Doctor ဆ ဆရာဝန်
ဆရာ ကျမတို့လို ကျန်းမာရေးဝန်ထမ်းတွေ တစ်ပတ်(တပတ်) ၆၀ နာရီ ထက်မက အလုပ်လုပ်ရတဲ့ သူတွေကို သုတေသန ပြုထားတာရှိမလားဆရာ၊ သိချင်ပါတယ်။
ချက်ချင်းတော့
မတွေ့သေးပါ။ တွေ့တာလေးသာ ရေးပါရစေ။
• ဆရာဝန်တွေဟာ တနေ့မှာ ၁၂
နာရီဆက်တိုက်ကနေ ၁၄ နာရီဆက်တိုက်အလုပ်လုပ်နိုင်ကြတယ်။
• အမေရိကားမှာ Resident doctors ဆရာဝန်တွေ တပါတ်မှာ ပျမ်းမျှ ၁ဝ၅
နာရီအလုပ်လုပ်ကြရတယ်။
• Accreditation
Council for Graduate Medical Education အဖွဲ့အစည်းကပြောတာက တပါတ်မှာ နာရီ ၈ဝ၊ ၂၄ နာရီ ဆက်တိုက်ထက်
ပိုမလုပ်သင့်။ တပါတ်မှာ နားရက် အနည်းဆုံး ၁ ရက်ရှိသင့်တယ်လို့ ဆိုပါတယ်။ အခုထိတော့
ဆရာဝန်တွေဟာ တနေ့မှာ ၁၃ နာရီ၊ ၆ ရက်ဆက်တိုက် အလုပ်လုပ်နေကြရပါတယ်။
ဆရာဝန်တွေ
• Workplace
stress လုပ်ငန်းခွင်ဖိစီးမှုက
ဒုက္ခပေးနေတယ်။
• Exposure
to infectious diseases ကူးစက်ရောဂါတွေနဲ့
ထိတွေ့နေကြရတာ၊
• Hazardous
substances အန္တရာယ်မကင်းတာတွေနဲ့
အတူနေရတာတွေကနေ ဆရာဝန်တွေကို ကျန်းမာရေး ထိခိုက်စေတယ်။
• National
Institute for Occupational Safety and Health အစီရင်ခံစာတခုအဆိုအရ Substance abuse ဆေးစွဲမှုနဲ့ Suicide ကိုယ့်ကိုယ်ကိုသတ်သေမှု
သူများတွေထက်များနေတယ်လို့ သိရတယ်။
• Depression
စိတ်ကျတာနဲ့ anxiety စိုးရိမ်စိတ်ကဲတာ ပိုများကြသေးတယ်။
• ဒါတွေကြောင့် ခြေကုန်လက်ပမ်းကျတာ၊
အလုပ်ပျက်ကွက်တာနဲ့ ဆုံးဖြတ်ချက်မှားယွင်းတာတွေကို ဖြစ်စေတယ်။
လူနာကျေနပ်မှုကိုလည်း နည်းစေတယ်။
အမျိုးသမီး
ဆရာဝန်-ဆရာမတွေ
• သူများထက်ထူးပြီး
စိတ်ဖိအားများတာကိုခံကြရတယ်။ WHO
အဆိုအရ Musculoskeletal injury ကြွကာ်း-အရိုးထိခိုက်မှု
ပိုများကြတာတွေ့ရတယ်။ ခြေကုန်လက်ပမ်းကျတာလဲ ပိုဖြစ်ကြတယ်။ Hazardous drugs and chemicals အန္တရာယ်မကင်းတဲ့
ဓါတ်ပစ္စည်းတွေကြောင့် Spontaneous
abortion အလိုလိုကိုယ်ဝန်ပျက်တာနဲ့
မွေးလာတဲ့ကလေး Congenital
malformations မွေးရာပါချို့ယွင်းချက်ပါတာတွေဖြစ်စေတယ်။
• တချို့နိုင်ငံတွေမှာ Gender-based violence လုပ်ဖေါ်ကိုင်ဖက်တွေကနေဖြစ်ဖြစ်၊
လူနာတွေကနေဖြစ်ဖြစ် လိင်အခြေခံ အကြမ်းဖက်မှုလုပ်တာကိုလဲ ခံကြရတယ်။
လူနာတွေနဲ့ လူနာစောင့်တွေက On-the-job injury လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရကြတယ်။
ဒေါက်တာတင့်ဆွေ
၂၅-၁၀-၂၀၁၃

Comments
Post a Comment