Steamed Chicken Soup ကြက်သား ဆု(ပ်)

ကြက်ပေါင်းရည်ကို ဘုန်းကြီးသောက်လို့ အဆင်ပြေ / မပြေ သိချင်တာပါ။ အခု သက်တော် (၆၄) သိက္ခာဝါ (၄၄) ပါ ဒကာကြီး။

တင်ပါ့ဘုရား။ အားနာနာနဲ့ ရေးပါမယ်။ လူတွေစားတဲ့ အသားတွေမှာ ပရိုတင်းဓါတ်ခေါ် လူတိုင်းမရှိမဖြစ်တဲ့ဓါတ်ပါတယ်။ ပရိုတင်းအပြင် အဆီ၊ ဓါတ်ဆားတွေနဲ့ ဗီတာမင်တချို့လည်းပါတယ်။ အတိအကျ တင်ပြပါမယ်။

ကြက်ရင်အုပ် (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ

165 calories ကယ်လိုရီ၊

31 grams of protein ပရိုတင်းနဲ့

3.6 grams of fat အဆီရမယ်။

ကြက်ပေါင် (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ

209 calories ကယ်လိုရီ၊

26 grams of protein ပရိုတင်းနဲ့

10.9 grams of fat အဆီရမယ်။

ကြက်တောင်ပံ (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ

203 calories ကယ်လိုရီ၊

30.5 grams of protein ပရိုတင်းနဲ့

8.1 grams of fat အဆီရမယ်။

ကြက်ခြေသလုံး (အရိုးမပါ၊ အရေမပါ) 3.5 အောင်စ (100 ဂရမ်) ကနေ

172 calories ကယ်လိုရီ

28.3 grams of protein ပရိုတင်းနဲ့

5.7 grams of fat အဆီရမယ်။

ကယ်လိုရီဆိုတာ သွားလာလှုပ်ရှားတဲ့အခါလိုအပ်ချက်ယူနစ်ဖြစ်တယ်။ လူတယောက်ဟာ တနေ့မှာ ကိုယ်လိုရီ ၁၅၀၀ ကနေ ၂၅၀၀ လိုအပ်တယ်။ ပရိုတင်း၊ အဆီနဲ့ အစားမျိုးစုံကနေရတယ်။ ပရိုတင်းဆိုတာ အသားဓါတ်လို့ ခပ်လွယ်လွယ် ပြောကြတာ မမှန်ပါ။ လူတိုင်း အသားနဲ့တည်ဆောင်ထားတယ်။ အဲတာအတွက်လိုအပ်တယ်။ ထိခိုက်တာ ပြန်ရင်းစားရဘို့ လိုတယ်။

ပရိုတင်းကို အရေ၊ အငွေ့ လုပ်မရနိုင်။ အစိုင်အခဲနဲ့ အမှုန့်ရတယ်။ ကြက်သားတွေ ငါးတွေ ဥတွေကို အစိုင်အခဲအတိုင်း စားသုံးမှသာ ပရိုတင်းရတယ်။ ပေါင်းထားတာက သောက်ရတာ လွယ်တယ်။ အရသာကောင်းတယ်။ ပရိုတင်း မပါသလောက် နည်းတယ်။ အသားစိုင်မပါရင် အဆီနဲ့ ဓါတ်ဆားတွေတော့ ရမယ်။ ပရိုတင်းကို အသားငါးကလွဲရင် ပဲအမျိုးမျိုးကနေရတယ်။

ဗီတာမင်တချို့က အပူချိန်တခုမှာ ပျက်စီးတယ်။ တချို့ဗီတာမင်တွေက အဆီရှိမှသာ ပျော်ဝင်နိုင်တယ်။ ဆန်ဖြစ်ဖြစ် ပြောင်းဖြစ်ဖြစ်၊ ဂျုံဖြစ်ဖြစ် ဖြူဖွေးလွန်အောင်လုပ်ရင် အာဟာရဓါတ်တွေ နည်းကုန်တယ်။

အားကစားလုပ်သူတွေ ဂျင်မ်တွေမှာ ပရိုတင်းမှုန့်အားဆေးတွေ သုံးကြတာ အတော်ကို သတိထားစရာကောင်းတယ်။ မလိုလားအပ်တဲ့ ဟော်မုန်းတွေပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ