CP ကြက်နဲ့ ဗမာကြက်


၁။ ဆရာခင်များ ဗမာကြက် စီပီကြက် ဟိုက်ချစ်ဆိုလားပဲ ကြက်သားစျေးအမျိုးမျိုးရှိပါတယ်။ ဗမာကြက်က စျေးကြီး အသားနည်း စီပီကြက်က စျေးချိုအသားများ အမြန်ကြီးစျေးကွက်ထဲ အမြန်ရောက်လာတယ်။ ဘာဆေးတွေကျွေးထားလည်းမသိပါ။ မွေးမြူခြဲထွက် ဖောင်းကားနေတာပဲ မြင်ရရင် စားချင်စိတ်မရှိ ကိုယ်ယောင်သေတဲ့ လူနာလိုပဲ။ အားတဲ့အချိန် ကြက်သားအမျိုးမျိုး ကျန်းမာရေးရှုထောင့်မှ ရေးပေးပါဆရာ။ ပုံတွေလိုလျင် ပို့ပေးပါမည်။ စားသောက်ဆိုင်တွေက စီပီကြက်ကိုအသုံးဆုံးပါ။ ဟိုက်ချစ်က အလယ်အလတ် အသားရော စျေးရောပါဆရာ။ မိသားစု ကျန်းမာကြပါစေ။

၂။ မင်္ဂလာပါဆရာခင်ဗျာ။ ကျွန်တော့်သမီးကအသက် ၆လ ပါ။ ကြက်သားကျွေးချင်လို့ CP ကြက်နဲ့ ဗမာကြက် အာဟာရ ကွာပါသလားခင်ဗျာ။ လူကြီးတွေကဗမာကြက်ပဲကျွေးခိုင်းနေလို့ပါ။ CP ကြက်ရော ကလေးကိုကျွေးဖို့သင့်ပါသလားခင်ဗျာ။

ကျွန်တော့တင်ပြချက်တွေက ယူအက်စ်အေဆေးသုတေသနတွေကိုသာ အခြေခံပါတယ်။ မြန်မာပြည်မှာက သုတေသန၊ လေ့လာမှုတွေ မရှိသလောက်နည်းတော့ မသိပါ။ ရေးကြ ပြောကြတာတွေကလည်း ခပ်လွယ်လွယ် ထင်ရာသာများနေတယ်။ ရောင်းချင်သူတွေက ကောင်းကြောင်း၊ ရောင်းသူတွေကနဲ့ မတည့်သူတွေက မစားနဲ့၊ သတင်းဦးချင်သူတွေက သေတတ်တယ်၊ ပျောက်ကင်းတယ် စသဖြင့်သာ ရေးနေ ပြောနေကြတော့ ဂွကျတယ်။

CP ကြက်နဲ့ ဗမာကြက်တွေကို သိပ် မသိပါ။ အာဟာရဓါတ်သာမေးရင် ဘာအသားဖြစ်ဖြစ် အသားတွေက သိပ်မကွာလှပါ။ ပိုအရေးကြီးတာက အသားငါးတွေထဲမှာ မသင့်တာတွေ ပါ မပါ။ ခုခေတ်မှာ ဟော်မုန်းတွေ၊ စတီရွိုက်တွေ ထိုးကြတယ်။

ဘယ်အရာမဆို သဘာဝအတိုင်းက မသင့်တာ မပါ။ ကြည့်လို့ လှချင်မှ လှမယ်။ အထွက်နှုန်း အလေးချိန် နည်းမယ်။ အဲတာမျိုးကို အော်ဂဲနစ် ခေါ်တယ်။ ရှားတယ်။ ရှိတော့ ရှိပါတယ်။ ပြုပြင်ထားတာတွေက ဝယ်ချင်စရာ၊ စားချင်စရာ၊ ရောင်းပန်းလှတယ်။

Hormones in Meat and Dairy အသားတွေထဲပါနေတဲ့ ဟော်မုန်းဆေး Chicken Wings ကြက်တောင်ပံ 

အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံဆိုတဲ့သတိပေးစာ မကြာမကြာဖတ်ရပါတယ်။ ကြက်တွေကို ကြီးထွားမှု ပုံမှန်ထက်ပိုစေအောင် Steroids စတီရွိုက်ဆေးထိုးကြပါတယ်။ စတီရွိုက်ဆိုတာ ဟော်မုန်းတမျိုးဖြစ်တယ်။ စတီရွိုက်တွေကိုယ်ထဲရောက်ရင် ကိုယ်ထဲမှာရှိနေတဲ့ ဟော်မုန်းတွေ အချိုးအဆ မမှန်ဖြစ်စေမယ်။ အထူးသဖြင့် အမျိုးသမီးဟော်မုန်း ပိုကဲလာနိုင်တယ်။ ယောက်ျားတွေမှာလည်း မ-ဟော်မုန်းရှိနေတာပါ။

အင်တာနက်မှာ အဲလိုသတိပေးတာတွေက တဦးချင်းကနေ သူ့အသိမှာဘာဖြစ်တယ်လို့ ရေးကြတာတွေပါ။ ထိုင်းနိုင်ငံမှာ ကြက်ဖင်စီဘူးစားလို့ ယောက်ျားတွေ ရင်သားထွက်တယ်လို့လည်း ပြောကြတယ်။ စတီရွိုက်ကြောင့် ကိုယ်အလေးချိန် တိုးနိုင်ပါတယ်။

ယူအက်စ်၊ ကနေဒါနဲ့ ဥရောပမှာ ကြက်၊ ဘဲ၊ ဝက်၊ ကြက်ဆင်တွေကို စတီရွိုက်မထိုးဘို့တားမြစ်ထားပါတယ်။ ကြက်ခြံတိုင်းမှာတော့ မထိုးလောက်ပါ။ အများထင်ကြသလို စတီရွိုက်ထိုးအုံးတော့ ကြက်တောင်ပံမှာလာစုတယ်ဆိုတာ မမှန်ပါ။ တောင်ပံကို ဆေးထိုးပေမဲ့ အဲဒီနေရာမှာသာစုနေမယ်ဆိုတာလည်း မမှန်ပါ။ လူတွေဆေးထိုးတာမျိုးလို တကိုယ်လုံးကို ရောက်သွားပါတယ်။

သတိပေးတာတွေက မ-ဟော်မုန်းများသူတွေမှာ သားအိမ်အကျိတ်၊ မျိုးဥအိမ်အကျိတ်ဖြစ်နိုင်ခြေ ပိုများစေတယ်လို့ ဆိုပါတယ်။ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာအထိတော့ သတိပေးတာမရှိပါ။ တခြားဖြစ်နိုင်ခြေရောဂါတွေကိုလည်း သုတေသနတွေ မပြည့်စုံသေးပါ။

လူမှုရေးကွန်ရက်တွေမှာ ကျန်းမာရေးသတိပေးချက်တွေ ခဏခဏတွေ့ရပါတယ်။ သတိပေးတာတော့ ကောင်းပါတယ်။ ဖတ်ကြည့်ရင် အချက်အလက်မစုံပါ။ ဘာကြောင့် ဘာဖြစ်မယ်ပြောတာလည်း မရေရာပါ။ HIV ပိုးပါတဲ့ဆေးထိုးအပ်ကို ရုပ်ရှင်ရုံထဲထောင်တားတဲ့သတင်း၊ အိန္ဒိယမှာ Frooti အချိုရည်မှာ HIV ပိုးပါတယ်ဆိုတဲ့သတင်း စတာတွေတွေ့လို့ ရှင်းလင်းရေးခဲ့ရပါသေးတယ်။ သတင်းမှားတွေသာဖြစ်ပါတယ်။ မေ့ဆေးပါတဲ့ဆပ်ပြာတုံးများဆိုတဲ့ သတိပေးစာ တွေ့ပါသေးတယ်။ မေ့ဆးအမျိုးအစားနဲ့ ဆေးဝါးနာမည်မပါလို့ အဆိုးအကောင်း ပြောမရပါလို့ ရေးလိုက်ရပါသေးတယ်။ သတင်းမှားသာဖြစ်ပါတယ်။

မီဒီယာသမားတွေနဲ့ မီဒီယာအတုတွေကနေ လူတွေကိုဖြဲခြောက်ပြီး စာဖတ်သူများအောင်လုပ်တာ မသင့်လျှော်ပါခင်ဗျား။

Hormones in Meat and Dairy အသားတွေထဲပါနေတဲ့ ဟော်မုန်းဆေး

မေးခွန်းကို ဖုန်းကနေဖတ်စဉ်ကတွေ့ပြီး ဖြေမလို့ ကွန်ပြူတာမှာရှာတာ ခုထိမတွေ့သေးပါ။ ကြက်သားတွေဝယ်တာ စိတ်မချရလို့ ဘယ်ဟာဝယ်ရမလဲ မေးတာ။

၁၃-၂-၂၀၁၆ နေ့့ မေးလို့ Chicken Wings ကြက်တောင်ပံစာရေးထားတယ်။ အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံဆိုတဲ့သတိပေးစာမျိုးတွေကိုလည်း ဖတ်ရပါတယ်။ ကြက်တွေကို ကြီးထွားမှု ပုံမှန်ထက်ပိုစေအောင် Steroids စတီရွိုက်ဆေးထိုးကြပါတယ်။ စတီရွိုက်ဆိုတာ ဟော်မုန်းတမျိုးဖြစ်တယ်။ စတီရွိုက်တွေကိုယ်ထဲရောက်ရင် ကိုယ်ထဲမှာရှိနေတဲ့ ဟော်မုန်းတွေ အချိုးအဆ မမှန်ဖြစ်စေမယ်။ အထူးသဖြင့် အမျိုးသမီးဟော်မုန်း ပိုကဲလာနိုင်တယ်။ ယောက်ျားတွေမှာလည်း မ-ဟော်မုန်းရှိနေတာပါ။

ထိုင်းနိုင်ငံမှာ ကြက်ဖင်စီဘူးစားလို့ ယောက်ျားတွေ ရင်သားထွက်တယ်လို့လည်း ပြောကြတယ်။ စတီရွိုက်ကြောင့် ကိုယ်အလေးချိန် တိုးနိုင်ပါတယ်။ ယူအက်စ်၊ ကနေဒါနဲ့ ဥရောပမှာ ကြက်၊ ဘဲ၊ ဝက်၊ ကြက်ဆင်တွေကို စတီရွိုက် မထိုးဘို့ တားမြစ်ထားပါတယ်။ ကြက်ခြံတိုင်းမှာတော့ မထိုးလောက်ပါ။ အများထင်ကြသလို စတီရွိုက်ထိုးဦးတော့ ကြက်တောင်ပံမှာလာစုတယ်ဆိုတာ မမှန်ပါ။ 

သတိပေးတာတွေက မ-ဟော်မုန်းများသူတွေမှာ သားအိမ်အကျိတ်၊ မျိုးဥအိမ်အကျိတ်ဖြစ်နိုင်ခြေ ပိုများစေတယ်လို့ ဆိုပါတယ်။ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာအထိတော့ သတိပေးတာမရှိပါ။ တခြားဖြစ်နိုင်ခြေရောဂါတွေကိုလည်း သုတေသနတွေ မပြည့်စုံသေးပါ။

အမေရိကန် FDA က စားသုံးတဲ့အသားတွေမှာ steroid hormone စတီရွိုက်ဟော်မုန်းသုံးတာကို ခွင့်ပြုခဲ့တယ်။ Steroid Hormone Implants လို့ခေါ်တယ်။ ကနေ့ ယူအက်စ်အေမှာ သုံးနေတဲ့ စတီရွိုက် ၆ မျိုးရှိတယ်။ estradiol, testosterone, and progesterone သဘာဝစတီရွိုက်တွေနဲ့  estrogen compound zeranol, androgen trenbolone acetate, progestin melengestrol acetate ခေါ်ဓါတ်ခွဲခန်းထုတ် ဟော်မုန်းတွေဖြစ်တယ်။

အဲဒီနောက်မှာ ကျန်းမာရေးသတိပေးစာတွေလည်းမကြာခဏရေးကြတယ်။ ၁၉၇၄ မှာစသုံးခဲ့တဲ့ အမဲသားမှာသုံးတဲ့ DES (diethylstilbestrol) ဆေးနဲ့ဆိုင်တာတွေလည်းပါတယ်။ အဲလိုဟော်မုန်းတွေများရင် လူ့ကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်စေနိုင်တယ်။ Antibiotics ခေါ်ပဋိဗီဝဆေးတွေ သုံးတာကနေလည်း လူ့ကိုယ်ထဲရောက်တယ်။ 

လူမှုရေးကွန်ရက်တွေမှာ ကျန်းမာရေးသတိပေးချက်တွေ ခဏခဏတွေ့ရပါတယ်။ သတိပေးတာတော့ ကောင်းပါတယ်။ ဖတ်ကြည့်ရင် အချက်အလက်မစုံပါ။ ဘာကြောင့် ဘာဖြစ်မယ်ပြောတာလည်း မရေရာပါ။ မီဒီယာသမားတွေနဲ့ မီဒီယာအတုတွေကနေ လူတွေကိုဖြဲခြောက်ပြီး စာဖတ်သူများအောင်လုပ်တာ မသင့်လျှော်ပါ။ အချက်အလက် မှန်တာကိုသာ ရေးသင့်ကြပါတယ်။ ကျွန်တော်ကတော့ ဘယ်ဆိုင်က ဘယ်လိုအသားက ကောင်းတယ် မကောင်းဘူး မရေးနိုင်ပါ။ သုတေသနတွေ လိုတယ်။ သတိထားတာ မမှားပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ