Hiatal Hernia (hiatus hernia) အစာအိမ်ကျွံခြင်း
၁။ ဆရာရှင် hiatus hernia က ဘာကိုပြောတာလဲ သိချင်လို့ပါရှင်
၂။ ဆရာခင်ဗျား ရိုသေစွာမေးမြန်းအပ်ပါသည် အစာအိမ်ကျွံခြင်းအကြောင်းနှင့်ရောဂါသွင်ပြင်ကိုသိပါရစေ ဆရာကျန်းမာပါစေ။
၃။ ဆရာခင်ဗျ ကျနော်ဗိုက်ဘယ်ဘက်ခြမ်းအောင့်တာ ၁၁ လပိုင်း ၂၆ ရက်လောက်ကပါခင်ဗျာ ကြားထဲသက်သာသွားပီး(ပြီး) ချက်ပတ်လည်ပြန်အောင့်ပါတယ်ခင်ဗျာ ဆေးရုံသွားပြတော့ဆေးတွေထပ်သောက်ခိုင်းပါတယ် မသက်သာတာနဲ့ ၁၉-၁၂-၂၀၂၃ မှာ မှန်ပြောင်းကြည့်ပါတယ် အစာအိမ်ရောင်ပီး(ပြီး) RUT positive ဖြစ်တော့ ပိုးသတ်ဆေး ၂ ပတ်စာပေးပါတယ်ခင်ဗျာ ကြားထဲ ကျနော်က ထမင်းစားလိုက် ဆန်ပြုတ်သောက်လိုက်နဲ့မလို့လားမသိဘူးဆရာ ချက်ဘယ်ကအောင့်လိုက် ညာဘက်ကအောင့်လိုက်နဲ့ဆရာ ညအိပ်တဲ့အချိန်နဲ့လမ်းလျာက်ချိန်ဆိုသိပ်မနာဘူး ထိုင်တဲ့အချိန်ဆို နဲနဲအောင့်နေပီး(ပြီး)မသက်သာဘူးဆရာ ဒီကြားထဲ သက်သာရင်ထမင်းစားလိုက်မသက်သာရင်ဆန်ပြုတ်သောက်လိုက်နဲ့ အစာနဲ့များဆိုင်ပါလားခင်ဗျ ကျေးဇူးပြု၍ဆောင်ရန်ရှောင်ရန်ဖြေကြားပေးပါဦးခင်ဗျ ရိုသေစွာဖြင့် မှန်ပြောင်းကြည့်ထားတဲ့အဖြေပါခင်ဗျ
အစာအိမ်ရဲ့ အပေါ်ထိပ်ပိုင်းနေရာလေးဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကို ခြားထားတဲ့ ဒိုင်ယာဖရမ် ခေါ် ကြွက်သားကြီးမှာရှိတဲ့ အပေါက်လေးထဲကို ဝင်ခြင်းကို ခေါ်တယ်။ အဲဒီအပေါက်လေးဟာ အထက်ကနေ ဆင်းလာတဲ့ အစာမျိုပြွန် ဝမ်းဗိုက်ထဲကို ဝင်လာတဲ့နေရာ။ အနေတော်လေးသာရှိပေမဲ့ အခုလိုဖြစ်သူတွေမှာ ဝမ်းဗိုက်ထဲက အစာအိမ်ဟာ မရမက အထက်ကိုတိုးတက်ခြင်းဖြစ်တယ်။
Hiatus hernia အစာအိမ်အပေါ်ထိပ်ပိုင်း အထက်သို့ ကျွံတက်ခြင်း ကုသနည်းများ
အစားကို နည်းနည်းနဲ့ အကြိမ်ပိုစားပါ။ တခါတည်း အများကြီး မစားနဲ့။
ဆေးလိပ်မသောက်ပါနဲ့။
Keyhole surgery (Laparoscopy) ကရိယာထည့်ပြီးခွဲစိတ်ကုသနည်း လုပ်မယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment