Dasatinib (Sprycel) သွေးကင်ဆာဆေး

CML ကုသဖူးတဲ့သူများ သိရင် ပြောပေးပါနော် Dasatinib သောက်နေရတာပါ BCR - ABL စစ်ပြီး 0. %ရောက်ရင် ဆေးရပ်ရတာလားရှင့်

ဆရာဝန်ကို မေးတာ မဟုတ်ပါ။

ဆရာ မဂ်လာပါရှင့် သမီး မမကြီး သွေးစစ်ထားတဲ့အဖြေစာရွက်ပါရှင့် လွန်ခဲ့တဲ့ ၂၀၂၀ ၊ ၁၂ လပိုင်းကမှ သွေးကင်ဆာရောဂါခံစားနေရတာကို သိလို့ ဆရာဝန်နဲ့ပြခဲ့တာပါရှင့် ဒီပုံပါဆေးကို သောက်နေရပါတယ်ရှင့်။ တရက်ကို မနက်တလုံး ၊ ညနေ တလုံး နှစ်ကြိမ်သောက်ရပါတယ်ရှင့် သွေးကို ဆရာဝန်က တလတကြိမ် စစ်ခိုင်းပါတယ်ရှင့်
Dasatinib ဆေးဟာ targeted cancer drug ကင်ဆာဆေးအမျိုးအစား သောက်ဆေးဖြစ်တယ်။
chronic myeloid leukaemia (CML) အမျိုးအစား လူကီးမီးယားကို ပေးတယ်။ Philadelphia chromosome positive chronic myeloid leukemia (Ph+ CML) လို့လည်း ခေါ်တယ်။ 
Sprycel အမည်နဲ့ ယူအက်စအေမှာ ရောင်းတယ်။
10-year overall survival ၁၀ နှစ် အသက်ရှင်နှုန်း ပျမ်းမျှ 89% ရှိတယ်။
transformation-free survival 95% ရှိတယ်။
event-free survival 95% နဲ့
failure-free survival rates 65% ရှိတယ်။
Leukemia လူကီးမီးယား သွေးကင်ဆာ https://dr-tint-swe.blogspot.com/2021/05/leukemia.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ