New Knowledge (NK) အသိသစ်

အေအိုင် မဟုတ်ပါ။ လူမှုကွန်ရက်တွေ သုံးနေတာကြာတော့ အသိသစ်တွေရလာပါသည်။

• ဖရင်း များချင်သလား

• လိုက်ခ် များချင်သလား

• ဖေါ်လိုဝါ များချင်သလား

• ဘလော့ များချင်သလား

• ကွန်မင့် များချင်သလား

• ဈေးမရောင်းဘဲ အမှာစာတွေရချင်သလား

နောက်ဆုံး ၃ ခုကို မနေ့ညက စသိခြင်းဖြစ်ပါသည်။ 

- သူများမှားရေးတာတွေကို အားမနာပါးမနာ ထောက်ပြနေသူ ကိုယ်တိုင်ရေးတာထဲမှာ အမှားပါရမည်။

- တ နဲ့ တစ် ကတော့ ရိုးအီသွားပြီထင်သည်။ သို့သော် စံတော်ချိန်ဆောင်းပါးနောက်မှာ စာကို မှန်အောင်ရေးသူ အရေအတွက် သိသာစွာတိုးလာပါသည်။

- တရားကို စသတ်နဲ့ရေးလည်း ဖေါ်လိုဝါ သာဝက များပါသည်။

- မုံ့ နဲ့ မုန့် ရေးတော့ သူပုန်ဖြစ်ရသည်။

- စာလုံးပေါင်းသတ်ပုံမဲ့ကဗျာခေတ်လို့ ရေးမိရာကနေ ကဗျာသမားတွေက သပိတ်မှောက်ကြတာ့သည်။

- ပဲ နဲ့ ဘဲ ရေးတော့ 

(က) သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ လို့ရေးတဲ့အတွက် တက္ကသိုလ်ဘုန်းနိုင် ချစ်သူများက ဖဲကြဉ်သွားကြပြီ။

(ခ) ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဘဲကသာ မှန်ကြောင်း အကိုးအကားတွေနဲ့ တင်တော့ မဗေဒါ အိတ်အုပ် ကန်ခံရသည်။

သို့သော် ပေ့ချ်မှာ လိုက်ခ် ၆၇ ကေ ကနေ ၇၇ ကေ ဖြစ်လာသည်။ ဖေါ်လိုဝါ ၈၉ ကေ ကနေ ၁၁၁ ကေ ဖြစ်လာသည်။

ဘလော့ထားသူဦးရေ တထောင်လည်း ကျော်လာပြီ။ ၅၀၀၀ အထိ အကန့်သတ်ရှိပုံမရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ