ကုတင် နဲ့ ခုတင်
၁။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုတွေ မြင့်တက်လာနေရာမှာ အောက်ဆီဂျင်နဲ့ လူနာခုတင်တွေ ပြတ်လပ်သွားလို့ ဆေးရုံတွေမှာ လူနာလက်မခံနိုင်တော့ဘဲ ပြန်လွှတ်နေရပါပြီ။ (BBC Burmese)
၂။ ဆရာရေ မသိလို့မေးချင်လို့ပါ။ ဆေးရုံတွေမှာ ကုတင် ၁၀၀ လို့ရေးထားတာ အများဆုံးတွေ့ရလို့ပါ။ ခုတင် ၁၀၀ ဆံ့လို့ နောက်မှ ပြောင်းရေးထားတာ တွေ့ရပါတယ် ကုတင်၊ ခုတင် ဘယ်စာလုံးပေါင်းက အမှန် ရေးရင် ကောင်းမလည်းခင်ဗျား
၃။ ကတင်၊ ကုတင်၊ ခုတင် အမှန်သိပါရစေ။ ကုနှင့် ခုကို ဆေးရုံတွေမှာ နှစ်မျိုးစလုံးသုံးတာတွေ့နေပါတယ်။
၄။ ကုတင်၊ ခုတင် ရှင်းပြပေးပါခင်ဗျား
၅။ ကုတင် (၁ဝဝ) ဆေးရုံ ခုတင် (၁ဝဝ) ဆေးရုံဟု (၂) မျိုးရေး နေ ကြသည်။ ခုတင်ဟု ပိုသုံးကြသည်။ ဘယ်အသုံးက ပိုမှန်ပါသလဲ။
ခုသတ်ပုံစာအုပ်တွေမှာ ခုတင်လို့ရေးတယ်။ အလွန်စောတဲ့ သတ်ပုံစာအုပ်တွေမှာ မပါခဲ့ပါ။ ကုလားထိုင်အသုံး ဖြစ်လာမှသာ ကုတင်လို့ရေးလာကြတယ်။
ခု ကဝိဒဇသတ်ပုံကျမ်း (ဦးစံချစ်၊ ၁၉၅၄)
ခုခံသည်
ခု-ဆယ်-ရာ
ခုတုံးလုပ်သည်
ခိုးလို့ခုလု၊
ခု (နောက်ထုတ်သတ်ပုံ)
ခု မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်၊ ၁၉၆၂)
ခုခံ
ခုခံသည်
ခုတင်က (စောစောက)
ခုတင်ညောင်စောင်း
ခုတုံးလုပ်
ခုနက
ခုနစ်ခု
ခုနစ်စဉ်ကြယ်
ခုနစ်သံချီ
ခုနှစ် (၇)
ခုနှစ် (နှစ်)
ခုနှစ်သက္ကရာဇ်
ခုနှိမ်
ခုနှိမ်
ခုနှိမ်သည်
ခုလုခုလု = ခိုးလိုးခုလု
ခူလီးခုလု
စိတ်ခုသည်
တစုံတခု၊
ယခု
ယခု
ယခုနေ့
ယခုပင်
ယခုအခါ
လမ်းခုလတ်
အခုအခံ
ကု
ကုဋိ (ကုဋီ)
ကုဋေကုဋာ
ကုတို့ (ကူးတို့)
ကုထုံး
ကုဗပေ
ကုမာရ
ကုမုဒြာ (ကုမုဒ်ကြာ)
ကုမ္မာရီ
ကုရုကျွန်း
ကုလသမဂ္ဂ
ကုလားကျမင်း
ကုလားကာ (ကန့်လန့်ကာ)
ကုလားဆင်
ကုလားတည် သရက်ချဉ်
ကုလားထိုင်
ကုလားပဲ
ကုလားဖန်ထိုး
ကုလားဖြူ
ကုလားမ
ကုလားမခြေထောက်
ကုလားရွှေ
ကုလားသေကုလားမော
ကုလားဟင်း
ကုလားအုပ် (ကုလားအုတ်)
ကုလားအော်ငရုတ်
ကုသမင်း
ကုသသည်
ကုသိနာရုံ
ကုသိုလ်
ဆေးကုလားမ
ဦးကုလားရာဇဝင်
လေးတိုင်ကုတင်နဲ့ ခြောက်တိုင်ကုတင်လို့ ပြောဆိုရေးသားခဲ့ကြပါတယ်။ ကိုယ်ထင် ကုတင်ရွှေနန်းလို့ စကားပုံရှိတယ်။ ကျွန်တော်ဆရာဝန်လုပ်ခဲ့စဉ်က ၂၅-၅ဝ ကုတင်ဆံ့ဆေးရုံလို့ ရေးတယ်။ ဆေးရုံအတွက် ကုတင်တွေအလှူခံခဲ့တယ်။ လှူကြတယ်။ သတ်ပုံမှာတယ်လို့တယောက်ကမှ မပြောကြပါ။
မယ်ခွေရဲ့ ဆေးတံတိုဒွေးချိုးမှာ ကုတင်လို့ရေးထားတယ်။ ကျွန်တော်က ကုတင်ကမှန်တယ် ထင်နေတယ်။
ဆေးတံတို တညှိုလောက်
ရော့ သောက်တော့ပေး။
မယူလိုက်က မိုက်လို့ထင်
ယူလိုက်ပြန်က ကြိုက်လို့ထင်
သောက်စေချင်
ကုတင်တွင် ထောင်ခဲ့ကွဲ့
ညိုနွဲ့ရဲ့လေး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment