General Diet Guidelines After Your Gastrectomy အစာအိမ်ခွဲစိတ်ထုတ်ထားရသူတွေ

ဆရာခင်ဗျာ သိချင်တာလေးတခုမေးခွင့်ပြုပါ လူတယောက်က အစာအိမ်ထုတ်လိုက်ရင် သာမာန်လူလိုအသက်ဆက်ရှင်သန်နိုင်ပါဦးမလားခင်ဗျာ ကျနော့်တူလေးက အစာအိမ်ကင်ဆာကြောင့် အစာအိမ်တခုလုံးထုတ်ထားရတဲ့အခြေအနေဖြစ်နေလို့ပါခင်ဗျာ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ

ရောဂါတခုခုကြောင့် Gastrectomy ခေါ် အစာအိမ်ခွဲစိတ်ထုတ်ထားရသူတွေမှာ အစာအိမ်က သေးငယ် သို့မဟုတ် မရှိတော့ပါ။ အစားအသောက် ပုံစံပြောင်းရပါတော့မယ်။ အစာအိမ်ကနေ အောက်ဆက်ဆင်းတဲ့နေရာက အထိန်း ဘာ့လ် ခေါ်တာလည်း မရှိလောက်တော့။ စားသမျှ အမြန်ဆက်ဆင်းတော့မယ်။ ဥပမာ တနေ့မှာ ၆ ခါလောက် စားရတော့မယ်။ ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်တွေ လမ်းညွှန်ပါမယ်။

တခါစားရင် အရင်ကထက် နည်းရတော့မယ်။ အရည် 4 ounces (½ cup) ထက်မပိုမှသာ အစာမာအတွက် နေရာရမယ်။ ကြာလာရင် အကျင့်ရလာမယ်။ လူတဦးနဲ့တဦး မတူတတ်ပါ။ ကောင်းကောင်းဝါးစားပါ။ ဖြည်းဖြည်းစားပါ။ ထိုင်စားပါ။ ဗိုက်ကို ထောက်မနေစေနဲ့။ နောက်ဆုံး ညစာစားချိန်က မအိပ်ခင် ၂ နာရီထက် အနီးစေရ။

စားတိုင်းမှာ ပရိုတင်းဓါတ်ပါပါစေ။ ဥ၊ အသား၊ ငါး၊ ပဲ၊ အစေ့အဆံ၊ ယောဂတ်၊ ဒိန်ခဲ၊ တို့ဖူး စတာတွေကနေ ရမယ်။ ခွဲပြီးစမှာ စပ်တာ ရှောင်ပါဦး။ ဆီများတာနဲ့ သကြားများတာ မသင့်ပါ။

တနေ့မှာ အရည် 8 to 10 (8-ounce) သောက်ပါ။ ကာဘွန်ထည့်တဲ့ ကိုလာလို သောက်စရာတွေ မသင့်။ အရည်ကို အစာမာနဲ့ တနာရီလောက် ခြားပါ။

Vitamin B12 ဗီတာမင် ဘီ-၁၂ အပါအဝင် ဗီတာမင်ဘီအုပ်စု လိုမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ