Tramadol အနာသက်သာဆေး

တနေ့လုံးကိုက်ခဲနေတာကြောင့် Tramadol ဆေးကိုမနက်တကြိမ်ညနေတကြိမ်တနေ့၂လုံးသောက်မှသက်သာပါတယ်၊ဘေးထွက်ဆိုးကြိုးဘာဖြစ်နိုင်ပါသလည်းခင်ဗျာ၊အမြဲတမ်းသောက်နေရရင်အစဉ်ပြေပါ့မလားဖြေကြားပေးကြပါခင်ဗျာကင်ဆာဝေဒနာရှင်အားလုံးရောဂါဝေဒနာများလျော့ပါးကင်းစင်သက်သာကြပါစေ။
ဆရာဝန်ကို မေးတာတော့ မဟုတ်။ စာရေးတာ သတ်ပုံ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကင်ဆာနေရာမှာ သတ်ပုံမှန်အောင် ရေးတတ်သူက အလွန်ရှားတယ်။ ပါပီ၊ တေ၊ ဖစ်၊ မာ နဲ့ ကင်ဆာဖြစ်နေတာတောင် ကချင်သူသာများတယ်။
1. ဆရာရှင့် ကျမ၏ခါးက နည်းနည်းတော့ ပြန်နာလာပါသည်ရှင့်။ ဆရာဝန်က (ထော်မတော)  ‌ေအာက်ပါဆေးကို သောက်ခိုင်းပါသည်ရှင့်။ အဲသည်ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ကျေးဇူးပြု၍ ‌ပြောပြပေးစေလ်ုပါသည်ရှင့်။ ဆရာသက်ရှည် ကျန်းမာပါ‌စေရှင့်။
2. Tramadol ကို နေ့တိုင်း တလုံးသောက်လို့ ဆိုးကျိုးရှိလား၊ အူမကြီးကင်ဆာအလုံးအကြိတ်က ခွဲမထုတ်နိုင်လို့ ခါးတွေစူးစူးပြီးကိုက်နေလို့ပါ
3. tramadol ထိုးဆေးကို အသဲကင်ဆာလူနာအတွက် နာရင်ထိုးဖို့ ဆရာဝန်ဆောင်ခိုင်းထားလို့ ဝယ်ထားပါတယ်ဆရာ လူနာက lenvima 4mg ကင်ဆာဆေးသောက်တာ မခံနိုင်အောက် ကိုယ်လက်ကြွက်သားတွေ ကိုက်ခဲနေလို့ tramadol ထိုးဆေး ထိုးပေးလို့ရနိုင်မလားဆရာ ပြနေတဲ့ဆရာဝန်နဲ့ ရက်ချိန်းမပြရသေးလို့ပါ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာ
4. Tramadol က အစာအိမ်ထိခိုက်ပါသလားခင်ဗျာ
5. ဆေးက အစာစားပီး (ပြီး) သောက်တာလား မစားခင်သောက်တာလား
6. ဆရာရှင့် အသက် ၈၁နှစ်ရှိ အမေ ပေါင်ကျိုး ကျောက်ကပ်ဆီးဆိပ်တတ် ကုနေပြီးနာကျင်ကိုက်ခဲလို့ tramadol ဆေးကျွေး အိပ်ပဲနေ စကားမပီမသနဲ့ သတိမေ့ပြီး ကောင်းစွာမပြောနိုင်ပါဘူး။ ဆေးရဲ့ကောင်းကျိုး ဆိုးကျိုးသိပရစေရှင့်။ အလုံးစုံနားမလည်လို့ မြန်မာလိုပြောပြပေးပါလားဆရာ။ မှားတာရှိရင်ခွင့်လွှတ်ပါရှင့်။
ဆေးဘယ်လောက်ပေးမလဲ
၁။ For chronic pain နာတာရှည်နာခြင်း
Adults လူကြီး 100 milligrams (mg) တနေ့ တကြိမ်။
ကုသပေးနေတဲ့ဆရာဝန်က လိုအပ်ရင် တိုးပေးမယ်။ တနေ့မှာ 300 mg ထက် မကျော်စေရ။
Children 12 years of age and older—Use and dose must be determined by your doctor.
၂။ For moderate to severe pain အသင့်အတင့်မှ အလွန်နာခြင်း
50 to 100 milligrams (mg) ကို ၄-၆ နာရီခြားနဲ့ စတင်ပါ။
ကုသပေးနေတဲ့ဆရာဝန်က လိုအပ်ရင် တိုးပေးမယ်။ တနေ့မှာ 400 mg ထက် မကျော်စေရ။
Tramadol ထွာမဒေါ ခေါ် အနာသက်သာဆေးက ယေဘုယျအားဖြင့် လူနာတွေက ခံနိုင်ရည်ရှိကြတယ်။ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။
အများဆုံးဖြစ်လေ့ရှိတာတွေ - ပျို့၊ ဝမ်းချုပ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ကောင်းတယ်လို့ထင်နေ၊ အစာမကျေ၊ တင်းတောင့်နေ၊ အားနည်း၊ အိပ်ချင်၊ အန်ချင်။
နည်းနည်းသာဖြစ်တတ်တာတွေ - ယား၊ ချွေးထွက်၊ အာခေါင်ခြောက်၊ ဝမ်းပျက်၊ အရေပြားအနီကွက်၊ မျက်စိကြည့်မကောင်း၊ ခေါင်းမူး။
Tramadol ဆေးဟာ ဘိန်းလိုပါတယ်။ ဆေးစွဲစေတယ်။ ဆေးတလွဲသုံးသူတွေရှိတယ်။ ဆေးအဆများလွန်းရင် သေဆုံးနိုင်တယ်။
Tramadol အများအားဖြင့် စားဆေးပေးတယ်။ Tramadol injections ထိုးဆေး ဘယ်လောက်ပေးရသလဲ
အသက် ၁၂ နှစ်အထက်
50 or 100mg 4-6 hourly by the intravenous or intramuscular route
Intravenous injections must be given slowly over 2-3 minutes.
For post-operative pain administer an initial bolus of 100mg. During the 60 minutes following the initial bolus, further doses of 50mg may be given every 10-20 minutes, up to a total dose of 250mg including the initial bolus. Subsequent doses should be 50mg or 100mg 4-6 hourly up to a total daily dose of 400mg.
Tramadol orally သောက်ဆေး
၁၇ နှစ်အထက် လူကြီး 
- 50 to 100 mg orally every 4 to 6 hours 
- For patients not requiring rapid onset of analgesic effect: Initial dose: 25 mg orally once a day; titrate in 25 mg increments every 3 days to reach a dose of 25 mg four times a day; thereafter increase by 50 mg as tolerated every 3 days
- Maximum dose: 400 mg per day.
နာတာရှည်နာခြင်းအတွက် စားဆေး
Extended-Release (ER):
၁၈ နှစ်အထက်
- 100 mg orally once a day
- Individually titrate in 100 mg increments every 5 days to an effective dose that minimizes adverse reactions
- Maximum Dose: 300 mg/day
အဲဒီဆေးကို အစာနဲ့ နီးနီး ဝေးဝေး သောက်နိုင်တယ်။
Common side effects အများဆုံးဖြစ်နိုင်တဲ့ ဘေးထွက်သက်ရောက်မှုများ
Headaches ခေါင်းကိုက်၊
Feeling sleepy, tired, dizzy အိပ်ချင်၊ မောပန်း၊ ခေါင်းမူး၊
Feeling or being sick (nausea or vomiting) ပျို့ချင် အန်ချင် နေမကောင်း၊
Constipation ဝမ်းချုပ်၊
Dry mouth အာခေါင်ခြောက်၊
Sweating ချွေးထွက်၊
Low energy အားကုန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ