PSA test စစ်ဆေးခြင်း

မေးခွင့်ပြုပါဆရာရှင့် ကျွန်မအမျိုးသားရဲ့ဦးလေး အသက်(၇၅)နှစ်ပါ ဆီးကျိတ်ရှိတာ ၇နှစ်ကျော်ပါပြီ အခုဆီးသွားလို့မရသဖြင့် ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးနှင့်ပြသနေပါသည် ဆရာကြီးမှဆီးကျိတ်ကကြီးနေသဖြင့် ခွဲစိတ်မှုမလုပ်ဘဲ လေဆာနှင့်ခြစ်ထုတ်ပစ်ရန်ပြောပါတယ် ဆီးကျိတ်အရွယ်အစားအရ အကုန်ခြေဖျက်ရန်အဆင်မပြေသဖြင့် ရသလောက်ခြစ်ထုတ်ပြီး ကျန်ရှိသည့်ဆီးကျိတ်ကိုဆေးဖြင့်ဆက်လက်ထိန်းထားရန်ပြောပါတယ် ယခုဆေး (၁၀)ရက်စာပေးပြီးတော့ရက်ချိန်းပြန်ပေးလိုက်ပါတယ်ရှင့် လိုအပ်တဲ့စစ်ဆေးမှုတွေအရ PSA အဖြေမှာ သတ်မှတ်ချက်ထက်ပိုပြီးမြင့်တက်နေသဖြင့်အဖြေမကြိုက်ဘူးလို့ပြောပါတယ် ဒီအဖြေအရ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေရှိနိုင်လားဆိုတာရယ် ဘယ်လိုစစ်ဆေးမှုတွေဆက်လုပ်သင့်လဲဆိုတာသိချင်ပါတယ်ဆရာရှင့် ဆေးမှတ်တမ်းနှင့်တကွ ဆေးစစ်ချက် Ultrasound Result တို့ကိုပို့ပေးထားပါတယ်

ကျေးဇူးတင်ပါတယ်ဆရာရှင့်

High PSA များတယ်ဆိုတာ

prostatic cancer ဆီးကျိတ်ကင်ဆာ၊

benign prostatic hyperplasia (BPH) ဆီးကျိတ်ကြီးခြင်းနဲ့

infection ပိုးဝင်ခြင်းတွေကြောင့် ဖြစ်တယ်။

age အသက်ကြီးလာရင်လည်း နည်းနည်း များလာတယ်။

အသက် 40-50 yrs = 0-2.5 ပုံမှန်

အသက် 50-60 yrs = 2.5-3.5 ပုံမှန်

အသက် 60-70 yrs = 3.5-4.5 ပုံမှန်

70-80 yrs = 4.5-5.5 ပုံမှန်

မကြာခဏ တင်ပြထားတယ်။ ဆေးစစ်ချက်တွေပို့ရင် ပုံတွေ မလိုအပ်ပါ။ ဆေးစစ်ချက်စာထဲက အောက်ဆုံးက မှတ်ချက်စာကိုသာ ဖတ်လိုတယ်။ လက်ရေးစာတွေ မဖတ်လို။ အသံဖိုင်၊ ဗီဒီယိုဖိုင် မဖွင့်ပါ။ မေးခွန်းပါလူနာကို ဆီးလမ်းအထူးကုဆရာဝန်က လိုတာ ညွှန်ပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ