R-Cinex 600 Tablet တီဘီဆေး
သွေးစစ်ရာကနေ အဆုပ် Spot တွေ့တယ်ပြောပါတယ် လူက ချောင်းမဆိုး အလေးချိန်မကျ မဖျားပါ အကောင်းတိုင်းပါ ကြောက်ပီး အဆုပ် ရင်ခေါင်း အထူကုနဲပြတော့ သလိပ်စစ်ခိုင်းပါတယ် သလိပ်မထွက်တော့ Gold test စစ်ခိုင်းပါတယ် Posotive ထွက်ပါတယ် အခုပြထားတဲဆေး ၁ လသောက်ခိုင်းလိုက်ပါတယ်ခင်ဗျ ဆေးရဲ့ Side effect ကိုလဲ သိခြင်ပါတယ်ခင်ဗျ
ဆေးအမည် စာလုံးပေါင်း ဖတ်မရပါ။
R-Cinex 600 Tablet တီဘီဆေး ဘေးထွက်သက်ရောက်မှုများ
အများဆုံးဖြစ်နိုင်တဲ့ ဘေးထွက်သက်ရောက်မှုများ
ဆီးအရောင်ရင့်၊
အရေပြားအနီပြင်ထွက်၊
အန်၊
အသားဝါ၊
ကိုယ်ပူ၊
အသည်းအင်ဇိုင်းများ၊
ပျို့၊
ခြေလက်ထုံကျဉ်၊
ချွေးထွက်၊ တံတွေးများ။
ဘေးထွက်သက်ရောက်မှုတွေ သက်သာအောင် ဆေးကို ရေ၊ အရည် များများသောက်ပါ။
ဘီယာ၊ အရက် မသင့်ပါ။
aဆေးကို အစာမရှိချိန်မှာသောက်ပါ။
ဘယ်လောက်ကြာကြာသောက်ရမယ်ဆိုတာကို ဆရာဝန်ညွှန်ကညွှန်ပါမယ်။ အများအားဖြင့် ၆ လတိတိသောက်ရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment