Carrot Juices ကိုယ်ဝန်နှင့် မုန်လာဥနီ
ကွန်မင့်တခုရတယ်။ ကျေးဇူး။ ကျမသမီးကိုယ်ဝန်ဆောင်နဲ့တုန်းကတော့ မုန်လာဥနီဖျော်ရည် တော်တော်များများ သောက်ဖြစ်တယ်ဆရာ အံ့သြစရာကောင်းတာက သမီးဆံပင်တွေဟာ အနက်ရောင်စစ်စစ်မဟုတ်ပဲ အနီရောင် ရွှေအိုရောင်လေးတွေရောနေတာတွေ့ရတယ်ဆရာ မုန်လာဥနီကြောင့်လား ဘာကြောင့်လည်းတော့ မသေချာပါ
ဖြည့်စွက်စာ ကြော်ငြာကောင်းလွန်းလို့ ဖြည့်စွက်စာကျွေးတဲ့ကလေးတွေ မုန်လာဥနီဖျော်တိုက်လွန်းလို့ အသားဝါတယ်ဆိုပြီး မေးတာတွေရတယ်။ အစားအသောက်ဆိုတာ လုံလောက် + မျှတရတယ်။
Vitamin A ဗီတာမင်အေ https://dr-tint-swe.blogspot.com/2021/04/vitamin.html
Carrot Juices ကိုယ်ဝန်နှင့် မုန်လာဥနီ https://dr-tint-swe.blogspot.com/2022/02/carrot-juices.html
အရေးကြီးတဲ့အချက် -
ဖေ့စ်ဘွတ်ကနေ တယောက်ယောက်က ဥနီဆို နီ
ငရုတ်ပုဆို ပု
ကိုင်းဆို ကိုင်း
ငှက်သိုက်ဆို သိုက်
ရိုးနီဆို နီ
အောက်မဲညိုဆို ညို
အိုးဗုတ်ဆို ဗုတ်
လောက်သေဆို သေ
မယုံကြပါရန်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment