Ankle edema ခြေမျက်စိရောင်ခြင်း

(ခြေထောက်ပုံအတွကကန်တော့)

မေးခွင့်ပြုပါဆရာ ကျား/အသက် ၂၂ နှစ်ပခြေမျက်စိ တဝိုကနဲ့ ​ခြေဖမိုး က ခိုက်မိတာမရှိဘဲ ​ရောင်​နေပါတယ်ဗျ။ ဘာ့​ကြောင့်ပါလဲခင်ဗျာ။ ​သောက်ရမည့်​ဆေးနှင့် ​ဆောင်ရန်​ရှောင်ရန်များကိုလည်းသိလိုပါသည်ခင်ဗျာ။

ဖြစ်တာ ဘယ်လောက်ကြာ။ တဖက်တည်းလား နှစ်ဖက်လား။

တပတ်​လောက်ရှိပြီဆရာ။ နှစ်ဖက်လုံးဗျ၊ ဒီ​နေ့ မျက်နှာပါ ​ရောင်လာပါတယ်ဗျ။

Ankle edema ခြေမျက်စိရောင်ခြင်း

အဖြစ်များ အကြောင်းခံများ

ရပ်နေရတာအချိန်ကြာခြင်း

ထိခိုက်မိခြင်း

ကိုယ်ဝန်

အဝလွန်ခြင်း

အချို့ဆေးများ၏ ဘေးထွက်သက်ရောက်မှု (ဥပမာ အနာအကိုက်သက်သာဆေးတချို့)

ဆား အငန်များသောအစားအသောက်

ရောဂါများ

Venous insufficiency သွေးပြန်ကြော မလုံလောက်မှု

နှလုံး၊ ကျောက်ကပ်၊ အသဲရောဂါများ

Deep vein thrombosis ခေါ် အတွင်းသွေးပြန်ကြောပိတ်ခြင်း

Lymphedema သွေးပြန်ကြောထိခိုက်မှု

ရောဂါပိုးဝင်ခြင်း

စမ်းသပ် စစ်ဆေးမှာသာ အကြောင်းခိုံ့ သိနိုင်။ ဆီးထဲမှာ အနယ်၊ သွေး စသည် ပါမပါ စစ်နိုင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ