Foods and Cancer ကင်ဆာနဲ့ စားစရာ

Cancer Foods ကင်ဆာနဲ့ စားစရာ
ခဏခဏ ဖြေရတယ်။ မကြာမကြာ တင်ရတယ်။ ကင်ဆာဆိုရင် ဘာစားပြီး ဘယ်အစာရှောင်ရမလဲကိုသာ မေးကြပြီး ဘယ်လိုကာကွယ် ဘယ်လိုကုသရမလဲကို သိပ်မမေးကြပါ။
လူတိုင်းက နေ့တိုင်းလိုလို စားသောက်တာတွေကနေ ကင်ဆာ မဖြစ်။ ကင်ဆာကို မကာကွယ်။ ကင်ဆာဖြစ်လည်း မတည့် မရှိ။
ကုသပေးနေတဲ့ ဆရာဝန်က တားတာကလွဲရင် ကိုယ်တသက်လုံး စားသောက်လာမှန်သမျှ အကုန် စားသောက်နိုင်တယ်။ 
ကင်ဆာ + ဆီးချိုရှိသူ အချို မတည့်။ 
ကင်ဆာ + သွေးတိုးရှိသူ အငန် မတည့်။
ကိုယ်တသက်လုံးမစားဖူးတာကိုတော့ သတိထားစားသောက်ရမယ်။
ဖေ့စ်ဘွတ်ကနေ စားပါဆိုတာတွေ မစားနဲ့ဆိုတာတွေကို တခုတလေ တမျိုးတစားကိုမှ လိုက်နာရန် မလို။
အစားအစာ တမျိုးစီလိုက်ရေးနေရင်တော့ မနက်စာရော ညစာပါ လွတ်မယ်။
အစားအသောက်နဲ့ ကင်ဆာ လင့်တွေကိုလည်း အခါ ၂၀ လောက် တင်ထားတယ်။
ဖြည့်စွက်စာဆိုတာ ပိုက်ဆံအတွက် ရောင်းတာ။ ပိုက်ဆံပေါရင်တော့ သဘော။ ကင်ဆာကုရတာ အလွန်ငွေကုန်တယ်။
ဆန်၊ ဂျုံ၊ ပြောင်း။ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး။ ချို၊ ချဉ်၊ စပ်၊ ငန်၊ ဖန်၊ ခါး။ အသီးအမျိုးမျိုး။ ရာသီစာ။ နွားနို့၊ ပဲနို့။ ထမင်း၊ ခေါက်ဆွဲ။ မုံ့ဟင်းခါး၊ မုံ့တီ၊ ကြာဆံ။ ဘာကျန်သေးလဲ။ စားစရာတွေ ပေါလိုက်တာ။ 
ဒီမေးခွန်းမျိုး လာဦးမယ်။ ထပ်ရေးရဦးမယ်။ ဆရာဝန်မှာ အာဏာမရှိ။ ဖေ့စ်ဘွတ်မှာသာ အာဏာရှိ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ