Cancer ဖစ်ဖစ်

၁။ ကင်ဆာဂရုထဲက ညီကိုမောင်နှများကို အကူညီလေး တောင်းပါရစေ ကူညီကြပါအုန်းနော် ဆေးရုံပြန်သွားဖို့ ငွေကြေးအခက်ခဲလေးဖစ်နေလို တတ်နိုင်သလောက် နည်းနည်းစီလောက် ကူညီပေးကြပါလို့ တောင်းပန်ပါတယ်ရှင့် တစ်ထောင်ဖစ်ဖစ်နှစ်ထောင်ဖစ်ဖစ်ပါ

၂။ ဝမ်းနည်းလိုက်တာ အစာဟောင်းကင်ဆာဖစ်နေတာပါ ဆေးလည်း ၁၀ကြိမ်တောင်သွင်းပြီးပြီ ခွဲစိတ်ပြီး ဝမ်းအိတ်လည်းထုတ်ထားရတယ် ဓာတ်လည်းကင်ရဦးမယ် မဖစ်ချင်ဘူး အဲ့လိုတေအရင်လိုပဲပြန်ဖစ်ချင်တယ် သဘာဝအတိုင်းပဲ ဖစ်ချင်တယ် ဝမ်းအိတ်ကြီးနဲ့မနေချင်ဘူး အခုမှအသက်က ၁၇ပဲရှိသေးတာကို တသက်လုံး အဲ့လိုပဲနေရတော့မှာလား မနေချင်ဘူး ပုံမှန်အတိုင်းပဲဖစ်ချင်တယ်

၃။ အစ်မတို့က AMLသွေးဖြူဥများတာ ဖစ်တာချင်းမတူတော့ မပြောပြတတ်ဘူး ဒါမယ့် ကြားထူးတယ် အသားတေနာ အရိုးတောင်နာတယ် ထိလို့မရဘူး အရမ်းကြီးမစိုးရိမ်ပါနဲ့ အညိုး ကွက်တေက သွေးအားနည်းရင် ဖစ်တတ်တယ် သွေးသွင်းကင်ပျောက်သွားတယ်အစ်မ

ကင်ဆာဆို ဆရာဝန်ကိုမမေးကြတော့ ဆရာဝန်က ဆရာဝန်အလုပ်မဟုတ်တာသာ လုပ်ရတော့မယ်။

တခြားသတ်ပုံမှားတွေကို မပြင်တော့ပါ။

ကင်ဆာကို ကင်ကင်လို့ တင်စားခေါ်နေကြတယ်။ အမည်ပြောင်းသင့်ပြီ။ ဖစ်ဖစ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ