Vitamin B Helps Prevent Insect Bites ဗီတာမင်ဘီ-၁ နှင့် ခြင်ကိုက်မခံရခြင်း

ဆရာဝန်တယောက်ရေးတဲ့ ကွန်မင့် = မင်းသားခြင်နိုင်ဆေးခွေမီးရှို့ထားရင်အနံ့ကအတော်ဆိုးတာ။ မန္တလေးတော့မပြောနဲ့ ရန်ကုန်မှာကိုခြင်လုံခန်းထဲမှာတောင်ခြင်ဘက်တံရမ်းရတယ်။ ဗီတာမင်ဘီဝမ်းစားထားရင် ခြင်မကပ်ဘူးတဲ့၊ သူ့အနံ့မကြိုက်လို့ဆိုပဲ။

ခြင်နှိမ်နင်းရေးအတွက် Vitamin B1 (Thiamin) ဗီတာမင်ဘီ-ဝမ်းကို ဆေးပညာနယ်ပယ်မှာ အမျိုးမျိုးပြောကြပါတယ်။ ဆန်းစစ်မှုရလဒ်တွေက မတူကြပါ။

• ၂ဝဝ၅ ထုတ် Journal of the American Mosquito Control Association မှာရေးထာတာရှိတယ်။ ဗီတာမင်ဘီ သောက်ထားသူအုပ်စု၊ ဗီတာမင်စီသောက်ထားသူအုပ်စုနဲ့ ဘာဆေးမှမသောက်သူအုပ်စု (၃)  စုကို လေ့လာတယ်။ မထူးခားဘူးလို့ ကောက်ချက်ချပါတယ်။

• သိပ်မကြာသေးခင်က ဘရာဇီးလ်မှာ ဗီတာမင်ဘီကို ဖြန်းဆေးလုပ်ပြီး စမ်းခဲ့တယ်။ မထူးဘူးလို့ကောက်ချက်ချတယ်။

• ၁၉၆ဝ ကျော်လာကက သုတေသနတွေအရ ဗီတာမင်ဘီ-ဝမ်းကို နေ့စဉ်နည်းနည်းသောက်တာ ခြင်ကိုက်မခံရ (သက်သာတယ်) လို့သိရပါတယ်။ လူ့အရေပြားအနံ့ကနေ ခြင်ပြေးအောင်လုပ်တာဖြစ်တယ်။

• ဒီဆေးနံ့ကို လူကမရပေမယ့် ခြင်ကအတော်မကြိုက်ပါလို့ Pediatric Clinics of North America, 16:191, 1969 မှာ ရေးသားထားပါတယ်။

• ဘီ-ဝမ်းဆေးပြားကို တနေ့မှာ 25 ကနေ 50mg အထိ ၂ ပါတ်ကြာသောက်ထားရင် ခြင်မကိုက်စေပါလို့လည်း ရေးတာရှိပါတယ်။

• (တဆေး) ခေါ် ကစော်ဖေါက်ရာမှာသုံးတဲ့ Yeast ဆေးပြားမှာ ဗီတာမင်ဘီဝမ်းပါတာများလို့ သုံးနိုင်ပါတယ်။

• Vitamin B1 100mg နေ့စဉ်သောက်နည်းအဖြစ်လည်းသုံးတယ်။ ခြင်ပေါတဲ့ဒေသမသွားခင် ၂ ပါတ် သောက်သင့်တယ်။

• ဘီ-ဝမ်းဆေးပြားနဲ့ရေဖျော်နည်း (ဆေး ၁ဝ ပြား + ရေ ၁ဝဝ စီစီ) ကလည်း နည်းလမ်းတခုသာ ဖြစ်တယ်။ စီစီ = မင်လ်။ တလီတာ = ၁ဝဝဝ စီစီ (မင်လ်)။ ဆေး ၁ ပြား = ၁ဝဝ မီလီဂရမ်။

လူတွေက ခြင်ကိုက်ခံနိုင်တာ မတူကြတာရေးထားပြီးပြီ။ ကိုယ်နံ့မတူလို့ပါ။ ဘီ-ဝမ်း သောက်တာလည်း အနံ့ကို ပြောင်းစေတာသာဖြစ်တယ်။ ဘီ-ဝမ်းဖျော်ထားတာကလည်း လေနံ့ ပြောင်းစေတာဖြစ်ပါတယ်။

ကျွန်တော်ရေးတဲ့ ခြင်နှိမ်နင်းရေးစာဟာ B1 ဆေးရောင်းချင်လို့ရေးတဲ့ ဆေးကြာ်ငြာမဟုတ်ပါ။ ရမ်းကုနည်းလည်းမဟုတ်ပါ။ အာမခံချက်နဲ့ရေးတာလည်း မဟုတ်ပါ။

Vitamin B Helps Prevent Insect Bites https://independentdoctor.co.uk/news/vitamin-b-helps-prevent-insect-bites/

The Claim: Vitamin B Can Ward off Mosquitoes https://www.nytimes.com/2008/08/12/health/12real.html

Vitamin B1 is Not a Mosquito Repellent. So Why Do Doctors Prescribe It? https://entomologytoday.org/2022/11/21/vitamin-b1-not-mosquito-repellent/

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ