ပိန်းဥ ပိန်းရိုး ပိန်းရွက်
ပိန်းပင်ကို taro plant (သို့မဟုတ်) taro ဟု ခေါ်သည်။ ရုက္ခဗေဒအမည် - Colocasia esculenta ပိန်းဥနှင့် အရိုးများကို စားသုံးရန် အသုံးပြုသည်။ စားသုံး၍ရသော ပိန်းယဉ်နှင့် အလေ့ကျပေါက်သော ပိန်းရိုင်းဟူ၍ ရှိသည်။ (၁) ပိန်းဥ (Taro) ပစိဖိတ်ကျွန်းသူကျွန်းသားများ၏ အဓိကအစားအစာအဖြစ် အစဉ်အဆက် စိုက်ပျိုးလာခဲ့ကြသော ဥနှင့် အရွက်စား အပင်တမျိုး ဖြစ်ပါသည်။ ပိန်းဥကို အဓိကအားဖြင့် ကစီဓာတ်ပါဝင်ပြီး အချိုရသရှိသော ဥအတွက် စိုက်ပျိုးကြခြင်း ဖြစ်သည်။ ပိန်းဥ၊ ပိန်းရိုး၊ ပိန်းရွက်နုနှင့် အမြစ်များကို အစားအစာ အမျိုးမျိုး ပြုလုပ်ရာတွင်လည်းကောင်း၊ ဆေးဖက်ဝင် ပစ္စည်းအဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ Colocasia esculenta (အများအားဖြင့် Taro သို့မဟုတ် Eddoe ဟု ခေါ်သည်) သည် ပိန်းဥ၏ လူသိအများဆုံး အမျိုးအစားဖြစ်ပြီး "ပိန်းဥစစ်စစ်" ဟု သတ်မှတ်ကြပါသည်။ ထိုအပင်သည် အပူပိုင်းဒေသများ၊ အထူးသဖြင့် ပစိဖိတ်ဒေသ၏ စိုစွတ်ပြီး မိုးရေချိန်များသော ရာသီဥတုတွင် ဖြစ်ထွန်းပါသည်။ အပင်မှာ ၃ ပေမှ ၄ ပေအထိ မြင့်မားပြီး စားသုံးနိုင်သော အမြစ်/ဥများသည် ၁ ပေအထိ နက်ရှိုင်းစွာ ဆင်းလေ့ရှိသည်။ ယခုအခါ အာရှ၊ အာဖရိကနှင့် ပစိဖိတ်ဒေသတခုလုံးတွင် ပေါက်ရောက်လ...