ရှိပါတီဟာ ပြန်ပြီးအနိုင်ရအောင် ၅ နှစ် ကြိုးစားခဲ့တာပါ။


ကျွန်တော် ပြည်ပကိုထွက်ပြေးရတော့ ပုလဲကအိမ်လေးကို စစ်အစိုးရကချိတ်ပိတ်လိုက်လို့ မိသားစုက မုံရွာသွား အိမ်ငှားနဲ့ နေကြရတယ်။ အိမ်နီးချင်းတွေက ကောင်းကြတယ်။ အဒေါ်ကြီးတယောက်က ဒေါ်မြမြအေးကို အကြံပေးတယ်။ 


အေးရေ မနက်မှာ သူများတွေမနိုးခင်ထ၊ အိမ်မှုကိစ္စတွေ ပြီးစီးအောင်လုပ်ထား။ သူများတွေ အိပ်ရာထလောတော့ ကိုယ်က ဘာမှမလုပ်ရသလိုနေ တဲ့။ 


သူ့ကြည့်လိုက်ရင် သနပ်ခါးအဖွေးသားနဲ့ သပ်သပ်ရပ်ရပ်။ ချက်စရာပြုတ်စရာတွေက ပြီးနေပြီ။ နေအိမ်လေးလည်း သန့်လို့ရှင်းလို့။ သူများတွေ အိပ်ကောင်းနေချိန်မှာ သူချွေးထွက်ခဲ့ပါတယ်။


ဒေါက်တာတင့်ဆွေ

၂၉-၁၂-၂ဝ၁၄

၂၉-၁၂-၂၀၂၀


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ