Nivolumab ကင်ဆာထိုးဆေးအကြောင်း

"ကင်ဆာ ၁၅ မျိုးကို ကုသနိုင်သည့် ဆေးထိုးကုထုံးအသစ်ကို အင်္ဂလန်တွင် တရားဝင် စတင်အသုံးပြု" ဆိုတဲ့သတင်းကို တယောက်ပြီးတယောက်က တင်နေကြပြန်တယ်။ အရင်ကလည်း အဲလိုဘဲ တယောက်ပြီးတယောက်က တင်ခဲ့ကြသေးတယ်။

ကျွန်တော်က ၆-၅-၂၀၁၅ နေ့ကတည်းက တင်ထားတယ်။ သတင်းစတင်ထွက်ခဲ့တာက ၁-၅-၂၀၂၅။

ပြန်လည်တင်ပြပါဦးမယ်။

မင်္ဂလာပါ ဆရာရှင့် ကျမက ရင်သားကင်ဆာဂရုရဲ့ admin ပါ Gp ထဲမှာ ကင်ဆာ ၁၅မျိုး ပျောက်တဲ့ဆေးဆိုပြီး share နေကျတာ တွေ့နေရပါတယ်၊ ဆေးရောင်းတဲ့သူကလည်း သူ့မှာရှိတယ်ဆိုပြီး ရောင်းနေပါတယ်၊ တချို့ လူတွေကတော့ ကင်ဆာဆေးဟာ ကိုက်ခဲပျောက်ဆေးလို ကိုယ့်သဘောနဲ့ ဝယ်သုံးလို့မရဘူးဆိုတာ သိကြပါတယ်၊ ကင်ဆာသမားအများစုကတော့ ကောက်ရိုးတမျှင်လည်း ဖမ်းဆွဲချင်တာမို့ ဒီဆေးကို ဝယ်သုံးချင်နေကြပါတယ်၊ အမှားအယွင်းတွေ ဖြစ်ကုန်မှာ စိုးရိမ်လို့ပါ၊ ဆရာ့ကို ဒီဆေးအကြောင်းလေး ရေးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။

မေးတဲ့အတွက် ကျေးဇူး။

- May 06, 2025 နေ့က တင်ထားသေးတယ်။

Nivolumab is a monoclonal antibody that binds to PD-1 (programmed death-1) on T-cells. The jab can be used to treat 15 cancer types, including skin cancer, bladder, and oesophagus, and means treatment can be administered in five minutes instead of up to an hour via an IV drip.May 1, 2025

မြန်မာလိုရေးတင်ထားတာတခု တွေ့ပါတယ်။ ကင်ဆာ ၁၅ မျိုးအတွက် လူနာပေါင်း ၁ သိန်းကျော်ကို ဆေးထိုးပေးနေပြီ။

သေချာအောင် မူရင်းသတင်းကို လိုက်ရှာပါတယ်။

In England, the NHS is rolling out an injectable form of the immunotherapy drug nivolumab for 15 different cancers.

အင်္ဂလန်တွငNHS သည် အမျိုးမျိုးသောကင်ဆာ ၁၅ မျိုးအတွကimmunotherapy ဆေး nivolumab ထိုးဆေးပုံစံကို ဖြန့်ချိနေသည်။ ဆေးထိုးခြင်းအတွက်စီမံချိန် ၃-၅ မိနစ်ကြာသည်။ ဤထိုးဆေးအသစ်သည် သွေးပြန်ကြောထဲသွင်းပေးရပါက တနာရီအထိ ကြာနိုင်သည်။ လူနာအတွက် စောင့်ဆိုင်းချိန်ကို လျှော့ချရန်နှင့် လူနာများ အဆင်ပြေစေရန်အတွကရည်ရွယ်ပါသည်။

ဆေးအမျိုးအမည် = Nivolumab ဆေး

အမျိုးအစား = Immunotherapy ခုခံအားကုထုံးဆေး

ဆေးပေးနည်းလမ်း = ကြွက်သားထိုးဆေး (အရေပြားအောက်ထိုးဆေး)။

ကုသနိုင်သညကင်ဆာအမျိုးအစားများ = အဆုတ်၊ အူသိမ်အူမ၊ ကျောက်ကပ်၊ ဆီးအိမ်၊ အစာမျိုပြွန်၊ အရေပြားနှင့် ဦးခေါင်းနှင့်လည်ပင်းကင်ဆာအပါအဝင် ကင်ဆာ ၁၅ မျိုးအတွက် သင့်လျော်သည်။

အခြားသော Immunotherapy ဆေးဝါးများ = Atezolizumab နှင့် pembrolizumab တို့သည်လည်း ခုခံအားကုထုံးဆေးများဖြစ်သည်။

မှတ်ရန်

သတင်းတင်ပြထားတာကိုသာဖတ်ရင် ကင်ဆာ ၁၅ မျိုးအတွက် လူပေါင်းသိန်းကျော်ကို ကာကွယ်ဆေး ထိုးပေးနေသလိုလို ထင်စေနိုင်ပါတယ်။ ကုသဆေးသာဖြစ်ပါတယ်။ ကင်ဆာတိုင်းအတွက်လည်း မဟုတ်ပါ။

Nivolumab ဆေးကို Opdivo အမည်နဲ့လည်းရောင်းတယ်။ လူနာရဲ့ ခုခံအားစနစ်ကနေ ကင်ဆာဆဲလ်တွေကို မှတ်သားမိစေမယ်။ PD-1 ပရိုတင်းကို ဘလော့လုပ်ပြီး ကင်ဆာဆဲလေ်တွေကို သေစေမယ်။

ကင်ဆာကာကွယ်ဆေး မဟုတ်။ ကင်ဆာတိုင်းတွက် မဟုတ်။ ကင်ဆာအထူးကုဆရာဝန်က ဆေးနဲ့ သင့် မသင့် လမ်းညွှန်ပါမယ်။

အသစ်ပေါ်လာခြင်းဟာ ဆေးထိုးရချိန် သက်သာလာလို့ဖြစ်ပါတယ်။

1 May 2025

NHS England rolls out injectable immunotherapy for 15 cancers https://www.ddw-online.com/nhs-england-rolls-out-injectable-immunotherapy-for-15-cancers-34735-202505/#:~:text=Nivolumab%20is%20a%20monoclonal%20antibody,hour%20via%20an%20IV%20drip.

The Tyranny of Medical Progress. On Nivolumab, Injection Lines and Trust | by Omondi Ochuka |

ကျန်းမာရေးနဲ့ ဆေးပညာသတင်းတွေကို ဘယ်တုန်းက၊ ဘယ်မှာ၊ ဘယ်လို တိတိကျကျရေးသားရပါမယ်။ မြန်မာလို ရမ်းရေးတာတွေသာ များနေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ