Multi-cancer blood test shows real promise in NHS study ကင်ဆာသွေးစစ်နည်းသစ် အလာအလာရှိ
ကင်ဆာလို့ သံသယရှိသူပေါင်း စမ်းသပ်ခံသူ ၅၀၀၀ ထဲမှာ ကင်ဆာ ၃ မျိုးထဲက ၂ မျိုးကို အသေအချာ သိနိုင်တယ်။ သူတို့ထဲက ၈၅% တို့ရဲ့ ကင်ဆာကို တိတိကျကျဘယ်မှာလည်း သိနိုင်တယ်။
Galleri test လို့ ခေါ်တယ်။ ကင်ဆာအမျိုးမျိုါ်ကနေထွက်ပေါ်လာတဲ့ genetic code မျိုးဗီဇကုဒ်ကို စစ်ဆေးတာ ဖြစ်တယ်။ ကင်ဆာဆိုတာ စောစောသိလေ ကောင်းလေ။
စမ်းသပ်နည်းကို ပဌမအဆင့်အနေနဲ့ ကင်ဆာ အမျိုးပေါင်း ၅၀ အတွက် စစ်ဆေးပါတယ်။
လက်ရှိမှာ အကြောင်းခံမရှင်းလင်းဘဲ ကိုယ်အလေးချိန်ကျဆင်းလာတာမျိုးကို ကင်ဆာလား သိဘို့ အဆင့်ဆင့် စစ်ကြရတယ်။
စမ်းသပ်မှုမှာပါဝင်သူတွေထဲက ၃၅၀ ကျော်တို့ကို စကန်လုပ်နည်း၊ အသားစထုတ်ယူစစ်ဆေးနည်းတွေ ထပ်လုပ်တော့ ကင်ဆာကို သိလာရတယ်။
စစ်ဆေးမှုမှာ (+) ပြသူတွေထဲက ၇၅% မှာ ကင်ဆာရှိတာ သိလာတယ်။
စစ်ဆေးမှုမှာ (-) ပြသူတွေထဲက ၂့၅% မှာ ကင်ဆာရှိတာ သိလာတယ်။
၁၀၀% တော မတိကျသေးပါ။
တိကျမှု ၈၅% ရှိခြင်းဟာ အားတက်စရာသတင်းကောင်းဖြစ်တယ်။
စမ်းသပ်လေ့လာမှုတွေ ဆက်လုပ်နေတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment