ကျွန်တော့ "မူ" ကတော့
ကျွန်တော့ "မူ" ကတော့ ဆရာကြီးတွေ ဆရာငယ်တွေ မသင့်လို့ ယူဆပါတယ်။
တကယ်အမျိုးမတော်ဘဲ အမျိုးစပ်ခေါ်တာမှန်သမျှကိုလည်း မမှန်လို့ ယူဆပါတယ်။
နေမကောင်းလို့မေးသူတွေက သား၊ သမီးလို့ရေး မေးကြရင် ပြန်ပြန်မေးနေရတယ်။ မေးတဲ့သူလား သူတို့သားသမီးလား။
သမီးရဲ့သမီးဆိုတာ မြေးမိန်ကလေး မဟုတ်လား။
သားကောင်မလေးဆိုတာ ချွေးမ။
ကျွန်တော့အမည်က ဒေါက်တာတင်ဆွေ သာ ဖြစ်တယ်။
"ဆရာ" အသုံးဟာ သင့်မှန် + ယဉ်ကျေးတယ်။
ကျန်မာရေး အမေးတွေမှာ "ဒေါက်တာ" ကလည်း သင့်ပါတယ်။
ကျွန်တော်တို့ ဆရာဝန်တွေက ဆေးရုံအုပ်၊ တိုင်းနဲ့ ဗဟိုကျန်းဦးစီးမှူး၊ အထူးကုဆရာဝန်တွေကိုသာ "ကြီး" ထည့်ခေါ်ကြပါတယ်။ အမျိုးသမီး အိုဂျီ ကိုတော့ "မမ"။ သူ့ခေတ်နဲ့သူပေါ့။
ဟုတ်ကဲ့ဆရာ ဆရာမူ ကို ကျွန်တော်လေးစားပါတယ် လိုက်နာပါ့မယ် ဆရာ
လူမြင် "အဘ" ခေါ်တဲ့ခေတ်က မကုန်သေးပါ။ မနေ့က ၂ ယောက်ကို ဘလော့ရတယ်။
စာ အစမှာ "Hi" အဆုံးမှာ "နော်" နဲ့ "ဟင်" အသုံးတွေကို ခေတ်ဆိုပေမဲ့ ယဉ်ကျေးတယ်လို့ မထင်ပါ။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment