My Two Cents တတ်သလောက် မှတ်သလောက်
ကင်ဆာကို ရောင်းစားနေကြသူများပို့စ်အောက်မှာ ကွန်မင့်တခုလာပါတယ်။
မင်္ဂလာပါခင်ဗျာ ဆရာသိသလောက် တတ်သလောက်မှတ်သလောက်ကို စာနဲ့ပဲရေးဖြေစေချင်ပါတယ် Link တွေအများကြီးချပေးတော့ တကယ့်တောသူတောင်သား ဝေဒနာရှင်တွေ အခက်တွေ့ပါတယ်
ကျွန်တော်လည်း တောသား။
ကင်ဆာလင့်ပေါင်း ၇၇ ခုပေးထားတယ်။ အဲတာ ကင်ဆာရောဂါအကြောင်း အကုန်မဟုတ်သေးပါ။ မေးလာတာတွေကို ဖြေဖို့သာ ရေးထားတယ်။
ဆေးပညာစာအများဆုံးပါတဲ့ ဘလော့မှာ စာပုဒ်ရေပေါင်း ၉၆၄၉ ခုတင်ထားတယ်။ အဲတာလည်း အသိပညာသုတမှာ နှမ်းတစေ့လောက်သာရှိမယ်။
ကင်ဆာဖြစ်ဖြစ် တုပ်ကွေးဖြစ်ဖြစ် ဖေ့စ်ဘွတ် ကွန်မင့် ရေးသလောက်နဲ့တော့ မဖြေဘဲနေတာက ပိုသင့်ဦးမယ်။
အဲတာ တောသားဆရာဝန် သိသလောက် တတ်သလောက် မှတ်သလောက်သာ။ တတ်သလောက် မှတ်သလောက်ကို အင်္ဂလိပ်လို ၂ ဆင့်လို့ခေါ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၅-၂-၂၀၁၈
Comments
Post a Comment