စဉ်းစား၊ ဆင်ခြင်၊ တွေးတောမှု မှန်ကန်အောင် ကြိုးစားကြရပါမယ်

မေးခွန်းတခု = ရဲယိုရွက်ကိုရောနေ့တိုင်းစားပေးသင့်လားဆရာ

ပြန်စာ

သုတေသန မရှိ။ အရွက်ရောင်းသူတွေက တင်နေကြတယ်။

လူတွေစားတဲ့ အရွက်တွေ အကုန်ကောင်းပါတယ်။ ဘယ်သူမှ တမျိုးတည်းကို နေ့တိုင်းတော့ မစားကြပါ။

စောစောကလည်း မုန်လာဥနီ ကောင်းတယ်ဆိုလို့ နေ့တိုင်းဖျော်သောက်တဲ့အကြောင်း ဖြေရသေးတယ်။ များသွားရင် ဂျွန်း၏ဒစ် ခေါ် အသားဝါ ဖြစ်မယ်။

ဒီနေ့မှာဘဲ ဗီတာမင်စီ များလွန်းရင် မကောင်းပါကြောင်း ဖြေရသေးတယ်။

မြန်မာလိုရေးတဲ့ ကျန်းမာရေးအသိပေးစာတွေက မှန်တာ ရှားတယ်။ ဆေးသုတေသန မရှိ။

ကိုဗစ်တုန်းက ငှက်သိုက်၊ ငှက်သိုက်၊ ငှက်သိုက် ဆိုပြီး ပိဿာချိန် ဘယ်နှစ်သိန်းရောက်လိုက်ရ မပြောတတ်။ ကိုဗစ်မွေးတဲ့ တရုပ်ပြည်မှာ ဘယ်သူမှ မသုံး။

နောက်တမျိုး

ကုန်သည် ဈေးသည်တွေနဲ့ မတည့်သူတွေက ဟိုကင်ဆာ ဟိုဟာမစားနဲ့၊ ဒီကင်ဆာ ဒီဟာမစားနဲ့။

သုတေသနမရှိတာကို ကောင်းတယ်၊ ဆိုးတယ် မပြောရပါ။

ဘယ်အရာမဆို အတိုင်းအဆ လိုတယ်။

လူတွေက တယောက်နဲ့တယောက် ကိုယ်ခံကျန်းမာရေးနဲ့ မျိုးဗီဇစနစ် မတူပါ။

အခုခေတ်မှာ လူနာတဦးချင်းအတွက် ဆေးပေးနည်းတွေ စတင်ပေါ်လာနေပြီ။ ကင်ဆာအမျိုးအစားတူတိုင်းကို ဆေးတမျိုးတည်း၊ ဆေးအလေးချိန်တသမတ်တည်း မပေးတော့ပါ။

သတင်းမှန်ကို ဘယ်နေရာကရှာရမလဲ သိရမယ်။

စဉ်းစား၊ ဆင်ခြင်၊ တွေးတောမှု မှန်ကန်အောင် ကြိုးစားကြရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ