Diabetes Diet ဆီးချိုအတွက် အစားအသောက်များ
(ပြုပြင်ရေးသားထားပါတယ်)
ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိက အစာအုပ်စု (၃) မျိုး
(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ နဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။
- ပင်မအစားအစာတွေမှာ ဆန်ဖြူထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကျတယ်။
- ပဲပုပ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပတ်၊ (နောက်ရေးတာတွေမှာ အချို ပိုများတယ်။)
- ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ (နောက်ရေးတာတွေမှာ အချို ပိုများတယ်။)
- နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊ (နောက်ရေးတာတွေမှာ အချို ပိုများတယ်။)
- သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊ (နောက်ရေးတာတွေမှာ အချို ပိုများတယ်။)
- ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်။ (နောက်ရေးတာတွေမှာ အချို ပိုများတယ်။)
ဆီးချိုအတွက် အစားအသောက်များ အဆက်
အရင်တင်ပြထားတာ ကြာပြီ။ ပြန်တင်တော့ မေးကြတယ်။ မေးလည်း မေးစရာ ဖြစ်ပါတယ်။ တချို့တင်ပြချက်တွေက မရှင်းမလင်းဖြစ်နေခဲ့တယ်။ ဆောရီး။
ဆီးချိုအတွက် အသင့်တော်ဆုံး သစ်သီး၁၁ မျိုး
1. သံပရာသီး၊ ရှောက်သီး
2. ရက်စ်ဘယ်ရီ
3. စထောဘယ်ရီ
4. ဘလက်ဘယ်ရီ
5. ကီဝီ
6. ရှောက်ပန်းသီး (ကျွဲကောသီး)
7. ထောပတ်သီး
8. ဖရဲသီး
9. သခွားသီး
10. လိမ္မော်သီး၊ ကမ္ဗလာသီး
11. သစ်တော်သီး
နွားနို့နှင့် အချိုဓာတ် (၈ အောင်စစီမှာ)
Calories Carbohydrates (total) Sugars Fat (total) Protein
1. Cow’s milk (whole) 150 12 g 12 g 8 g 8 g ရိုးရိုး
2. Cow’s milk (1%) 110 12 g 12 g 2 g 8 g ၁%
3. Cow’s milk (skim) 80 12 g 12 g 0 g 8 g အဆီထုတ်
4. Almond milk (unsweetened) 40 1 g 0 g 3 g 2 g အချိုအနည်းဆုံး။
5. Soy milk (unsweetened) 80 4 g 1 g 4 g 7 g ပဲနို့
6. Rice milk (unsweetened) 120 22 g 10 g 2 g 0 g အချိုအများဆုံး။
7. Coconut milk beverage (unsweetened) 50 2 g 0 g 5 g 0 g အုန်းနို့
သစ်ဥသစ်ဖုများ
ကညွတ်၊ ဘရိုကိုလီ ခေါ် ပန်းမုန်လာအစိမ်းရောင်၊ ပဲသီးစိမ်းအမျိုးမျိုး၊ မှို၊ မုနလာဥဖြူ၊ မုန်လာဥနီ စားသုံးနိုင်သည်။
ကစွန်းဥသည် အာလူးထက် အချိုဓာတ် ၄ ဆများ၏။
ဆီးချိုအတွက် သင့်တော်သော ပဲအမျိုးမျိုး
1. ကုလားပဲလုံး
2. ပဲရာဇာ (ပဲနီလေး)
3. ပဲလုံးစိမ်းလုံး
4. စွန်တာနီ
5. ပဲပုပ်
6. စွန်တာနီအကြား
7. ပဲစာဥ
8. စွန်တာပြာ
သတိပေးချက် -
၁။ ဆီးချိုရှိသူတွေမှာ သွေးတိုးလည်း တွဲရှိသူ မနည်းပါ။ ကိုလက်စထော ခေါ် အဆီဓါတ်များသူတွေလည်း ပါတယ်။ တချို့ဆို ဂေါက်ရောဂါပါ တွဲနေသေးတယ်။ ရှိသမျှရောဂါတွေကိုပါ သတိထားရမယ်။
၂။ အစားအစာနဲ့ဆိုင်တဲ့ရောဂါ ရှိမှန်းသိကတည်းက လူနေမှုပုံစံ ပြင်ရပါတော့မယ်။ အမေမွေးသလို မဟုတ်တော့ပါ။
၃။ ဆရာဝန်ညွှန်ထားတဲ့ ဆေးတွေ လိုမယ်။ ကိုယ်လက်လှုပ်ရှားမှု လိုတယ်။
၄။ စားရာမှာ မတည့်တာတွေများသလို တည့်တာတွေလည်း မနည်းပါ။
၅။ သွေးထဲကသကြားဓာတ်ဟာ စားလိုက် သောက်လိုက်တာနဲ့ တက်လာတယ်။ အချိန်ကြာလေ ပြန်ကျလေ။ ထပ်စား ထပ်တက်မယ်။
၆။ အသင့်အတင့်စားနိုင်တယ်ဆိုတာတွေကိုလည်း ပမာဏ ချင့်ချိန်ရမယ်။
၇။ အချိုဓာတ် များလွန်းတာတွေကို ရှောင်ပါလေ။
၈။ ဖေ့စ်ဘွတ်ကနေ ဗမာလိုရေးတာတိုင်းကို မယုံပါနဲ့။
A1C (HbA1c) test ဆီးချိုအတွက် https://dr-tint-swe.blogspot.com/2021/04/a1c-hba1c-test.html
Diabetes ဆီးချို https://dr-tint-swe.blogspot.com/2021/05/diabetes.html
Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ https://dr-tint-swe.blogspot.com/.../diabetes...
Blood sugar levels ဆီးချိုစစ်ခြင်း https://dr-tint-swe.blogspot.com/.../blood-sugar-levels.html
Diabetes diet ဆီးချိုအတွက်အစားအစာများ https://dr-tint-swe.blogspot.com/2021/04/diabetes-diet.html
Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို https://dr-tint-swe.blogspot.com/.../gestational-diabetes...
Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ https://dr-tint-swe.blogspot.com/.../diabetic-neuropathy...
Metformin ဆီးချိုစားဆေး ဘယ်လိုပေး https://dr-tint-swe.blogspot.com/2021/05/metformin.html
Diabetic food ဆီးချိုနဲ့ အစားအသောက် https://dr-tint-swe.blogspot.com/.../05/diabetic-food_7.html
ဆီးချိုရှိလျက် အသက် ၁၂ဝ ရှည်ပါစေ။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment