နှစ်ချို့အသုံးစကား


ကွန်မင့် = နှစ်ချို့မယ်ဇလီဖူးသုပ်ပေါ့ ဆရာ။

နှစ်ချို့အသုံးစကား ဒီနေရာမှာ မမှန်လောက်ပါ။ နှစ်ချို့ဆိုတာ ရက်စွဲလွန်တာကို ခေါ်တယ်။ ဥပမာ ဆန်ဆိုရင် ပေါ်စဆန်ထက် အရင်နှစ်ကလက်ကျန် သိမ်းထားတဲ့ဆန်က ချက်လို့ ပိုကောင်းတယ်။ နှစ်ချို့လို့ မပြောကြပါ။

ကွန်မင့် = အဲ့ဒီတော့ ဘယ်လိုသုံးရမတုန်းဆရာ။ နှစ်လက်ကျန်လို့သုံးရမှာလား နှစ်ဆွေးလို့သုံးရမှာလား နှစ်အောက်လို့သုံးရမှာလား နှစ်ချို့မသုံးရဘူးဆို အသုံးတော့ရှိမှာပေါ့။

ပြန်စာ

နှစ်ချို့စာလုံးကို အဘိဓာန်ကဖွင့်ဆိုတာကို တင်ပြလိုက်ပါတယ်။

နှစ်ချို့ = တနှစ်ကာလ အပိုင်းအခြားကို ကျော်လွန်တည်ရှိသော။

အရပ်သုံးစကားမှာတော့ အရင်နှစ်ကသုံးစွဲရမဲ့အရာကို နောက်တနှစ်အထိ သုံးတာမျိုးကိုလည်း နှစ်ချို့လို့ ခေါ်ကြတယ်။ အများအားဖြင့်တော့ နှိမ်ပြောတဲ့သဘော။

အဝတ်အစား၊ ဒီဇိုင်း၊ ဖက်ရှငစတာတွေ ခေတ်နောက်ကျသွားရင်လည်း နှစ်ချို့သွားပြီလိုပြောလေ့ရှိတယ်။ ဒိတ်အောက်ပြီ လို့လည်း ပြောတတ်ကြတယ်။

ဆေးပညာအလို ပြောဦးမယ်။

သက်ရှိအရာတွေကို သတ်မှတ်ထားတဲ့ အအေးဒီဂရီအတိုင်းထားသိုနည်း ရှိတယ်။ နောင်တချိန်မှာ သုံးလို့ရအောင် သိုမှီးထာတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုလည်း တခုချင်းစီအတွက် သတ်မှတ်ထားတာတွေ ရှိတယ်။ ဒီစာမှာ တိုတိုသာထည့်ရေးပါမယ်။

Deep cold storage of living tissues တစ်ရှူးတွကို အေးခဲသိမ်းဆည်းထားခြင်း

ဆေးတွေနဲ့ သုတေသနသုံးတွေကို ထားတယ်။

Cryopreservation or cryoconservation နည်းလို့ ခေါ်တယ်။ (80 °C (112 °F) or 196 °C (321 °F) အအေးချိန်မှာထားရတယ်။

Foods စားစရာများ

Deep cold storage လို့ ခေါ်တယ်။ from \(-18\degree C\) to \(-40\degree C\) (0°F to -40°F) မှာ ထားရတယ်။ နည်းစနစ်ကျရင် နဂိုအရည်အသွေး မနည်းစေပါ။

အစားအသောက်တွေ အမျိုးအစားအရ ရက်ခံတာ မတူကြပါ။ စာရင်းအပြည့်အစုံတော့ မထည့်တော့ပါ။

စားလို့မကုန်သေးတဲ့အသားကို ၃-၄ ရက်ထားနိုင်တယ်။ ဝက်အူတောင့် ၁ ပတ်။

Family Friendly Chest Freezer ဖရီဇာထဲမှာတော့ လတွေကြာသည်အထိ သိမ်းထားနိုင်တယ်။

အသားတွေ ၂-၆ လ။

အသီးနဲ့ ဟင်သီးဟင်းရွက်တွေ ၈-၁၂ လ။

ဒီအရပ်မှာ ချဉ်ပေါက်ရွက်ကို အဲလို နှစ်ပေါက်သိမ်းထားကြပါတယ်။

ကနေ့စားတဲ့ မယ်ဇလီဖူးလည်း မနှစ်ကတည်းက freezer ဖရီဇာထဲမှာ သိမ်းထားတာ။

အစားအသောက်တွေကို ထားတတ်ရင် ခဏခဏထွက်ဝယ်နေစရာမလို။ တခါတည်းများများဝယ်ရင် ဈေးလည်း သက်သာတယ်။ ရာသီချိန်မဟုတ်လည်း စာသုံးလို့ရတယ်။

အိမ်မှာ လက်ပံပွင့်ခြောက်လည်း ရှိတယ်။ ဟင်းငုတ်ပွင့်ခြောက်၊ ကြောင်ရှာပွင့်ခြောက် စတာတွေကိုလည်း သိမ်းထားတယ်။

အထားအသို အသိမ်းအဆည်းကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ